Home » , , , » စင်ကာပူ အငြိမ့်

စင်ကာပူ အငြိမ့်

Written By မောင်စေတနာ on Monday, April 30, 2012 | 12:40:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj8YFQKuUr5uLxfhqmHqGMBWuPioDGOHZ8N8E0lBzsTTcQiZV8TNuDiWDn1CfW8va0_7xPEmr9loBPHaYLX2OaNUd8mj3jwJpszxEcpAOO3EvyJHOxdlGwx-6iZuucscQIVtkMdbJiFFk/s400/25.jpg

ဒီနေ့ညပွဲ။ လူရွှင်တော် ဇာဂနာ၊ မေတ္တာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဗေဒါ။

မင်းသမီး ချောအိငြိမ်းနဲ့ အရိုင်းရဲ့သမီးလေး ပန်းနု။

ပြက်လုံးက အဟောင်းတွေကော အသစ်တွေကောပါတယ်။

လူတွေက အရိုင်းနဲ့ ဇာဂနာ အလုပ်အင်တာဗျူးမှာ အမေးအဖြေလုပ်တာ သဘောကျကြတယ်။ ဇာဂနာကမေး၊ အရိုင်းကဖြေ။ မြန်မာပြည်မှာ လောလောဆယ် ဘာအပေါဆုံးလဲ ဆိုတော့ “ဖောင်ဒေးရှင်း“ တဲ့။ လောလောဆယ် ခေတ်အစားဆုံး စကားလုံး ၂ လုံးကိုပြောပါ ဆိုတော့ “အမေ” နဲ့ “အဘ” တဲ့။

အဲဒါကို တော်တော်သဘောကျကြတယ်။ လူ ၂၀၀ လောက်ရှိမယ်။ ရုံပြည့်ပဲ။ သီချင်း၊ သံချပ်ပြီး ခဏ ပွဲနား၊ ပြီးတော့ အငြိမ့်ထွက်။ သံချပ်က အသီးတွေ လုပ်တဲ့ ဟာမျိုးကိုပြန် အပ်ဒိတ်လုပ်ထားတာ။ အလုပ်သမားတွေအကြောင်း သံချပ်ထိုးတာပါတယ်။

မြန်မာပြည်မှာတော့ သင်္ကြန်ကပြီးပြီ စင်ကာပူမှာတော့ သင်္ကြန်ကို မျှင်းပြီး လုပ်နေတုန်း မပြီးသေး :P

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။