Home » » မြန်မာ့ရိုးရာအတာသင်္ကြန် မလေးရှား

မြန်မာ့ရိုးရာအတာသင်္ကြန် မလေးရှား

Written By မောင်စေတနာ on Friday, April 9, 2010 | 6:47:00 PM


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ကူချိုင်းလားမားဒေသရှိ မဟာစည်ခံ
ညောင်ကန်အေးသာသနာ့ရိပ်သာကျောင်းတော်ကြီးတွင် ၂၀၁၀ ခုနှစ်၊ဧပြီလ
၁၃ ရက်နေ့( သင်္ကြန်အကြိုနေ့ ) မှ ဧပြီလ ၁၈ ( တနင်္ဂနွေနေ့ )အထိမြန်မာ့
ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကြီးကို ပုညဝုဎနအသင်းကြီးမှဦးစီးလျှက်
ရိုးရာအစဉ်အလာ မပျက်ကျင်းပမည်ဖြစ်ပါသည်။


စုပေါင်းဒုလ္လဘရဟန်း သီလရှင်ဝတ်ခြင်း ၊ အထူးအားဖြင့် နှစ်ဆန်း ( ၂ ) ရက်နေ့
ဧပြီလ ( ၁၈ )ရက်နေ့တွင် အသက်အရွယ်ဂုဏ်သိက္ခာကြီးမားသောသူများအား
ခြေသည်းလက်သည်းလှီးပေးခြင်း ၊ ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပေးခြင်းများနှင့်
အတူနှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များနာယူခြင်း ၊ မုန်ဖက်ထုပ်
မုန့်လုံးရေပေါ် ၊ ရွေရင်အေး ၊ စသည့်စတုဒီသာအလှူတော်များပြုခြင်း မလေးရှား
နိုင်ငံဒေသ အသီးသီးရောက် ဂီတချစ်သူမြန်မာ လူငယ်များဖြင့် ဖွဲ့စည်းထားအပ်
သော ALL IN ONE ( AIO ) တီးဝိုင်းအဖွဲ့မှ နေ့လည် ( ၁၂ ) နာရီမှ စတင်၍
မြန်မာ့ရိုးရာသင်္ကြန်တေသီိချင်းများ အကအလှများဖြင့် ဖျော်ဖြေဧည့်ခံခြင်းများ
ပြုလုပ်မည်ဖြစ်ရာ မလေးရှားနိုင်ငံသို့ရောက်ရှိနေသော ရွှေမြန်မာအားလုံး
ကြွရောက်ပါဝင်ဆင်နွှဲကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူနိုင်ကြပါစေ။
ဆရာတော်နှင့် အကျိုးဆောင်ဝေယျာဝစ္စအဖွဲ့
ပုညဝုဎနအသင်းကြီး ၊ ညောင်ကန်အေးသာသနာ့ရိပ်သာ
ph ; 014 , 664 6845 ; photo ; google
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။