စကၤာပူ ဇယ်မဂၤလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်
(CLEMENTI ဘုန်းတော်ကြီးကျောင်း)
မြန်မာ့ရိုးရာ စတုဒီသာ၊ စားသောက်ဖွယ်ရာ မုန့်မျိုးစုံဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းပါမည်။
ပူဇော်ပွဲဖြစ်မြောက်ရေးအအဖွဲ့အနေဖြင့် ပူဇော်ကန်တော့ခံရန် အသက်(၆၅)နှင့်အထက် သက်ကြီးအဖိုးအဖွား မိဘတို့၏ စာရင်းကိုကောက်ခံလျှက်ရှိပါသည်။
ကုသိုလ်ဒါနရယူလိုကြသော မြန်မာဗုဒ္ဓဘာသာ မိသားစုများအနေဖြင့် (မိမိသိရှိသမျှ) အကန်တော့ခံ အဖိုးအဖွားများ၏ အချက်အလက်များကို ပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့သို့ ဆက်သွယ်ပေးပို့ခြင်းဖြင့် ကူညီစေလိုပါသည်။

သဒ္ဓါတရားရှိကြ၍ လှူဖွယ်ဝတ္ထု၊ အလှူငွေတို့ကို ပါဝင်လှူဒါန်း ကုသိုလ်ယူခြင်းအားဖြင့် လည်းကောင်း...
သဒ္ဓါတရားရှိကြ၍ မိမိ၏လုပ်အားအချိန်နှင့် ကျွမ်းကျင်မှုများကို ပါဝင်လှူဒါန်း ကုသိုလ်ပြုလုပ်ခြင်းအားဖြင့် လည်းကောင်း...
အဖိုးအဖွားများ ပင့်ဆောင်ရေးနှင့် အခြားဝေယျာဝစ္စများ ဆောင်ရွက်ရန်တို့အတွက် မိမိ၏ကား၊ ယာဉ်စသည်တို့ကို ပါဝင်လှူဒါန်း ကုသိုလ်ယူခြင်းအားဖြင့် လည်းကောင်း...
လောကီ၊ လောကုတ္တရာ ကောင်းကျိုးချမ်းသာနှစ်ဖြာကို ရရှိခံစားနိုင်ကြစေရန် အကျိုးမျှော်၍ အသိပေးနှိုးဆော်လိုက်ပါသည်။
ပူဇော်ပွဲဖြစ်မြောက်ရေးအတွက် အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်နိုင်ပါသည်။
94242713, 97947206, 82013043, 82339056, 91075554

http://mysing.ning.com/
0 comments:
Post a Comment