Home » » မဟာချိုင်မှ မြန်မာ အလုပ် သမားများ စုပေါင်း အလှူပွဲ ကျင်းပ

မဟာချိုင်မှ မြန်မာ အလုပ် သမားများ စုပေါင်း အလှူပွဲ ကျင်းပ

Written By မောင်စေတနာ on Tuesday, April 13, 2010 | 9:56:00 PM


ဘန်ကောက် အနီး မဟာချိုင်မြို့ ရှိ ဘုန်းတော်ကြီး ကျောင်း ၃ ကျောင်းတွင် မြန်မာ အလုပ်သမားများ စုပေါင်းပြီး ဒုလ္လဘ ရဟန်းခံ ၊ ရှင်ပြု ၊ သီလရှင် နှင့် ယောဂီများ အဖြစ် အသွင် ကူးပြောင်းပြီး သင်္ကြန်တွင်း တရားစခန်းဖွင့် အလှူပွဲကြီးကို ကျင်းပခဲ့ကြကြောင်း သိရသည်။ သက်တော် ၈၀ ကျော် ထိုင်း ဘုန်းတော်ကြီး နှင့် ရွှေတွံတေး ဆရာတော်တို့က ဦးစီးပြီး မဟာချိုင်မြို့ စွယ်စစ်စောင် (၁၂) လမ်းရှိ ၀တ်ခေါင်မရိယ ဘုန်းတော်ကြီး ကျောင်းတွင် ဒုလ္လဘ ရဟန်း အပါး ၁၀၀ ၊ သီလရှင် ၄၇ ပါး နှင့် ယောဂီ ပုဂ္ဂိုလ် (ကျား/မ) အပါး ၃၀၀ တို့ လူဝတ်ကြောင် လဲလှယ် ကြသည်။ ဒုတိယ ဆေးပေါင်း ကျာင်းတွင် ဒုလ္လဘ ရဟန်း ၅၃ ပါး ၊ ကိုရင် ၇ ပါး နှင့် သီလရှင် ၅၁ ပါး တို လူဝတ်ကြောင် လဲကြသည်။ မြန်မာများ ဆုတောင်းပြည့် စေတီ တည်ထား ကိုးကွယ် ထားသည့် ၀တ်ဟုန် ဘုန်းတော်ကြီး ကျောင်းတွင် ဒုလ္လဘ ရဟန်း ၅၇ ပါး ရဟန်း ၀တ်ကြ သည်။


ပွဲဖြစ်မြောက်အောင် စီစဉ်သူများ ဖြစ်သည့် ကိုအောင်ကျော် ၊ ကိုကျော်လှစိုး ၊ ကိုစောမောင် နှင့် ကိုနိုင် တို့ က “ မြန်မာ လူမျိုး တွေဟာ ဗုဒ္ဓဘာသာ အပေါ်မှာ ဘယ်လောက်ထိ အလေး အမြတ် ထားတယ် ၊ ရိုးရာ ယဉ်ကျေးမှု တွေကို ဘယ်လောက် အထိ ထိန်းသိမ်း စောင့် ရှောက်တယ် ဆိုတာ တွေကို အခြား လူမျိုးတွေ သိစေချင် တာက တပိုင်း၊ မိရိုး ဖလာ အစဉ် အလာကောင်း တွေကို ဘယ်လောက် တန်ဘိုး ထားတယ် ဆိုတာ တွေကို ပြချင်တဲ့ သဘောပါ၊ ပြီးတော့ မိမိတို့ရဲ့ ခန္ဓာသိ တရား အရ ကောင်းမှု ကုသိုလ် ပြုကြ တာလဲ ပါတာ ပေါ့လေ ” ဟု ပြောဆို ကြသည်။

အလှူပွဲကြီး ဖြစ်မြောက် စေရန် ရန်ပုံငွေ ဟူ၍ သီးခြား စုဆောင်း ထားခြင်း မရှိပဲ သင်္ကြန်ကာလ နီးခါမှ မြန်မာ အလုပ်သမား များ၏ စုပေါင်း ထည့်ဝင်ငွေ များဖြင့် ပြုလုပ် ကြကြောင်း သိရှိ ရသည်။ ယခင်နှစ် များက ဆေးပေါင်းကျောင်း တစ်ခုတည်း တွင်သာ ကျင်းပခဲ့ သော်လည်း ယခု နှစ်တွင် လူအရေ အတွက်များ သဖြင့် ၃ နေရာခွဲ ကျင်းပခဲ့ ရကြောင်း တရားစခန်း နှင့် အလှူပွဲ စီစဉ် ဆောင်ရွက် သူများက ပြောသည်။ မဟာချိုင် ဒေသတွင် မြန်မာ အလုပ်သမား သိန်းချီ ရှိကြောင်း သိရှိ ရသည်။
http://www.htwd.info/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။