မလေးရှားကမော်ဒယ်တစ်ယောက်ဟာ
ဘီယာသောက်လို့ ပထမဆုံး ကြိမ်ဒါဏ်အပေးခံရတဲ့အမျိုးသမီးတစ်ယောက်
ဖြစ်လာတော့မယ်လို့သိရပါတယ်။ Kartika Sari Dewi Shukarno
လို့အမည်ရတဲ့ ၃၂နှစ်အရွယ် မော်ဒယ် ဟာ မူစလင်ဘာသာရေးပြစ်ဒါဏ်ပေးရုံးက
နေပြီးတော့ကြိမ်ဒါဏ်ခြောက်ချက် သတ်မှတ်ပြစ်ဒါဏ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Pahang
ပြည်နယ်ရဲ့ အရှေ့ဖက်မှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့နိုက်ကလပ်မှာ အရက်သောက်နေစဉ်
အဖမ်းခံရတာဖြစ်ပါတယ်။ အိမ်ထောင်ရှင် ခလေးနှစ်ယောက်မခင်ဖြစ်သူဟာ လာမဲ့
အပါတ်ထဲမှာ ကြိမ်ဒါဏ်ခံရမှာဖြစ်သလို အယူခံဝင်ခွင့်လဲမရှိဘူးလို့သိရပါတယ်။

အစိုးရရှေ့နေ Saiful Idham Sahimi ဆိုသူကတော့ ဒါဟာမှန်ကန်တဲ့အပစ်ပေးမှု့ပါ
မူစလင်ဘာသာမှာအရက်သောက်တာဟာ ပစ်မှု့ကျူးလွန်ခြင်းတစ်ခုပါလို့ ပြောခဲ့ပါတယ်။
သူမအတွက်ကြိမ်ဒါဏ်ဟာယောက်ျားများပေးတဲ့ ကြိမ်ဒါဏ်ထက် လျော့နည်းမည်ဖြစ်တယ်
လို့ဆက်လက်ပြောကြားခဲ့ပါတယ်။မလေးရှားနိုင်ငံမှာ လူဦးရေ ၂၈သန်း ရှိပြီးမူစလင်
ဘာသာဝင်များဟာ သုံးပုံနှစ်ပုံဖြစ်ပါတယ်။
အစိုးရဥပဒေအရ အရက်သောက်ပါကဒါဏ်ငွေ သို့မဟုတ်ကြိမ်ဒါဏ်ခံရမှာဖြစ်ပါတယ်။မလေးရှာ
အမျိုးသမီးအခွင့်အရေး အဖွဲ့ကတော့ Shukarno ကိုဒီလိုပြစ်ဒါဏ်ပေးတာ ကိုရှုတ်ချနေကြပါတယ်။
သူမဟာ အခုလာမဲ့ တနင်္လာနေ့ကစပြီး တပါတ်ကြာထောင်ထဲမှာသွားနေရမှာဖြစ်ပြီး အဲ့ဒီတစ်ပါတ်
အတွင်းမှာဘယ်နေ့ပြစ်ဒဏ်ခံရမလဲဆို အမိန့်ထပ်ချမှာဖြစ်ပါတယ်။ Shukarno ဟာအမျိုးသမီး
အကျဉ်းထောင်မှာ သွားနေပြီး အပြစ်ဒါဏ်ခံပြီးရင်မကြာခင်ပြန်လည်လွတ်မြှောက်လာလိမ့်မယ်လို့
အစိုးရရှေ့နေက ဆက်ပြီးပြောပါတယ်။မလေးရှားမှာ အရက်သောက်တဲ့အမှု့အများစုကတော့ ဒါဏ်ငွေနဲ့
တင်ပြီးသလို့ဥပဒေအရတော့ ထောင်သုံးနှစ်နဲ့ ကြိမ်ဒါဏ်ပါ ပေးလို့ရပါတယ်။ Shukarnoဖမ်းတဲ့ညမှာဘဲ
မူစလင်ဘာသာဝင်မိန်းမနဲကယောက်ျားကိုလဲCheratingကမ်းခြေမှာအရက်သောက်လို့ ဖမ်းစီးခြင်းခဲ့ပါတယ်။သူတို့နှစ်ယောက်ကိုလဲကြိမ်ဒါဏ်ပေးထားသော်လည်းအယူခံဝင်ခွင့်လည်း ပေးထားပါတယ်။

http://freeemoyouth.ning.com/
star ( malaysia )
star ( malaysia )
0 comments:
Post a Comment