(၂ဝဝဝ)ပြည့်နှစ် ကာလများက မြန်မာနိုင်ငံတွင် ipstar broadband satellite အင်တာနက် အသုံးပြုမှုကို စတင်ခဲ့ပြီး နောက်ပိုင်းတွင် ဝေးလံခေါင်သီသော မြန်မာနိုင်ငံ၏ အချို့နေရာ ဒေသများတွင် ipstar broadband satellite အင်တာနက် စနစ်ကို အသုံးမပြုကြဘဲ အင်တာနက် အသုံးပြုမှုအစား တယ်လီဖုန်း ဆက်သွယ်ပြောဆို မှုများကို အစားထိုး သုံးစွဲခဲ့ကြသည်။
ipstar broadband satellite အင်တာနက်စနစ် အစား ipstar broadband satellite ဖုန်း ပြောဆို ဆက်သွယ်မှုများကို မြန်မာနိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော အချို့နေရာ ဒေသများတွင် ipstar satellite ဖုန်းကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ မြန်မာနိုင်ငံ၏ မြို့ပြများနှင့် ဝေးရာ နေရာဒေသများတွင် လိုင်းဖုန်း အသုံးပြုမှုမရှိခြင်း၊ GSM Network မမိခြင်းတို့ကြောင့် ipstar satellite ဖုန်းများကိုသာ အသုံးပြုခဲ့ကြရသည်။ ယခုအခါတွင် နေရာအတော် များများတွင် လိုင်းဆွဲအားကောင်းသော CDMA ဖုန်းများ အသုံးပြု၍ ရလာသဖြင့် ipstar satellite ဖုန်းကို အသုံးပြုသူများ လျော့နည်းလာခဲ့ကြောင်း ကိုယ်တိုင် ipstar satellite ဖုန်းအသုံးပြုသူတစ်ဦးက ပြောဆိုသည်။ ''ဟုတ်တယ်။ ကျွန်တော် တို့ (၈)နှစ်နီးပါး ipstar satellite ဖုန်းကို ဒီရွာမှာ အသုံးပြုခဲ့ကြတယ်။ အခုက CDMA ဖုန်းတွေက ကျွန်တော်တို့ဆီမှာ ပြောရဆိုရတာ တော်တော်လေးကို အဆင်ပြေတယ်။ ဒီ CDMA ဖုန်းက လိုင်းဆွဲအားလည်းကောင်းတယ်။ တိုင်တော့ထောင်ရတာပေါ့။ ဒါပေမယ့် ဆက်သွယ်ရေးကိစ္စကတော့ တော်တော်လေးကို ပြေလည်သွားတယ်။ ipstar satellite ဖုန်းကိုတော့ ပြန်ရောင်းဖို့ ပြောထားပါတယ်။ ရန်ကုန်က တချို့နေရာတွေမှာက ADSL သုံးလို့မရဘူးလေ။ အဲဒီနေရာတွေမှာက အင်တာနက် အသုံးပြုဖို့ ipstar satellite ကို ပြန်ဝယ်နေရာတယ်ပြောတယ်''ဟု ipstar satellite ကို ဖုန်းအဖြစ်အသုံးပြုခဲ့သူ သပိတ် ကျင်းမြို့နယ်အတွင်း ရွှေတွင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
မင်းအောင်အောင်
0 comments:
Post a Comment