Home » , » ပါမစ် နှင့် အလုပ်မတူ၍ ဖမ်းသွားသူ ၃၂ ဦးအား လဝကမှ ပြန်လည် ထုတ်နိုင်ခဲ့

ပါမစ် နှင့် အလုပ်မတူ၍ ဖမ်းသွားသူ ၃၂ ဦးအား လဝကမှ ပြန်လည် ထုတ်နိုင်ခဲ့

Written By မောင်စေတနာ on Thursday, September 25, 2014 | 11:37:00 PM


ပါမစ် နှင့် အလုပ်မတူ၍ ဖမ်းသွားသူ ၃၂ ဦးအား လဝကမှ ပြန်လည် ထုတ်နိုင်ခဲ့
**************************************************************************

မလေးရှား
သတင်း (၂၄.၉.၂၀၁၄)

မလေးရှား နိုင်ငံ ဂျိုဟိုး - စီနိုင်း ရှိ Flextronic Techonology Sdn Bhd စက်ရုံတွင် တရားဝင်လာရောက်လုပ်ကိုင်သော မြန်မာနိုင်ငံသား ၃၂ ဦးအား ဂျိုဟိုး ၊ လဝက မှ ဝင်ရောက်စစ်ဆေးရာ ပါမစ်ရှိသော်လည်း လုပ်နေသောအလုပ်နှင့် ပါမစ်မတူညီသောကြောင့် လုပ်ကိုင်နေသူ ၃၂ ဦးလုံးအား ဖမ်းဆီးထိမ်းသိမ်ခဲ့မှု လွန်ခဲ့သော 9.9.2014 က ဖြစ်ပွားခဲ့သည် ။

ထိုသို့ပါမစ်ရှိပြီး အလုပ်နှင့်ပါမစ်မတူညီသောကြောင့် ဖမ်းဆီးသဖြင့် ဖမ်းခံရသူများမှ မြန်မာသံရုံးရှိ အလုပ်သမားရေးရာ သံအရာရှိ ၊ ဂျိုဟိုး လူမှုရေး ကူညီပေးနိုင်ငံများ အကူညီတောင်းခဲ့ရာမှ မြန်မာသံရုံးတာဝန်ရှိသူများ ဂျိုဟိုးမြန်မာဆိုင် မိသားစုများသည် ဂျိုဟိုးလဝက သို့သွားရောက်ကာ ပါမစ်ရှိလျှက် ဖမ်းဆီးခံရမှုကြောင့် ပြန်လည်လွတ်မြောက်ရန် လဝကသို့တောင်း ဆိုခဲ့ကြကြောင်းသိရသည် ။

လဝကမှ ထိုအလုပ်သမား ၃၂ ဦး ၏ မူရင်းပတ်စပို့ဖြင့် အေးဂျင်းမှ တာဝန်ယူထုတ်ပါက ပြန်လည်လွတ်ပေးမည့်အကြောင်း လဝကမှ ပြန်လည်အကြောင်းပြန်ခဲ့ကြောင်းသိရသည် ။

တာဝန်ရှိသူများ ၊ တာဝန်သိသူများ ဝင်ရောက်ဖြေရှင်းခဲ့ကြသော်လည်း ထို အလုပ်သမား ၃၂ ဦး၏ မူရင်းပတ်စပို့များသည် ဂျိုဟိုးစက်ရုံတွင်မရှိပဲ ကွာလာလမ်ပူရှိ မလေးအေးဂျင်းရုံးတွင်သာ ရှိကြောင်း သိရပြီး ၂၄ နာရီအတွင်း လာရောက် မဆောင်ရွက်သောကြောင့် အဆိုပါ ပါမစ်ရှိသူ ၃၂ ဦးလုံး ကံဆိုးစွာပင် Lock Up သို့ပို့ဆောင်ခံခဲ့ကြရသည် ။ ယမာန် ၂ ပတ် အချုပ်ခံခဲ့ကြရသည် ။

သို့ကြောင့်မြန်မာအလုပ်သမားများ နစ်နာမှုအတွက်ကွာလာလမ်ပူရှိ အေးဂျင်းအား ဂျိုဟိုးသို့ခေါ်ယူကာ လဝကတွင် ဖြေရှင်းသောအခါမှ ၁၈.၉.၂၀၁၄ တွင် ၂၆ ဦး ပထမ အသုတ် လွတ်မြောက်လာကြပြီး ဒုတိယ အသုတ်အနေဖြင့် ယနေ့ ၂၂.၉.၂၀၁၄ တွင် ၆ ဦး လွံတ်ကာ အားလုံး ပြန်လည် လွတ်မြောက်လာခဲ့ကြရသည် ။ ထိုသိုမာျးကို လည်းလက်ရှိလုပ်ကိုင်နေသော စက်ရုံတွင်ပင် အလုပ်သမား လွဲပြောင်းကြောင်း သဘောတူစာချုပ်ဖြင့် ဆက်လက်လုပ်ကိုင်ခွင့်ရရှိခဲ့ကြသည် ။

အထက်ပါအဖြစ်အပျက်သည် မြန်မာနိုင်ငံမှ မလေးရှားသို့လာရောက်လုပ်ကိုင်သူများ၏ မသိနားမလည်မှုကို အခြေခံကာ ကုမ္မဏီ အမည်ခံပြီး အခြားစက်ရုံသို့ အလုပ်သမားအဖြစ်ငှားစားကာ လစာအပေါ်တွင် ဖြတ်ယူခြင်းဖြစ်ကြောင်း မြန်မာသရုံးမှ အလုပ်သမားရေးတာတာဝန်ခံမှ ပြောကြားပြီး ထိုသို့ပို့ဆောင်သော မြန်မာပြည်ရှိ အလုပ်အကိုင်အေဂျင်စီများကို အရေးယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးသွားခဲ့ကြသည် ။

ဆက်လက်ပြီး မလေးရှားတွင်ရောက်ရှိနေသော အလုပ်သမားအသစ်များ ၊ လာရောက်မည့် သူများအနေဖြင့်အောက်ပါအချက်များကို သတိပြုရန် မြန်မာအလုပ်သမားရေးရာတာဝန်ခံ နှင့် မလေးရှား အာဏာပိုင်တို့မှ သတိပေးချက်ထုတ်ပြန်ကြောင်း သိရှိရသည် ။

မြန်မာအလုပ်သမားများနောက်ပိုင်းမလေးရှားသို့လာရောက်ရာတွင် တာဝန်ရှိသး မလေးရှားရှိ အလုပ်သမားရေးရာတာဝန်ခံမှ မလာရောက်မီ စက်ရုံများကို စစ်ဆေးပြီး သေချာကြောင်းသိရှိရမှသာ မြန်မာပြည်မှ အလုပ်သမားများ မလေးရှားသို့လာရောက်ခွင့်ပြုကြောင်း ..

ထိုသို့ စစ်ဆေးမှုမခံယူပဲ ခွင့်ပြုချက် အတုများ ပြုလုပ်ကာ မြန်မာအလုပ်သမားများကို မလေးရှားသို့စေလွတ်မှုများရှိနေကြာင်း ...

ထို့သို့သော အေးဂျင်းများကြောင့် မလေးရှားတွင် လစာ ၊ ရပိုင်ခွင့်များ ဆုံးရှုံးမများအပြင် အိုဗာစတေး ဘဝသို့ရောက်ရှိသွားသူများစွာရှိခဲ့ကြောင်း ..

ထိုသူများအား ဖော်ထုတ်ကာ လုပ်ပိုင်ခွင့်များကို ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြေင်း...

မလေးရှားသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ ပါမစ်နှင့် အလုပ်မတူညီပါက တရားဝင်လွဲပြောင်းစာတောင်းခံရန် အထူးလိုအပ်ကြောင်း ..

မလေးရှားလဝက မှ စစ်ဆေးမှုများတွင် ထိုသို့ ပါမစ်နှင့်အလုပ်အကိုင်မတူညီသူများကို အလုပ်သမားလွှဲပြောင်း စာချုပ်မရှိပါက စစ်ဆေးရန် ခေါ်ဆောင်သွားနိုင်ကြောင်း....

မြန်မာနိုင်ငံမှတာဝန်ရှိသူများအနေဖြင့် မလေးရှားသို့ ဖရီးကောလင်း မလွှတ်သော်လည်း မလေးရှားသို့ ဖရီးကောလင်းအနေဖြင့် ဝင်ရောက်နေမှုများရှိကာ အလုပ်သမားများအား ကုမ္မဏီ အမည်ခံပြီး ငှားရမ်းကာ လစာ အပေါ်တွင်အမြတ်ထုတ်မှုများရှိကြောင်း .. ပါမစ်သက်တမ်းတိုးမရမှုများ ၊ လစာ ကွာဟမငများဖြစ်နေကြောင်း နှင့်

ထိုသို့ ဖြစ်ခဲ့ပါက မြန်မာသံရုံးရှိ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ချက်ချင်းလာရောက်တိုင်ကြားကြပါရန် သတိပေချက် ထုတ်ပြန်ထားကြောင်း ကို မလေးရှားရောက်မြန်မာများ သိရှိရန် တင်ဆက်ပေးသည် ။

Ref : မြန်မာအလုပ်သမားရေးရာတာဝန်ခံ (မလေးရှား)

Post By...
မလေးရှားရောက်မြန်မာများ facebook စာမျက်နှာ
www.facebook.com/mmrinmy
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။