Home » , » ရပ်ကွက်ထဲကပြဿနာများ

ရပ်ကွက်ထဲကပြဿနာများ

Written By မောင်စေတနာ on Monday, April 12, 2010 | 3:20:00 PM


အပေါ်ကပေးထားတဲ့ နာမည်က " ရပ်ကွက်ထဲကပြဿနာများ" တဲ့
နည်းနည်းတော့ဆန်းနေမလားလို့  ကဲပြောပြမယ်နော်ကျွန်တော်တို့ 
နေတဲ့ရပ်ကွက်ထဲမှာလူမျိုးစုံရှိပါတယ် ....
ဗမာ . ထားဝယ် . မွန် . ချင်း ကရင် ရခိုင် နဲ ပေါ့။ အတူနေချင်ရာကနေ
ပြဿနာစတာက တစ်နေ့  ကျနော်အပြင်ကပြန်ရောက်ခိုက် ကျွန်နော့်ရဲ
့သူငယ်ချင်းက မြန်မာဆိုင်မှာပြဿနာဖြစ်နေလို့ တဲ့ .....

အော် ဟုတ်လား
ဒါဆိုငါ့ကိုသေချာအောင်ပြောပြပါဦးကွဆိုတော့ မနေ့ ကလေ မြန်မာတွေနဲ့ 
ချင်းတွေနဲ့ မြန်မာဆိုင်အပေါ်မှာ အရက်သောက်နေရာကနေစကားများကြ
တာစကားများရာကနေ ပထမဆုံး မြန်မာတယောက်ကအရက်မူးရာကနေ
ချင်းတယောက်ကိုထိုးလိုက်တယ်ဒိတော့ချင်းတွေလည်းပြန်ထိုးကြတာပေါ့

ဆိုင်ရှင်လည်းစိတ်ညစ်နေပြီဒါနဲ့ သူတို့ ကိုပြန်ဖို့ ပြောလိုက်တယ် သူတို့ 
အောက်ကိုရောက်တော့ပြဿနာကပိုကြီးလာတယ်နောက်သူတို့ တွေတစ်
ယောက်နဲ့ တစ်ယောက်ဝင်ထိုးကြတယ်ရန်ပွဲကလည်းကြီးနေပြီ...

ဘေးကကြည့်နေတဲ့တရုတ်တွေထဲက တစ်ယောက်ကရဲကိုဖုန်းဆက်လိုက်
တော့ခဏလေးပဲကြာတယ် ရဲကားရောက်လာတော့အကုန်လုံးပြေးကြရောဗျာ
ဒီပြဿနာကဒီမှာတင်မပြီးသေးဘူး
နောက်တနေ့ မှာချင်းတွေက မနေ့ ကသူတို့ လူခံရတယ်ဆိုပြီးတော့မကျေနပ်ကြဘူး
ဒီနေ့ သူတို့ တွေကသူတို့ လူ ၆ ယောက်နဲ့ ထပ်လာပြန်တယ်
မြန်မာတွေဘက်က ၅ ယောက်၇ှိတယ် အားလုံးတရုတ်တွေနဲ့ ပြဿနာထပ်ဖြစ်ပြန်
ရော ဒီပွဲမှာချင်းတယောက်ခေါင်းကွဲသွားပြီးမြန်မာတယောက်ကလက်မှာဒဏ်ရာရ
နေပြီ ရဲကားလာတော့အားလုံးလစ်ကုန်ကြရော
{ ကင်းလှည့်နေတဲ့ရဲကားတွေကအမြဲရှိနေတာပါ } နောက်တစ်ကြိမ် ၇ ယောက်နဲ့ 
လူစုပြီးနောက်တနေ့ မှာထပ်ချိန်းလိုက် ပြန်တယ်..ဒါနဲ့ ချင်းတွေရဲ့ လူတွေကိုဦးဆောင်
နေတဲ့သူကငယ်ငယ်လေးပဲရှိသေးတယ်

အသက် { 18 } နှစ်လောက်ပဲရှိသေးတယ် သူကနေဦးဆောင်ပြီးပဲပြောနေတယ်ဗျ
ဒီတကြိမ်မှာတော့သူတို့ လူတွေအုပ်စုက ၈ ယောက် မြန်မာတွေက ၆ ယောက်နဲ့ ထိုး
ကြိတ်ကြပြန်တယ် ဒီတစ်ကြိမ်ပထမဆုံးမြန်မာတစ်ယောက်ရဲ့ ခေါင်းကိုရိုက်လိုက်တယ်
မထိဘူး နောက်ချင်းတစ်ယောက်မှာခေါင်းမှာပေါက်ပြီးသွေးတွေကျနေပြီ ။
နောက်ရဲကားလာတော့ပြေးရပြန်ရောဒီပွဲမှာတော့နှစ်ဘက်စလုံးအထိနာပါတယ်ချင်း
နှစ်ယောက်ခေါင်းပေါက်သွားသလိုမြန်မာနှစ်ယောက်ကျောကုန်းတွေနဲ့ လက်တွေမှာနာ
ကုန်တယ။် နောက်ချင်းတွေကသူတို့ ပဲခံရတယ်ဆိုတော့မကျေနပ်ဘူး သူတို့ လူကိုရိုက်တဲ့
မြန်မာတွေထဲကတစ်ယောက်ကိုလိုက်ရှာနေတယ်လေမြန်မာတွေနေတဲ့နေရာအခန်းတွေ
ကိုသူတို့ စောင့်ကြည့်နေကြတယ်။

သူတို့ ရှာနေတဲ့တစ်ယောက်ကလည်းအဲဒီမှာမနေရဲတော့ဘူးလေ ...
နောက်တနေ့ မှာ ပီနန်းကိုပြေးသွားတော့တာပဲဗျ...ဒီပြဿနာကပြီးသွားပြီလားဆိုတော့မပြီး
သေးဘူးဗျ ကျွန်တော်တို့ အလုပ်သွားဆင်းရင်တောင်ကြောက်နေရတယ်ရန်ဖြစ်တဲ့အထဲမှာ
ကိုမပါပေမယ့်လူမှာပြီးအရိုက်ခံရမှာစိုးလို့ ဗျ သတိထားနေရတယ်လေ နောက်ထပ်လည်း
တစ်ရက်ခြားနှစ်ရက်ခြားလိုလိုပြဿနာတွေကဖြစ်ဖြစ်နေပါတယ်

နောက်တရုတ်တွေကဖုန်းဆက်ပြီးရဲကိုလှမ်းခေါ် ရဲကားရောက်လာတော့ပြေးကြပြန်ရောဗျ
ရန်ဖြစ်ပြီဆိုရင် ချင်းတွေနဲ့ မြန်မာတွေပဲသူတို့ တွေဖြစ်တာကအကြောင်းမဟုတ်ပေမယ့်မဆိုင်
တဲ့ သူတွေပါဒုက္ခရောက်တာသူတို့ မသိပါဘူးငါတို့ ဟာငါတို့ ဖြစ်တယ်ဆိုပြီးတော့ဖြစ်နေကြ
တယ်လေ ကိုယ့်နေရာမှာဆိုရင်ကိုယ်ကြိုက်တာကိုယ်လုပ်လို့ ရတယ် ခုသူများနေရာဆိုတော့
ကိုယ့်ကိုယ်ကိုပဲထိန်းနေရတာပေါ့ဗျ .. ခုတောင် စာရေးနေရင် ရန်ထပ်ဖြစ်နေပြန်ပြီဗျ။
ကဲဗျ ... အဲဒါသာ ကြည့်ကြပေတော့ ခင်ဗျာ။ အားလုံးသော မိတ်ဆွေများလည်း မိမိကိုယ်တိုင်
သာ ဆင်ခြင်နေထိုင်ကြပါလို့သာ ပြောပါရစေခင်ဗျား ......
Share this article :

1 comments:

ဒီရေ said...

ရေးထားတာတွေ ကောင်းတယ်ဗျာ.. ပြန်လာလည်တယ်.. ကျေးဇူး...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။