Home » » ၂ဝ၁ဝ မှာ မိုဘိုင်းဖုန်း စီးပွားရေးကောင်းမယ် ...

၂ဝ၁ဝ မှာ မိုဘိုင်းဖုန်း စီးပွားရေးကောင်းမယ် ...

Written By မောင်စေတနာ on Thursday, January 14, 2010 | 10:00:00 PM


''အခုလာမယ့် (၂ဝ၁ဝ)မှာ ဟန်းဆက်ဈေးက တက်တာမရှိပဲ မော်ဒယ်အလိုက် အသစ် ထွက်ရင် ဈေးကတော့ ကျမှာပါ'' လို့ပြောလာတဲ့ လူကြီးမင်း ဖုန်းဆိုင်မှ ကိုကြည်ချမ်းငြိမ်းနှင့် ဟန်းဆက်ဈေးကွက် အကြောင်း လျှပ်တစ်ပြက်မှ မေးမြန်းခဲ့ရာ- 'ပြီးခဲ့တဲ့ ၂ဝဝ၉ မှာ ဟန်းဆက် အရောင်းအဝယ် ကောင်းပါတယ်။ နောက်ပိုင်း ၂ဝ၁ဝမှာ ပိုပြီး အဆင်ပြေမယ်လို့လဲ ထင်တယ်။

Customers တွေက နည်းပညာပိုင်းနဲ့သုံးတဲ့ ဟန်းဆက်တွေ ပိုအသုံးများလိမ့်မယ်။ ဥပမာ ကင်မရာ ဆိုရင်လည်း သာမန်ထက် ကောင်းပြီး Function ပိုစုံတာမျိုးကို စိတ်ဝင်စားပြီး သုံးချင်ကြတယ်။ Customers တွေက တရုတ်၊ ထိုင်းနဲ့ samsaung, LG တို့လို အများကြီး သုံးကြပေမယ့် Nokia နဲ့ Sony Ericsson ဆိုရင် လူသုံးများပြီး Level လောက်ဖြစ်သွားပြီ။ Sony Ericsson က ဒီဇိုင်းပိုင်း ပိုအားကောင်းပြီး အခုနောက်ပိုင်း တော်တော် ကြိုက်ကြတယ်။ Nokia က အကြမ်းခံလို့ ကြိုက်ကြတာ။ အခုနောက်ပိုင်းကတော့ လူကြိုက် အများဆုံးက Nokia နဲ့ Sony Ericsson ပဲ။ တော်တော်များများပေါ့နော် မြို့နယ်တွေမှာလည်း ဖုန်းသုံးလို့ရပြီဆိုတော့ Mobile နဲ့ ပတ် သက်တဲ့ စီးပွားရေးတွေကောင်းလာမယ်လို့ထင်ပါတယ်။ အခုနောက်ပိုင်း ကတ်ဖုန်းတွေကို နံပါတ် အသေရမယ်လို့ကြားပေမယ့် Confirm တော့ ကျွန်တော်မသိသေးပါဘူး။ အဲဒီလို ဖြစ်လာရင်တော့ အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။ ဟန်းဆက် ဈေးနှုန်းကတော့ ဒီထက်တက်ဖို့တော့ မရှိပါဘူး။ ဈေးကတော့ကျမှာပဲ။ ဈေးကျမယ်ဆိုရင်လည်း ဒေါ်လာအခြေအနေပေါ်မူတည်သလို မော်ဒယ်အလိုက် အသစ်ထွက်ရင် အဟောင်းကနည်းနည်းတော့ကျမှာပေါ့။ အခုနောက်ပိုင်း Customers တွေက ဟန်းဆက်ဝယ်ရင် အသစ်တွေပဲဝယ်တာများတယ်။ တစ်ပတ်ရစ်တွေကိုတော့ဝယ်တာ မရှိသလောက်ပဲ။ ဘာလို့လဲဆိုရင် တစ်ပတ်ရစ်တွေက ဘာအာမခံချက်မှမရှိသလို ပစ္စည်းကလည်း ယုံကြည်စိတ်ချလို့မရတာကြောင့် ဟန်းဆက်အသစ်တွေ ဝယ်တာများပါတယ်'လို့ ပြောကြားခဲ့ပါတယ်။
Zinnia
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။