Home » » ရန်ရန်ချမ်းနှင့် ဝေလွင်ဦးတို့၏ မင်္ဂလာဧည့်ခံပွဲ ကျင်းပ

ရန်ရန်ချမ်းနှင့် ဝေလွင်ဦးတို့၏ မင်္ဂလာဧည့်ခံပွဲ ကျင်းပ

Written By နေဇော်လင်း1 on Tuesday, April 20, 2010 | 4:21:00 PM


ဟစ်ဟော့ပ်အဆိုတော် ရန်ရန်ချမ်းနှင့် မဝေလွင်ဦး(ခ)ချီလီတို့၏ မင်္ဂလာဧည့်ခံပွဲကို ဧပြီလ ၄ ရက် တနင်္ဂနွေနေ့က ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်တွင်
ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ မင်္ဂလာဧည့်ခံပွဲတွင် ရဲလေးနှင့် ဘိုလေးတို့က သတို့သား အရန်များအဖြစ် ဆောင်ရွက်ပေးခဲ့ကြပြီး သတို့သမီးအရန်များအဖြစ် စန္ဒီမြင့်လွင်နှင့် ဂျင်းနီ၊ မင်္ဂလာပန်းကြဲအဖြစ် ချစ်သုဝေနှင့် မင်္ဂလာလက်စွပ် ဗန်းကိုင်အဖြစ် ဧရီရယ်သုတတို့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါမင်္ဂလာဧည့်ခံပွဲတွင် မင်္ဂလာ အခမ်းအနားမှူးအဖြစ် တင်မိုးလွင်က ဆောင်ရွက်ခဲ့ပြီး မင်္ဂလာအခါတော်ပေး သီချင်းကို တေးသံရှင် ဟေမာနေ၀င်းက သီဆိုပေးခဲ့သည်။

ထို့ပြင် Plus Three တေးဂီတ အဖွဲ့နှင့်အတူ တေးသံရှင်များဖြစ်ကြသည့် ဆောင်းဦးလှိုင်၊ ဟေမာနေ၀င်း၊ ကော်နီ၊ ငယ်ငယ် ၊ အိမ့်ချစ်၊ မေစပယ်ညို၊ Nကိုင်ရာ စသူတို့က သီဆိုဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ရန်ချမ်းနှင့် ချီလီတို့၏ မင်္ဂလာဧည့်ခံပွဲသို့ အနဂ္ဂ၊ စိုင်းစိုင်းခမ်းလှိုင်၊ ယုန်လေး၊ Too Big အဖွဲ့၊ Ah Boy နှင့် စင်ဒီ၊ လင်းပင်ဟိန်း၊ သားစိုးနှင့် ဇနီး၊ ထွန်းထွန်း စသူတို့အပြင် ဒါရိုက်တာမိုက်တီး၊ မျိုးကျော့မြိုင်၊ မျိုးမျိုးနှင့်ဇနီး၊ ဟန်ဇာမိုးဝင်း၊ Lလွန်းဝါ၊ Cobra နှင့် ဇနီး၊ အဲလက်စ်နှင့် ဇနီး၊ ဆန်းထွဋ်၊ မောင်မောင်အေး၊ ဟန်ထူးလွင်နှင့် ဇနီး၊ ဂျီလတ်၊ ကောင်းမြတ်၊ သဇင်၊ ငယ်ငယ်၊ ရတနာခင်တို့ ဇနီးမောင်နှံ၊ သီရိဆွေ၊ ဇမ်နူး၊ ဂန္ထ၀င်စသည့် အနုပညာ ရှင်များလည်း တက်ရောက် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။