Home » » ညောင်ကန်အေး သာသနာ့ရိပ်သာ အတွက် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်လွှာ

ညောင်ကန်အေး သာသနာ့ရိပ်သာ အတွက် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်လွှာ

Written By နေဇော်လင်း1 on Tuesday, April 20, 2010 | 8:47:00 PM


မလေးရှားနိုင်ငံတွင် ညောင်ကန်အေးသာသနာ့ရိပ်သာကြီး ဖြစ်ထွန်း ပေါ်ပေါက်လာခဲ့သည်မှာ ကာလအားဖြင့်ဆိုပါလျှင် ငါးနှစ်ကျော်၍ ခြောက်နှစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ ဖြစ်ပါသည်။ ဤကာလများ အတွင်းဝယ် ကျောင်းတော်ကြီးသည် အမျိုးဘာသာ သာသနာအတွက် အဘက်ဘက်မှ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ရာမှာ အမျိုးအမျိုးသော အခက်ခဲများကို တွေ့ဆုံခဲ့ရသလို မြောက်များစွာသော အောင်မြင်မှု့အသီးအပွင့်တို့ကို ရရှိခဲ့ပြီး ဖြစ်ပါသည်၊ ကျောင်းတော်ကြီးကို အမှီပြုလျှက် ရွှေမြန်မာသူတော်စင်များအနေဖြင့် သူတော်ကောင်းတရားတွေ နာကြား ပွားများ အားထုတ်နိုင်ခဲ့သကဲ့သို့ပင် ဒါန သီလ ဘာဝနာ စသော ကောင်းမှု့အစုံအလင် အပုံအပင်ကိုလဲ ဆန္ဒရှိသလို ပြုလုပ်နိုင်ခဲ့ကြပါသည် ။ စေတနာရှင် ကုသိုလ်ရှင်တို့ကို အမှီပြုရသဖြင့်လည်း ကျောင်းတော်ကြီးသည် ယနေ့အထိ အခက်ခဲစုံလင်ကို ဖျက်ခွဲအောင်မြင်နိုင်ပြီး ထီးထီးမားမား ရပ်တည်ကာ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးနိုင်ခွင့် ရနေခြင်းလည်း ဖြစ်ပါသည်။ သို့သော်လည်း ပံ့ပိုးဂုဏ်တင် စေတနာရှင်တို့၏ ကျေးဇူးဂုဏ်တို့နဲ့အတူ ဆောင်ရွက်ခဲ့သမျှ သာသနာရေး ဘာသာရေးဆိုင်ရာ ပွဲတော်များအကြောင်းအပါအ၀င် သိကောင်းဖွယ်ရာ အစုံအလင်တို့ကို တစ်စုံတရာ မှတ်တမ်းမှတ်ရာ အနေဖြင့် မှတ်တမ်းတင်ထားနိုင်ခဲ့ခြင်းများ မရှိခဲ့ပါသေးချေ။


ယခုလာမည့် ၁၃၇၂ ခု ကဆုန်လပြည့် ၂၀၁၀ ခုနှစ် ဧပြီလ ၂၇ ရက် အင်္ဂါနေ့တွင် ကျရောက်မည့် ကျောင်းတော်ကြီး ကူချိုင်းလားမား ဒေသသို့ ပြောင်းရွှေ့တည်ထောင်ခဲ့သည့် တစ်နှစ်ပြည့် ကာလ သမယတွင် ကျောင်းတော်ကြီး နဲ့ ဆက်စပ် သော သိမှတ်ဖွယ်ရာ စုံလင်စွာကို ဓါတ်ပုံသတင်း ဆောင်းပါး ကဗျာ သုတ ရသ စုံလင်စွာ ထည့်သွင်းရေးသား ဖေါ်ပြလျှက် ညောင်ကန်အေးသာသနာ့ရိပ်သာ သတင်းလွှာ တစ်ခု အနေဖြင့် စာဆောင်ထုတ်ဝေရန် စီစဉ်လျှက်ရှိပါသည် ။ ဤစာစောင်တွင် ပညာရှင်တို့၏ အတွေးအရေး များနဲ့အတူ ဆရာတော်များ၏ အဆိုအမိန့် သြ၀ါဒများ အပါအ၀င် စေတနာရှင် ကုသိုလ်ရှင်တို့ သဘောဆန္ဒ အာသီသ အတွေးအမြင်များကို ပါ ထည့်သွင်း ဖေါ်ပြမည်ဖြစ်ပါသည်.
သူို့ဖြစ်ပါသောကြောင့် ကျောင်းတော်ကြီး ရေရှည်ခိုင်ခန့် တည်တန့်အောင်မြင်စွာ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ တိုးတက်ရာ တိုးတက်ကြောင်း သတင်း ဆောင်းပါး ကဗျာ အကြံပြုချက်များကို ထည့်သွင်းဖေါ်ပြနိုင်ရန်အတွက် အချိန်မှီ ရေးသား ပေးပို့ အကြံပြုပေးပါရန် မေတ္တာရှေ့ထား၍ ပန်ကြား တိုက်တွန်းအပ်ပါသည်။ ။
မေတ္တာသီသေန စိတ္တေန
အရှင်နန္ဒ၀ံသ
ဖုံး……၀၁၄၆၆၄၆၈၄၅ … ကျောင်းဖုံး….၀၃၇၉၈၃၈၈၀၀၈
ashinnandavamsa@gmail.com
Sunday, 14 March 2010 12:16
Thet Thet Tun
E-mail Print PDF
http://www.lannthit.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။