Home » » လူကုန်ကူးမှု နွံတွင်းမှ ထပ်ဆင့် ဒုက္ခရှင်များ

လူကုန်ကူးမှု နွံတွင်းမှ ထပ်ဆင့် ဒုက္ခရှင်များ

Written By မောင်စေတနာ on Saturday, April 17, 2010 | 3:10:00 PM


ကမ္ဘာ့ လူဦးရေ ၏ (၁ဝ) ရာခိုင် နှုန်း ( သန်းပေါင်း (၆၅ဝ) ခန့်) သည် ကိုယ်လက် အင်္ဂါ မသန်စွမ်း ကြသူများ ဖြစ် ကြသည်။ ထို အထဲမှ (၈ဝ) ရာခိုင် နှုန်းသည် ဆင်းရဲ သည့် နိုင်ငံ များမှ ဖြစ်သည်။ ကိုယ်လက် အင်္ဂါ မသန် စွမ်းမှု နှင့် ဆင်းရဲ မွဲတေ မှုသည် နီးကပ်စွာ အကျိုး အကြောင်း ဆက်စပ် လျက် ရှိသည်။ ထို နိုင်ငံ များတွင် ကိုယ်လက် အင်္ဂါ မသန်စွမ်း ကြသူ များ၏ အလုပ် လက်မဲ့ နှုန်းသည် မသန် စွမ်းသူ ဦးရေထဲမှ ( ၈ဝ / ၉ဝ ) ရာခိုင်နှုန်း ရှိသည်။ ဖွံ့ဖြိုးပြီး နိုင်ငံ များတွင် မသန်စွမ်းသူ ဦးရေ ထဲမှ အလုပ် လက်မဲ့ နှုန်းသည် ( ၅ဝ/၇ဝ ) ရာခိုင် နှုန်းဖြစ်သည်။ အလုပ် လက်မဲ့ ဖြစ်ရခြင်း အဓိက အကြောင်း ရင်းမှာ ပညာ သင်ကြားခွင့် မရရှိ မှုနှင့် လည်း သက်ဆိုင် သည်။ UNESCO ၏ ခန့်မှန်းချက် အရ ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် မသန်စွမ်းသူ ကလေးငယ် (၉ဝ) ရာခိုင်နှုန်းသည် ကျောင်းပညာ သင်ကြားခွင့် မရသေးပေ။

ထို့အပြင် အမျိုး သမီးများ ကိုယ်ဝန် ဆောင်ချိန် နှင့် မီးဖွားစဉ် ကာလ များ၌ ကိုယ်လက် မသန်စွမ်းမှု ဖြစ်ပွား တတ်ရာ ထိုကာလ အတွင်း ကိုယ်လက် မသန်စွမ် ဖြစ်ရသူ အမျိုးသမီး ဦးရေ သန်း (၂ဝ) ခန့် ရှိသည်။ မသန်စွမ်း သူများ အဖို့ ၎င်းတို့ အသိုင်း အဝိုင်း တွင် ရှင်သန် ရပ်တည်ပြီး အဓိက အခန်း ကဏ္ဍ၌ ပါဝင်ရန် အတွက် စိန်ခေါ်မှု အချက်များစွာ ကိုယ်စီ ရှိနေ သော်လည်း တူညီသည့် အချက် ကတော့ လူကုန် သူများ အတွက် ဆွဲဆောင်မှု ရှိသော အချက်ပင် ဖြစ်သည်။ ၎င်းတို့ အသိုင်း အဝိုင်းတွင် အသုံး မကျတော့ဟု ယူဆ လာသည့် အခါ မျိုးတွင် လူကုန်ကူး သူများ အတွက် အသုံးချ ခံရမှု အခွင့် အလမ်း ပိုရှိ လာသည်။ အထူး သဖြင့် ပြည့်တန်ဆာ လုပ်ငန်းများ သို့မဟုတ် တောင်း ရမ်း စားသောက် ရသည့် လုပ်ငန်း များတွင် ဖြစ်သည်။


ကိုယ်လက် မသန်စွမ်း သူ အမျိုး သမီး များ နှင့် မိန်းကလေး များသည် လူကုန်ကူး ခံရမှု အန္တရာယ် အလွယ် တကူ ကျရောက် နိုင်ပြီး ပြည့်တန်ဆာ အဖြစ် အဓမ္မ စေခိုင်း ခံရ မှုများလည်း အများဆုံး ကြုံရ နိုင်ဖွယ် ရှိသည်။ UNICEF ၏ လေ့လာ တွေ့ရှိချက် အရ ထိုင်း နိုင်ငံရှိ ပြည့်တန်ဆာ လုပ်ငန်း ပိုင်ရှင် များ သည် အထူး သဖြင့် နားထိုင်းသူ၊ နား မကြားသူ၊ ထုံထိုင်းသူ မြီးကောင်ပေါက် မိန်းကလေး များ နှင့် အမျိုး သမီး များကို ပစ်မှတ်ထား စုဆောင်း အလုပ် ဆင်းခိုင်းလေ့ ရှိသည်ဟု ဆိုသည်။

အကြောင်းမှာ ၎င်း တို့သည် နာကျင် ခံစား မှုများကို ပြော မပြ နိုင်ဘဲ လက်ဟန် ခြေဟန် ဖြင့်သာ အလုပ်ရှင်၊ ၎င်းတို့ နှင့် ပျော်ပါးသူ တို့ကို ရှင်းပြ နိုင်သောကြောင့် ဖြစ်သည်။ ထွက်ပြေးရင် တောင် ၎င်းတို့ ဘာသာ အိမ် မပြန် တတ်သော ကြောင့်လည်း ဖြစ်သည်။ ထိုင်ဝမ် နိုင်ငံ တွင် မကြာသေး မီက လေ့လာ တွေ့ရှိချက် အရ ကလေး ပြည့်တန်ဆာ ဖြစ်ပွား မှုတွင် မသန်စွမ်း သည့် ကလေး ပြည့်တန်ဆာ ဖြစ်ပွား မှုမှာ မျှော်မှန်း ထားသည် ထက် (၆) ဆ ခန့် ဖြစ်ပွားမှု ရှိကြောင်း ဖော်ပြ ထားသည်။

တောင်းရမ်း စားသောက် သည့် လုပ်ငန်းတွင် လည်း ထိုသို့ မသန်စွမ်း သူများ ကိုပင် ပို၍ အသုံးတည့် ပြန်သည်။ ၎င်းတို့၏ မသန်စွမ်း မှုက မြင်သူ တကာကို ကိုယ်ချင်း စာနာစိတ် ပေးစွမ်း နိုင်သောကြောင့် ဖြစ်သည်။ ဘန်ကောက် မြို့တွင် သူတောင်းစားကို ပိုက်ဆံပေး သူများ ထဲတွင် (၈ဝ) ရာခိုင် နှုန်းသည် မသန်စွမ်း သူတောင်းစား၊ အင်္ဂါ ချို့တဲ့ သူတောင်းစား ကို သာ ပေးလေ့ ရှိသည်ကို တွေ့ရသည်။ အချို့ ယဉ်ကျေးမှု များတွင် ၎င်းတို့၏ အသိုင်း အဝိုင်း၌ ထို မသန်စွမ်း သူများကြောင့် အရှက် တကွဲ ဖြစ်ရသည်ဟု ယူဆပြီး ၎င်းတို့ စောင့်ရှောက် ရမည့် ဒုက္ခ ကင်းစေရန် လူကုန် ကူးသူ လက်ထဲ ရှာထည့် ပေးလိုက် သည်လည်း ရှိသည်။

လူကုန်ကူး သူများ သည် ရုပ်ပျက် ဆင်းပျက် နှင့် မွေးဖွား လာသည့် ကလေး များကို အရင်း အနှီး ပြုလုပ်ကာ လမ်းများ ပေါ်တွင် တောင်းစားရန် အသုံး ပြုလေ့ ရှိသည်။ ထွက် မပြေးရန် လည်း ဂိုဏ်း အဖွဲ့များ နှင့် စောင့်ကြပ် မှုလည်း ထား ရှိသည်။ (၂ဝဝ၇) ခုနှစ်၊ တရုတ် နိုင်ငံတွင် မိဘ (၄ဝဝ) ခန့်က ၎င်းတို့၏ ကလေး များအား ဘူတာရုံ များမှာ ပြန်ပေးဆွဲ ခံရ မှုများကို ရှာဖွေ ပေးရန် အာဏာပိုင် များထံ တိုင်ကြား ပြီးနောက် အုတ် စက်ရုံ များတွင် အတင်း အဓမ္မ အလုပ် ခိုင်းစေ ခံရသူ (၁၃၄ဝ)ဦးကို ကယ်တင် နိုင်ခဲ့သည်။

အများစုမှာ ကလေးများ ဖြစ်ကြပြီး ထိုအထဲမှ သုံးပုံ တစ်ပုံ ခန့်သည် ဥာဏ်ရည် မမှီ သူများ ဖြစ်ကြသည်ကို ဖော်ထုတ် တွေ့ရှိ ရသည်။ ထို့ကြောင့် လူကုန်ကူး သူများ၏ သားကောင် မဖြစ်ရေး အတွက် အစိုးရ မဟုတ် သော အဖွဲ့ အစည်း များနှင့် အစိုးရ လူမှု ဖူလုံရေး ဌာန များတို့ ပူးပေါင်းပြီး မသန်စွမ်း သူတို့၏ ပါဝင် ဆောင်ရွက်ခွင့် ရှိမှုများကို ပိုမို မြှင့်တင် ဆောင်ရွက် ပေးရမည်။ ကိုယ်လက် မသန်စွမ်းသူ ကလေး များ အတွက် လူမှုရေး လုပ်ငန်း ပါဝင် ဆောင်ရွက်ခွင့် ကိုလည်း ပိုမို အခွင့် အလမ်း

ဖန်တီး ပေးရ မည်ဖြစ်သည်။ ၎င်းတို့ ကျောင်းတက်ခွင့် ရရှိရေး နှင့် ၎င်းတို့ အသိုင်း အဝိုင်းတွင် လည်း မျက်ဝါး ထင်ထင် တွေ့မြင် နိုင်ရေး ကိုလည်း ယုံကြည်မှု ရှိအောင် ဆောင်ရွက် ရမည် ဖြစ်သည်။ ၎င်းအပြင် မသန်စွမ်း သူတို့၏ အသိုင်း အဝိုင်းတွင် ရှိနေဆဲ ဖြစ်သော ခွဲခြား ဆက်ဆံမှု နှင့် ဘဝ အတွက် အမည်းစက် ဟု ယုံမှား သံသယပ ပျောက်ရန်လည်း ဖြေရှင်း ပေးရ ပေဦးမည် ဖြစ်သည်။
http://www.htwd.info/
၁၂ . ၄ . ၂၀၁၀ ဝင်းနိုင်ထွန်း(လျှပ်တပြက်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။