Home » » အချောင် ငါးဖမ်း လှေပေါ်မှ ရောင်းစားခံ မြန်မာ အလုပ် သမား ၃ ဦး လွတ်မြောက်လာ

အချောင် ငါးဖမ်း လှေပေါ်မှ ရောင်းစားခံ မြန်မာ အလုပ် သမား ၃ ဦး လွတ်မြောက်လာ

Written By မောင်စေတနာ on Monday, April 12, 2010 | 3:54:00 PM


ထိုင်း နိုင်ငံ အလယ်ပိုင်း ခြုံဘူရီ ခရိုင် အချောင် လှေဆိပ်တွင် ရောင်းစားခံ ထားရာမှ မြန်မာ အလုပ် သမား သုံးဦး ထွက်ပြေး လွတ်မြောက် လာခဲ့သည်။ နည်း အမျိုးမျိုးဖြင့် ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး ဘန်ကောက်မြို့ အခြေစိုက် ထိုင်း နိုင်ငံရောက် မြန်မာ နိုင်ငံ သားများ အသင်း သို့ ဧပြီလ ၇ ရက်နေ့ က ရောက်ရှိ လာခဲ့သည်။ အသက် ၃၀ အရွယ် မွန်ပြည်နယ် ကျိုက်ထိုမြို့ အောင်ဆန်း၂ ရက်ကွက် မှ ကိုဇင်ကို မှာ ၉ လခန့် ပင်လယ် ပြင်တွင် အခ မရပဲ လုပ်ကိုင်ခဲ့ ရသည်။ မကွေးတိုင်း စကုမြို့နယ်၊ သဘောင်္ကျွန်း ရွာမှ အသက် ၂၇ နှစ် အရွယ် ကိုဖြိုး နှင့် ရန်ကုန် ၊ မရမ်းကုန်းမှ အသက် ၂၂ နှစ် အရွယ် ကိုသန့်ဇင်တို့ မှာ ၂ လခန့် လုပ်ကိုင် ခဲ့ရာမှ ထွက်ပြေး လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။



ဦးဆောင် ထွက်ပြေး လာသူ တစ်ဦး ဖြစ်သော ကိုဖြိုးက “ လူ အချင်းချင်း ကျွန်ပြုတယ် ဆိုတာ လက်တွေ့ ကျမှ ယုံရပါ တော့တယ်။ မြန်မာ နိုင်ငံသား အချင်းချင်းပါ၊ အဲဒီမှာ ကျနော်တို့ ကို ၀ယ်ထားတဲ့ လူတွေက မွန်လူမျိုး တွေပါ။ သူတို့ တွေက ထိုင်း ငါးဖမ်း လှေတွေ ပေါ်မှာ လုပ်ခိုင်း ပါတယ် ၊ ကျနော်တို့ လုပ်နိုင်နိုင် / မနိုင်နိုင် လုပ်ရ ပါတယ်၊ လကုန်လို့ လုပ်အားခ ထုတ်ရင် အဲဒီမွန် ပွဲစားတွေ က ထိုင်း လုပ်ငန်းရှင် တွေဆီမှာ သွားပြီး ငွေထုတ် ပါတယ်၊ လှိုင်းမူလို့ မလုပ် နိင်ဘူး ဆိုလို့ မရဘူး။ ကျနော် လှိုင်းမူးလို့ ထိုင်နေတာ ကျနော့် ခေါင်းပေါ်မှာ ရေခဲခြင်း ၃ ခြင်း ကိုတင်ပြီး ရေလောင်း ချပါတယ်၊ ကလန် ကဆန် လုပ်ရင် ပင်လယ်ထဲ ပစ်ချတော့ တာပဲ ” ဟုပြောသည်။ ကိုဖြိုးတို့ မိတ်ဆွေ သုံးဦး စလုံး ပြီးခဲ့ သည့် ၂၀၀၉ မေလ ( ၁ ) ရက်နေ့ တွင် မြ၀တီ ၀ါးတော ရပ်ကွက် မှ အသက် ၄၀ ၀န်းကျင် ဗမာ လူမျိုး ကိုသန်းဝင်း တို့ အဖွဲ့ မှ ထိုင်း နိုင်ငံ တွင်းသို့ တင်ပို့ ခဲ့သည်။ ဘန်ကောက်မြို့ ငါးသေတ္တာ ရုံတွင် အလုပ် ရမည် ဖြစ်ပြီး လူ တစ်ဦးစီ ဘတ် ၁၂၀၀၀ ပေးရမည် ဖြစ်ကြောင်း သဘောတူ တက်လာ ခဲ့ကြခြင်း ဖြစ်သည်။

စုစုပေါင်း လမ်း ၁၀ ရက် လျှောက်ပြီး ကား ၁ ရက် စီပြီးသော အခါ အချောင် လှေဆိပ်သို့ ရောက်ရှိ ခဲ့သည်။ အချောင် ပွဲစားများ ထံတွင် တစ်ယောက်ကို ၂၂၀၀၀ နှင့် ၂၅၀၀၀ ဘတ် နှုန်းဖြင့် မွန် ပွဲစား များကို ရောင်းချ ခဲ့သည်။ ကိုဖြိုးတို့ လာသော အခါ လူပေါင်း ၂၈ ယောက်ဖြစ်ပြီး မိန်းကလေး ၅ ယောက်ပါသည်။ မိန်းကလေး ၅ ယောက် ကိုမူ မဟာချိုင်သို့ ပို့ ပေးခဲ့သည်။ မွန်ပြည်နယ် ကျိုက်ထိုမြို့ မှ ကိုဇင်ကို က “ကျနော် ၉ လ ပြည့်လာပြီ ၊ မခံနိုင် တော့ဘူး၊ ခနလေးပဲ အိပ်ရတယ်၊ အချိန်ပြည့် လုပ်နေ ရတယ်၊ ပင်ပန်းလည်း မနားရဘူး ၊ ဖျားလို့လည်း မနားရဘူး၊ ကိုယ် ပင်ပန်းခံ နေတာကို မိဘတွေ စားရတယ် ဆိုလည်း လုပ်ပျော်ပါ သေးတယ် ။ ခုဟာက မွန် ပွဲစားတွေကို အသက်နဲ့ ရင်းပြီး လုပ်ကျွေး နေရတယ်၊ ကျနော်တို့မှာ လွတ်လပ်ခွင့် ဆိုတာ မရှိဘူး၊ ဈေးဝယ် တော့လည်း သူတို့ စါရင်းမှတ် ထားတယ်၊ ကျသင့် တာက ဘတ်၂၀၀ ဖိုး ဆိုရင် သူတို့က ဘတ် ၃၀၀ လို့ ရေး ထားတယ်၊ ကျနော်တို့ ဘယ်လောက် စါရင်းမှတ် ထားထား အမှား အမှန် လုံးဝ ပြန်ပြောလို့ မရဘူး၊ အဲဒီလို မတရား လုပ်တာဗျာ” ဟုပြောသည်။

အဆိုပါ အချောင် လှေဆိပ် တွင် နည်း အမျိုးမျိုးဖြင့် ရောင်းစား ခံထားရသူ ပေါင်း ထောင်ပေါင်း များစွာ ရှိကြောင်း ထွက်ပြေး လာသူ များက ပြောသည်။ နံနက် စောစော ၄ နာရီတွင် လှေဆိပ်သို့ ဆင်းရပြီး ၁၅ ရက် တစ်ကြိမ် လှေပြန် ၀င်ချိန်တွင် မွန်ပွဲစား များက ဆိုင်ကယ် ဘေးတွဲ များဖြင် တင်ဆောင်ပြီး အခန်း ကျဉ်းထဲတွင် အပြင်သို့ ဆက်သွယ်ခွင့် မပြုပဲ လှောင်ပိတ် ထားသည်။ ငွေကို လုံးဝ ကိုင်ခွင့် မရှိသည့် အပြင် လူသစ်များ ၆ လ မပြည့် မချင်း ဖုန်းဆက်ခွင့် မရှိပေ။ ရန်ကုန် ၊ မရမ်းကုန်မှ ကိုသန့်ဇင်က “ တချို့ လှေတွေမှာ ကလေး တွေလည်း ပါတယ်၊ ကလေး အတော် များများ ရှိပါတယ်၊ ကျနော်တို့ တစ်ခုခု မလုပ် နိုင်လို့ ဖြစ်ဖြစ် တစ်ခုခု ပြောနေလို့  ဖြစ်ဖြစ် အလုပ် နဲနဲ ရပ် နေရင် ပိုက်ဖါတဲ့ ချည်လုံး အချွန်နဲ့ ပစ်ပေါက် ခံရတယ်။ ထွက်ပြေးလို့ ပြန်ဖမ်း မိတဲ့ လူဆိုရင် သေလု မျောပါး ၀ိုင်းရိုက် သတ်ကြတာ၊ အချို့ လှေပေါ်က ခုန်ချရင် သေဖို့ က ၈၀ ရာခိုင်းနုန်း သေချာ ပြီးသား၊ ဒါပေမယ့် သေချင် သေပစေ ၊ ဒီလှေ ပေါ်က ငရဲခန်းက လွတ်ရင် ကျွတ်ရင် ပြီးရော ဆိုပြီး ခုန်းချ တာတွေ အများကြီး ရှိပါတယ်” ဟု ပြောသည်။ ထွက်ပြေး သူများ နှင့် ရောင်းစား ခံထားရပြီး နှစ်ပတ်လည် တိုင်အောင် လုပ်ပြီး၊ ထိုင်းနိုင်ငံ အတွင်း အခြားမြို့ များသို့ သွားလာရန် စီစဉ် ပြင်ဆင် ကြသူ များအား မွန် ပွဲစား နှင့် ထိုင်း ပုလိပ် တို့ ပေါင်းပြီး ဖမ်းလေ့ ရှိသည်။ ဖမ်းမိ ပါက မြန်မာ အလုပ်သမား တစ်ဦးအား ဘတ် ၃၀၀၀ ဖြင့် မွန် ပွဲစားက ရွေးသည်။ အချောင် လှေဆိပ် မှ ထိုင်းရဲ များမှာ မွန် ပွဲစားများ ခိုင်းသလို မြန်မာ အလုပ်သမား များကို ဖမ်းဆီးလေ့ ရှိသည်။

ထွက်ပြေး လွတ်မြောက် လာသူ များအား တတ်နိုင် သရွေ့ ဝိုင်းဝန်း ကူညီ ပေးထား သည့် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံ သားများ အသင်၏ နိုင်ငံခြားရေး ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ ကျနော်တို့ ဒီ လူကုန်ကူမှု တိုက်ဖျက်ရေးကို လုပ်မယ် ဆိုပြီး ပြင်ဆင် လာတာ ဆိုရင် ၇ လလောက် ရှိပါပြီ ၊ ကျနော်တို့ ပိုင်ပိုင် နိုင်နိုင် မလုပ် နိုင်လို့ ရှိရင် ကျနော်တို့ သည်ပင် ဘယ်နေ့ ဘယ်နေရာမှန်း မသိ အသတ် ခံရ နိုင်ပါတယ်၊ လူကုန်ကူးမှု တိုက်ဖျက် ရေး အဖွဲ့တွေ ကိုယ်တိုင်က အခက် အခဲတွေ ရှိနေတယ်နဲ့ တူပါတယ် ၊ ဒီ လူကုန်ကူးမှုက အာဏာပိုင် အချို့တွေနဲ့ ပတ်သက် နေတယ်လို့ သိရတယ်၊ တိတိ ကျကျ ပြောဖို့တော့ ခက်ပါတယ်၊ ရောင်းစား ခံနေရတဲ့ မြန်မာ ပြည်သား တွေကို ကယ်တင် နိုင်မယ့် လူတွေ တစ်နေ့တော့ ပေါ်လာ ပါလိမ်မယ်လို့ ကျနော် ယုံကြည် ပါတယ်၊ ကျနော်တို့ အဖွဲ့ အနေနဲ့ လက်တွဲ ဆောင်ရွက် သွားပါမယ်” ဟုပြောသည်။

အဆိုပါ အချောင် လှေဆိပ်သို့  မြ၀တီ၊ မဲဆောက်ဘက်မှ မြန်မာ အလုပ် သမားများ အများဆုံး ရောင်းစား ခံရလေ့ ရှိကြောင်း၊ လုပ်အားခ မရ၊ အသက် အသေခံ၊ ဘ၀ အပျက်ခံပြီး မွန်ပွဲစား များနှင့် ထိုင်း လုပ်ငန်း ရှင်များအား အလုပ် အကျွေး ပြုနေ ရသည့် မြန်မာ အလုပ် သမားများ ထောင်ချီ ရှိကြောင်း ထွက်ပြေး လာသူ များက ပြောသည်။ အချို့ မိန်းကလေး များကို မွန်ပိုက် ဆရာများက ၀ယ်ယူထား လိုက်ပြီး အပျော် မယား အဖြစ် အသုံး ပြုသည်။ ၄င်းတို့ စိတ်ကျေ နပ်သော အချိန်တွင် အခြား သူများသို့ ထပ်ဆင့် ရောင်းချခြင်း ပြုသည်။ အချို့ မိန်းကလေး များကိုမူ ဘုံ မယား အဖြစ် ၀ယ်ယူ ထားပြီး အလှည့်ကျ လိင် ဆက်ဆံ ကြခြင်းများ အပြင် ရင်းနှီးသည့် မိတ်ဆွေ များအား လည်း ဧည့်ဝတ်ပြု အိပ်စေကြောင်း ထွက်ပြေး လာသူ များက ပြောပြသည်။

၁၁ . ၄ . ၂၀၁၀ ကိုကျော်သောင်း (ဘန်ကောက်)
http://www.htwd.info/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။