Home » , » ရွှေ့ပြောင်းအလုပ်သမားများနှင့် မလေးရှားအလုပ်သမား ဥပဒေပါ အခွင့်အရေးများ

ရွှေ့ပြောင်းအလုပ်သမားများနှင့် မလေးရှားအလုပ်သမား ဥပဒေပါ အခွင့်အရေးများ

Written By မောင်စေတနာ on Tuesday, January 5, 2010 | 11:27:00 PM



မေး
= မည်သို့သော အလုပ်သမားများသည် မလေးရှားအလုပ်သမား ဥပဒေပါ
အခွင့်အရေးများကို ခံစားခွင့်ရှိသနည်း။

ဖြေ = လစာငွေရင်းဂစ် ၁၅၀၀/ အောက်ဝင်ငွေရှိသော အလုပ်သမားအားလုံးခံစားခွင့်ရသည်။
အထွေထွေ အလုပ်သမားများအတွက်မူ လစဉ်ဝင်ငွေ
ဘယ်လောက်ပင်ဖြစ်စေအကြုံးဝင်သည်။ အလုပ်ရှင်နှင့် စာချုပ်ချုပ်၍
လုပ်ကိုင်နေသော အလုပ်သမားများလည်း အကြုံးဝင်သည်။

မေး = လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ ဘယ်အရာကိုခေါ်သနည်း။
ဖြေ = လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ လူတစ်ဦးသည် တခြားလူ
တစ်ဦးထံ၌ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင် ခြင်းကိုဆိုလိုပါသည်။
လုပ်ငန်းသဘောတူ စာချုပ်တွင် နှုတ်အားဖြင့်၎င်း စာအားဖြင့်၎င်း
( ၂ ) မျိုးရှိနိုင်ပါသည်။ အလုပ်သမား အနေဖြင့်လုပ်ငန်းသဘောတူ
စာချုပ်မိတ္တတစ်စောင်ကို သိမ်းစည်းထားခွင့်ရှိသည်။ ။ ။

မေး = မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ သည်ရွှေ့ပြောင်းအလုပ်သမား
အတွက်အကြုံးဝင်ပါသလား။

ဖြေ = ဟုတ်ကဲ့။ ရွှေ့ပြောင်းအလုပ်သမား များလည်း အကြုံးဝင်ပါသည်။

မေး = မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ တွင်မည်သို့သောအခွင့်
အရေးများကို တွေ့နိုင်ပါသနည်း။
ဖြေ = အလုပ်သမားတို့၏ ရပိုင်ခွင့်အားလုံး ပါဝင်ပါသည်။
ဆိုလိုသည်မှာ ပုံမှန်အလုပ်ချိန် ၊ သတ်မှတ်ချက် ၊အချိန်ပိုအလုပ်ရက်နှင့်
လုပ်အားခပေးချေမှု ၊ လုပ်သက်ခွင့် ၊ အများပြည်သူအားလပ်ရက်ခွင့်
ကျန်းမာရေးခွင့် ၊ လစာငွေ စသည်တို့ဖြစ်ကြပါသည်။
ထိုပြင်အလုပ်ရှင် အနေဖြင့် အလုပ်သမားထံမှ လစာငွေဖြတ်တောက်ခြင်း
ကိုဥပဒေ ဘောင်တွင်း မှသာဖြတ်တောက်ခွင့်ရှိသည်။ အမျိုးသမီးအနေဖြင့်
မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ။ ။

မေး = အကယ်၍ အလုပ်သမားတစ်ဦးသည် အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆို၍
လုပ်ကိုင်ခဲ့သော ၎င်းအနေဖြင့်၁၉၉၅ အလုပ်သမားဥပဒေနှင့် အကြုံးဝင်ပါသလား။

ဖြေ = ဟုတ်ကဲ့ အကြုံးဝင်ပါသည်။ စာချုပ်တွင် မည်သို့သောအခွင့်အရေးပါဝင်သည်ကို သေချာစွာကြည့်ရှပါ။
အလုပ်သမားဥပဒေသည်။ကောင်းမွန်သော်လည်း ထိုအခွင့်အရေးများ သင်၏စာချုပ်တွင် ပါဝင်ခြင်း
ရှိမရှိ စစ်ဆေးပါ။ မပါရှိခဲ့သော် ဖြည့်စွက်ရေးသားရန် တောင်းဆိုပိုင်ခွင့်ရှိသည်။

မေး = ပုံမှန်အလုပ်လုပ်ချိန် ဆိုသည်မှာ အဘယ်နည်း။

ဖြေ = အလုပ်ရှင် အလုပ်သမား လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုစဉ် သဘောတူညီထားသော ၏သာမန်အလုပ်ချိန်ကို ခေါ်ဆိုပါသည်။ပုံမှန်အလုပ်ချိန်တွင်

၁။ တစ်နေ့လျှင် ၈ နာရီသတ်မှတ်ပီး နားရက်ပါဝင်ပါသည်။

၂။ ၅ နာရီဆက်တိုက် အလုပ်လုပ်ခဲ့ရသော် မီနစ် ၃၀ ထက်မနည်းသော နားချိန်ကိုရရှိမည်။

၃။ တစ်ပတ်တွင် ၄၈ နာရီပုံမှန် အလုပ်ချိန်ရှိသည်။
အပြန်အလှန်ချုပ်ဆိုထားသော စာချုပ်တွင်တစ်နေ့ ၉ နာရီချုပ်ဆိုနိုင်သော်လည်း
တစ်ပတ်တွင် ၄၈ နာရီထက်မပိုရပါ။

မေး = အချိန်ပိုအလုပ်ချိန်ဆိုသည်မှာ ဘာကိုခေါ်ပါသနည်း။

ဖြေ = အချိန်ပိုအလုပ်ချိန်ဆိုသည်မှာ ပုံမှန်အချိန် ၈ နာရီထက်ကျော်လွန်၍လုပ်ရ
သော အလုပ်ချိန်ကို ဆိုလိုပါသည်။

မေး = အချိန်ပိုအလုပ်ချိန်အတွက် လုပ်အားခ မည်မျှရနိုင်ပါသနည်း။

ဖြေ = အချိန်ပို လုပ်အားခသည် အောက်ဖော်ပြပါအတိုင်း ရရှိရမည်။

၁။ သာမန်အလုပ်ရက်အတွက် အချိန်ပို ၁ နာရီလုပ်အားခသည် သာမန်အလုပ်ချိန် ၁နာရီလုပ်အားခ၏တဆခွဲ။

၂။နားရက်တွင် အလုပ်လုပ်ခဲ့ရသော် သာမန်အလုပ်ချိန် ၁ နာရီလုပ်အားခ၏နှစ်ဆ။

၃။အများပြည်သူ အားလပ်ရက်တွင် အလုပ်လုပ်ခဲ့ရသော် သာမန်အလုပ်ချိန် ၁နာရီလုပ်အားခ၏ သုံးဆရရှိရမည်။

မေး = အလုပ်သမား အနေဖြင့် တစ်လတွင် အချိန်ပိုအလုပ်ချိန် နာရီမည်မျှလုပ်ကို
နိုင်သည်ဟု အလုပ်သမားဥပဒေတွင် ကန့်သန့်ထားမှုရှိပါသလား။

ဖြေ = အလုပ်သမား တစ်ဦီးအနေဖြင့် တစ်လလျှင် အချိန်ပို ၁၀၄ နာရီထက်ကျော်လွန်၍
လုပ်ကိုင်ရန်မလိုပါ။

မေး = လုပ်ငန်းသဘောတူစာချုပ်တွင် လုပ်အားခပေးရမည့်အချိန်ကို
အသေးစိတ်ဖော်ပြ၍ လိုက်နာရန် အချက်အချက်အဖြင့် သတ်မှတ်ပေးထားပါသလား။

ဖြေ = လုပ်ငန်းသဘောတူစာချုပ်တွင် လုပ်အားခပေးရမည့်အချိန်နှင့်ပက်သက်၍
အသေးစိတ်ဖော်ပြရမည်။ တစ်လထက်ပို၍ ဖော်ပြခွင့်မရှိစေရ အကယ်၍မည်သည့်
သတ်မှတ်ချက်မှ ဖော်ပြမထားခဲ့သော် လုပ်အားခပေးရမည့်အချိန်သတ်မှတ်
ချက်ကို တစ်လဟု သတ်မှတ်နိုင်သည်။

မေး = အလုပ်ရှင် အနေဖြင့်လုပ်အားခကိုမည်သည့်အချိန်တွင်ပေးရမည်နည်း။

ဖြေ = လုပ်အားခ ( ဥပဒေနှင့် အညီဖြတ်တောက်ပြီး ) ကိုလုပ်အားခပေးရမည့်အချိန် ကျော်လွန်ပြီးနောက်
( ၇ ) ရက်ထက်မကျော်လွန်ပဲပေးဆောင်ရမည်။ အကယ်၍အကြောင်းတစ်စုံတစ်ရာကြောင့်
နောက်ကြ၍ပေးဆောင်ရန်ဖြစ်ခဲ့သော် လုပ်ငန်းရှင်အနေဖြင့် အလုပ်သမားဌာန
ညွန်ကြားရေးမှူးချုပ်ထံသို့တင်ပြပြီးလျှောက်ထားနိုင်သည်။

မေး = ဥပဒေနှင့်အညီ လာစာငွေဖြတ်တောက်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။

ဖြေ = ၎င်းတို့မှာ ဥပဒေအရခွင့်ပြုထားသော အလုပ်သမားဖူလုံရေးရန်ပုံငွေနှင့်အသက်အာမခံကြေး
ပေးဆောင်ရန်အတွက် ဖြတ်တောက်ခြင်းကိုဆိုလိုပါသည်။ အလုပ်သမားဥပဒေတွင် လွန်ခဲ့သော
၃ လက အကြောင်းတစ်စုံတစ်ရာကြောင့် အလုပ်ရှင်ထံမှ ချေးယူထားသော
ငွေအားဖြတ်တောက် ခွင့်ပြုထားပါသည်။ သို့သော်လည်းတစ်လစာလုပ်အားခထက်ပိုသော
ငွေကြေးဖြတ်တောက်ခြင်း ကို ခွင့်မပြုပါ။

မေး = ဥပဒေအရခွင့်ပြုထားသော အများဆုံးလစာငွေ ဖြတ်တောက်ခြင်း မှာ
ဘယ်လောက်ရှိပါသနည်း။

ဖြေ = လစာငွေ ဖြတ်တောက်မည့် ကာလတွင်အလုပ်သမားရရှိခဲ့သော်လုပ်အားခ၏ တဝက်ကိုသာ
ဖြတ်တောက်ခွင့်ရှိသည်။ ထိုကြောင့် အလုပ်သမားအနေဖြင့်လစာငွေ၏တစ်ဝက်ကိုရရှိရမည်။

မေး = လုပ်ငန်းသဘောတူစာချုပ် ပုံမှန်ပြီးဆုံးခဲ့သော် မည်သည့်အချိန်တွင်အလုပ်သမားအနေဖြင့်
မည်သည့်အချိန်တွင်အလုပ်သမားအနေဖြင့် လစာငွေမည်မျှရရှိမည်နည်း။

ဖြေ = လုပ်ငန်းသဘောတူစာချုပ် ပုံမှန်ပြီးဆုံးရန် တစ်ရက်အလိုတွင်
အလုပ်သမားအနေဖြင့် သူ၏လစာငွေကိုရရှိမည်။

မေး = ဥပဒေရ အမျိုးသမီးများ မလုပ်ကိုင်ရန် တားမြစ်ထားသောအလုပ်များရှိပါသလား။

ဖြေ = ဥပဒေရ အမျိုးသမီးများ မလုပ်ကိုင်ရန် တားမြစ်ထားသောအလုပအကိုင်များမှာ
မြေအောက်တွင်လုပ်ကိုင်ရသော လုပ်ငန်းများကိုအထူးတားမြစ်ထားသည်။
စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တွင်မူ ည ၁၀ မှ ၅ နာရီအတွင်းလုပ်ရသော
လုပ်ငန်းများအတွက် အလုပ်သမားဌာနညွန်ကြားရေးမှူးချူပ်၏ ခွင့်ပြုမိန့်ရရှိမသာလုပ်ကိုင်နိုင်မည်။

အစိုးရလေဘာရုံးနှင့် အလုပ်သမားသမဂ္ဂ ( MTUC ) ရှေ့နေများကောင်စီ၊ လူ့အခွင့်အရေး
( SUHAKAN ) တို့တွင်သွားရောက်အကူအညီတောင်းခံနိုင်ပါသည်။

မလေးရောက်မြန်မာများအတွက် ဗဟုသုတရစေရန်အတွက် သူရိယ စာစောင်မှကူးယူတင်ပြပါသည်။
အားလုံး အလုပ်အကိုင်များ တိုးတက်အောင်မြင်ကြပါစေ ... ဆန္ဒပြုလျှက် ...
Share this article :

1 comments:

~ဏီလင်းညို~ said...

ဒီပို့စ်လေးအတွက် ကျေးဇူးပါခင်ဗျာ...။
ခင်မင်တတ်တဲ့
ဏီလင်းညို

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။