Home » » မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများစုနေရပ်သို့ ပြန်လည်ရောက်ရှိ

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများစုနေရပ်သို့ ပြန်လည်ရောက်ရှိ

Written By နေဇော်လင်း1 on Saturday, May 8, 2010 | 1:58:00 PM


Photo ; google
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ ပြန်လည်ရောက်ရှိလာကြရာတွင် မြန်မာ-မလေးရှား နှစ်နိုင်ငံတာဝန်ရှိသူများ၏ စီစဉ်ပေးမှုဖြင့် မလေးရှားနိုင်ငံတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော မြန် မာနိုင်ငံသားများလည်း ပါဝင်ပြီး၊ တရားဝင်နေထိုင်ခွင့် ကုန်ဆုံးသူများလည်း ပါဝင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိဝန်ဆောင်မှု လုပ်ငန်းအများစုတွင် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားစသည့် ရွှေ့ပြောင်းလုပ်သားများ အများဆုံးလုပ်ကိုင်ကြရာ မလေးရှားအစိုးရ၏ ထပ်မံတိုးမြှင့်လိုက်သည့် ဥပဒေများအရ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများမှာ နေရပ်သို့ ပြန်လာရဖွယ်ရှိကြောင်း မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ သိရှိရပါ သည်။

ဆက်လက်နေထိုင်လိုပါက အလုပ်ဆက်လုပ်ကိုင်ခွင့် ပါမစ်သက်တမ်းရှိသူများမှအပ တရားမ၀င်နေထိုင်ခြင်း(Over Stay) အနေဖြင့်သာ နေထိုင်ရပြီး ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သော စားသောက်ဆိုင်၊ ဟိုတယ် နှင့်အရောင်းဆိုင်များရှိ အရောင်းဝန် ထမ်းနေရာများအစရှိသည့် ပြည်သူ လူထုနှင့်တိုက်ရိုက်ဆက်ဆံရသည့် လုပ်ငန်းများအား နိုင်ငံသားများဖြင့် အစားထိုးလုပ်ကိုင်လာကြကြောင်း သိရှိရပါသည်။



''အရင်ကစားသောက်ဆိုင်၊ ဟို တယ်တွေက စားပွဲထိုးတွေ ဧည့်ကြိုတွေကိုမီးဖိုချောင်လုပ်ငန်း၊ သန့်ရှင်းရေးလုပ်ငန်းစတဲ့ Public နဲ့မထိတွေ့ရတဲ့နေရာတွေကို ပြောင်းရွှေ့ပစ်ပါတယ်၊ လုပ်ငန်းသဘာဝအရ နေရာတွေမလောက်ငလို့ ကျန်နေတဲ့သူတွေ၊ အလုပ်ပါမစ်သက်တမ်း ကုန်ဆုံးသူတွေကို ထပ်ပြီးသက်တမ်းမတိုးပေးတော့ပဲ နေရပ်ကိုပြန်ခိုင်းပါတယ်၊ အဆင်သင့်တဲ့သူတွေကတော့ ပြန်လာကြပြီး အကြောင်းအမျိုးမျိုးကြောင့် မပြန်နိုင်သေးတဲ့သူတွေကတော့ တရားမ၀င်(Over Stay) အနေ နဲ့ အန္တရာယ်ကြားထဲမှာပဲ ရရာအလုပ်ဝင်လုပ်ပြီး နေထိုင်ကြရတာတွေ လည်းရှိပါတယ်''ဟု မကြာသေးမီ က ပြန်ရောက်လာသူ ကိုဇော်ဝင်းက ပြောပြပါသည်။

ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ရုံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းအစ ရှိသည့် ၀န်ဆောင်မှုလုပ်ငန်းနှင့် မသက်ဆိုင်သည့် နေရာများတွင် ၅နှစ်နှင့်အောက် သက်တမ်းနု နေထိုင်သူများအား လုပ်ရည်ကိုင်ရည် အရ ဆက်လက်၍ အလုပ်ပါမစ် သက်တမ်းတိုးပေးသော်လည်း ၅ နှစ် နှင့်အထက် သက်တမ်းရှိပြီး လုပ် သားများအား ထပ်မံတိုးပေးခြင်းမရှိကြောင်း သိရှိရပါသည်။

''မြန်မာ-မလေးရှားနှစ်နိုင်ငံ တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းစီစဉ်မှုနဲ့ မလေးရှားမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာအလုပ်သမားတွေကို အသုတ်တွေခွဲပြီး စနစ်တကျလွှဲ ပြောင်းပေးပို့လို့ မြန်မာပြည်ကိုပြန်လည် ရောက်ရှိလာတဲ့ သူတွေရှိသလို တရားမ၀င်နည်းလမ်းနဲ့ ပြန်လာရတဲ့ သူတွေလည်းရှိပါတယ်၊ အလုပ်သမားပြန်ပို့တာကတော့ Crisis မဖြစ်မီထဲက သက်တမ်းကြာအလုပ်သမား တွေနဲ့ တရားမ၀င်နေထိုင်သူတွေကို အလုပ်ရှင်တွေက ပြန်ခေါ်မယ်ဆိုပြီး နေရပ်ကို ပြန်ခိုင်းတာတွေရှိခဲ့ဖူးပါ တယ်၊ တချို့အလုပ်ရှင်တွေက အမှန်တကယ် ပြန်ခေါ်တဲ့သူတွေရှိသလို အခုချိန်ထိ အလုပ်ရှင်တွေပြန်ခေါ်မယ့် အချိန်ကိုစောင့်နေတဲ့သူ တွေလည်းရှိပါတယ်''ဟု နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံး၍ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသူ ကိုမိုးကျော်သူက ပြောကြားသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။