Home » , » မလေးရှားနိုင်ငံအတွင်း နေထိုင်သော ညီအစ်ကို မောင်နှမများ ဖတ်ရန်

မလေးရှားနိုင်ငံအတွင်း နေထိုင်သော ညီအစ်ကို မောင်နှမများ ဖတ်ရန်

Written By မောင်စေတနာ on Saturday, September 13, 2014 | 11:25:00 PM


မလေးရှားနိုင်ငံအတွင်း နေထိုင်သော ရွှေမြန်မာ ညီအစ်ကို မောင်နှမဖတ်ရန် (အထူး သတိပေးချက်)

ယခုလ စက်တင်ဘာမှ စတင်၍ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးစစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခု ဖမ်းဆီးမှုများသည် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၏ အထူးအစီအစဉ်ဖြစ်ပြီး လဝက ၊ အထူးရဲများ ၊ ရေလာများ ၊ ရဲ ၊ ပြည်သူ့စစ် စသည့် အင်အား ၁၀၀၀၀ ကျော်ဖြင့် မလေးရှားနိုင်ငံ နေရာအနှံ့ ဖမ်းဆီးမည်ဖြစ်ပြီး အရပ်ဝတ် ထောက်လှမ်းရေးများ ၊ အထူး ရဲတပ်ဝင်များ ပါဝင်ကြောင်း သိရသည် ။

အော်ပရာဇီ စစ်ဆင်ရေးကို မလေးရှား နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်မည်ဖြစ်ပြီး မလေးရှား  လဝက ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ်၏ ပြောကြားချက်အရ ယခု ၂၀၁၄ နှောင်းပိုင်းတွင်  တရားမဝင် နိုင်ငံခြားသား တစ်သောင်းကျော်အား ဖမ်းဆီးမိမည်ဟု သတင်းဌာနများသို့ လွန်ခဲ့သောလက ပြောကြားခဲ့သည်။

ထို့ကြောင့် မိမိတို့ လုပ်နေသော အလုပ် နှင့် ပါမစ် မတူညီပါက စာအုပ်ပါ ပါမစ် ရှိ အလုပ်ရှင်ထံမှ အလုပ်သမား လွဲပြောင်းကြောင်း သဘောတူ စာချုပ် ကို ရရှိထားမှသာ လဝက ဖမ်းဆီးစစ်ဆေးမှုမှ  လွတ်မြောက်မည်ဖြစ်သည်။

ယခု ကာလသည် မလေးရှားအစိုးရမှ ပါမစ် နှင့် အလုပ်တူညီမှုရှိမရှိ ၊ သူဌေး တာဝန်ယူမှုရှိမရှိ  စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖမ်းဆီးသူ လဝက အရာရှိမှ ပြောကြားသွားခဲ့သည်။

အထောက်အထား မရှိသူများအတွက် (အထောက်အထား မခိုင်လုံသူများ) သတိပေးချက်များ ...

၁။ 13.14.15.16.17.22.25.27.30 ရက်နေ့များတွင် သတိထား ကြပါရန် -

၂။ ယခု ရက်ပိုင်းအတွင်း အပြင်ထွက် သွားလာခြင်း ရှောင်ကြည်ရန် -

၃။ နိုင်ငံခြားသား အများဆုံးနေထိုင်သော နေရာဒေသ ရပ်ကွက်များကို အဓိကထား ဖမ်းဆီးမည် ဖြစ်ပါသဖြင့် သတိထား နေထိုင်ရန် -

၎။ မိမိတို့ နေထိုင်သော နေအိမ်အတွင်း အလုပ်အတွင်း ဆူပူခြင်း ၊ စကားများခြင်း ၊ ရန်ဖြစ်ခြင်းများ ရှောင်ကြည်ရန်

၅။ အထောက်အထားများ စာရွက်စာတမ်းများကို မိမိနှင့်အတူ တစ်ပါတည်း ယူဆောင်သွားလာရန်

၆။ ဖုန်းထဲတွင် ပိုက်ဆံ အမြဲထည့်ထားပါ။ (အရေးပေါ် ကိစ္စဖြစ်လျှင် မိမိတို့ သူငယ်ချင်း များကို ဆက်သွယ်နိုင်မည်။)

၇။ လူစည်ကားသော နေရာများ ၊ စားသောက်ဆိုင်များ ၊ ရပ်ကွက်များကို သတိထား သွားလာကြပါ။

၈။ ညအိပ်ရာဝင်အချိန်တွင် သတိထားပြီး နိုးနိုးကြားကြား အိပ်ကြပါ။

၉။ ရဲအဖမ်းခံရလျှင် မကြောက်ပါနှင့် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ဆံ ဖြေရှင်းပါ။

၁၀။ ယခု ဖမ်းဆီးမှုသည် မလေးရှားနိုင်ငံ အတွင်း တရားမဝင်နေထိုင်သော နိုင်ငံခြားသားအများဆုံး တည်ရှိသော နေရာများကို အဓိကပြစ်မှတ်ထားပြီး ဖမ်းဆီးမည် ဖြစ်သဖြင့် မည်သည့်နေရာမဆို သတိထားပြီး နေထိုင်ရမည်။

မလေးရှားနိုင်ငံအတွင်း နေထိုင်သော အချိန်အတွင်း ဂရုစိုက် ၊ သတိထားပြီး လိုက်နာ ဆင်ခြင်ပါက မိမိ အတွက်ရော အခြားသူများ အတွက်ပါ အကျိုးရှိစေပြီး ဘေးရန် အန္တရာယ်ကင်းဝေးပြီး အရာအားလုံး အဆင်ပြေမှာ ဖြစ်ပါတယ်။

မလေးရှားရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ အားလုံး ဘေးရန်ကင်းဝေးပြီး အလုပ်အကိုင်များ အဆင်ပြေကြပါစေ။

ယခုသတင်းကို မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် ရွှေမြန်မာ ညီအစ်ကို မောင်နှမ သိရှိရန်အတွက် တစ်ဆင့် ပြန်ရှယ်ပြီး မျှဝေပေးကြပါ။

ထူးခြားသော မလေးရှား သတင်းများကို ဆက်လက် တင်ဆက်ပေးသွားပါမည်။

နေဇော်လင်း (ROMM)

Admin
Nay Zaw Lin1 @ နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။