Home » , , » 6Pပတ်စပို့ စာအုပ် သက်တမ်းတိုးခြင်း အတွက် သံရုံးထုတ်ပြန်ချက်

6Pပတ်စပို့ စာအုပ် သက်တမ်းတိုးခြင်း အတွက် သံရုံးထုတ်ပြန်ချက်

Written By မောင်စေတနာ on Sunday, September 14, 2014 | 5:35:00 PM

 
မလေးရှား ကြော်ငြာချက် (မြန်မာသံရုံး) မလေးရှားအစိုးရပြုလုပ်သည် ၂၀၁၁ ဇူလိုင်လမှ ၂၀၁၂ ဧပရယ် လအထိ ပြုလုပ်ခဲ့ပြီး မြန်မာသံရုံးမှာ မလေးရှားသို့ အကြောင်းအမျိုးမျိုးဖြင့် ဖရာက်ရှိလာသော မြန်မာနိုင်ငံသားများကို 6P တွင်ပတ်စပို့စာအုပ် ထုတ်ပေးခဲ့သည် ။ 

ထိုသို့ထုတ်ပေးရာတွင် မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမှ ပတ်စပို့ထုတ်ယူခြင်းမရှိခဲ့သော သူများကိုလည်း စာအုပ်ထုတ်ပေးခဲ့သည် ။ 6P အမှီ စာအုပ်ထုတ်ပေးခဲ့သည် ။ 

ထိုသို့မြန်မာနိုင်သံရုံး၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခွင့်အရေးယူကာ အောက်ပါ ကိစ္စရပ်များ 6P တွင် ပေါ်ပေါက်ခဲ့ပါသည် ။ ၁. မှတ်ပုံတင် အချက်အလက်များ ပြောင်းလဲကာ ပတ်စပို့လျှောက်ထား ကိုင်ဆောင်ခြင်း (နာမည်ပြောင်း ၊ မွေးနေ့ပြောင်း) 

၂. စာအုပ် ရှိနေလျှက် ယခင် စာအုပ်ထုတ်ယူလျှောက်ထားဖူးခြင်းမရှိဟုဆိုကာ ပတ်စပို့စာအုပ် ၂ အုပ်ကိုင်ဆောင်ခြင်း 

၃. အချို့လျှောက်ထားသူများမှ အချက်အလက်မမှန်ကန်သော စာရွက်များပြုလုပ်ကာ စာအုပ်လျှောက်ထားခြင်း 

၎. အဆိုပါ မမှန်မကန်စာရွက်များ များလာသောအခါ နိုင်ငံသားမဟုတ်သူများလည်းပါဝင်လာနိုင်ကြောင်း သံသယဖြစ်ပွားလာရခြင်း စသည့် အခြေအနေများကို ရင်ဆိုင်လာခဲ့ရသည် .။ 

 ထိုသို့ တရားဝင်ဆောင်ရွက်မှုကို မြန်မာ အလုပ်သမားအတွက် ပေးခဲ့သော်လည်း အချို့သော သူများမှ ကိုယ်ကြိုးစီးပွားသာကြည့်ပြီး မရိုးသားသော ဆောင်ရွက်မှုများ ကြောင့် ဖြစ်ပေါ်လာသော အခြေအနေများကို သုံးသပ်ကာ 6P အစီအစဉ်တွင်ထုတ်ပေးခဲ့သော စာအုပ်များကို မဖြစ်မနေ အချက်အလက်များ ပြန်လည်စစ်ဆေးရန် အတွက် မလွဲမရှောင်သာ ဆုံးဖြတ် ခဲ့ရသည် ။ 

သို့ကြောင့် ထုတ်ပေးခဲ့သော 6P စာအုပ်များ သက်တမ်း (၃) နှစ်ပြည့်၍ သံရုံးသို့လာရောက် သက်တမ်းတိုးသည့်အခါ မြန်မာနိုင်ငံပြည်ထဲရေး ဝန်ကြီးဌာန (မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ဆိုင်ရာ) ၊ လူဝင်မှုကြီးကြပ်ရေးဌာန နှင့်ပြည်သူ့အင်အား ဦးစီးဌာန (နိုင်ငံသားစီစစ်ရေး ဆိုင်ရာဌာန) သို့အချက်လက်များ ဆက်လက်တင်ပြကာ ထိုဌာနများ၏ ခွင့်ပြုချက်ရပြီးကာမှ ပတ်စပို့ သက်တမ်းတိုးခြင်းအား လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးခဲ့သည် ။ 

ထိုသို့သက်တမ်း တိုးခြင်းများအပြင် ပြည်ပရှိမြန်မာနိုင်ငံသားများ ကလေးမွေးဖွားပါက ထိုကလေးအား နိုင်ငံသားဖြစ်ကြောင်း အထောက်အထား ထုတ်ပေးခြင်း ၊ ပျောက်ဆုံး ပျက်ဆီးပတ်စပို့များကို အသစ်ပြန်လည်ထုတ်ပေးရန် အတွက် လျှောက်ထားပေးခြက်းတို့ကိုလည်း သက်ဆိုင်ရာ ဌာနများသို့ ဆက်လက်တင်ပြ၍ ပတ်စပို့ထုတ်ပေးခြင်း ကို ဆောင်ရွက်ပေးရသည် ။ 

လက်ရှိ မြန်မာသံရုံး(ကွာလာလမ်ပူ) သို့ ၂၀၁၄ မတ်လ ၁၀ ရက်နေ့မှ ယနေ့အထိ 6P နိုင်ငံကူးလက်မှတ် သက်တမ်းတိုးကိစ္စများကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်တိုက် ဆက်လက် တင်ပြကာ ခွင့်ပြုမိန်များတောင်းခံပြီး ရရှိသည်နှင့်  စာအုပ်သက်တမ်းတိုးပေးခဲ့ကာ 14.3.2014 မှ ယနေ့အထိ သက်တမ်းတိုး သူ ၄၈၀၂ ဦး ရှိခဲ့ပြီး ထိုသူများထဲမှ ၃၁၃၅ ဦး အား စစ်ဆေးအတည်ပြုပြီးကာစာအုပ် သက်တမ်းတိုးပေးခဲပြီးဖြစ်သည် ။ ထိုသူများကိုလည်း ယခု မြန်မာသံရုံး ၏ တရားဝင် အင်တာနက်စာမျက်နှာတွင် နေ့စဉ် ဖော်ပြပေးခဲ့သည် ။ 

http://myanmarembassy-kl.org/ တွင်မည်သူမဆို ဝင်ရောက် စစ်ဆေးကာမိမိ သက်တမ်းတိုးထားသော ရက် ၊ စာအုပ် အချက်လက် ၊ ခွင့်ပြုမိန့်ကျမကျ အား သိရှိနိုင်သည် ။ အားလုံး ဖော်ပြထားပေးခဲ့ပါသည် ။ ကျန်ရှိသူများအား စစ်ဆေးရာတွင် စာအုပ်လျှောက်ထားစဉ် ကနဦးတည်းက နာမည် ၊ မှတ်ပုံတင် ၊ မွေးနေ့ စသော အချက်လက်များ ကို မှားယွင်းစွာ ဖြည့်စွက်ထားမှုများ ရှိနေခြင်းကြောင့် များစွား ကြန့်ကြာလျှက်ရှိနေသည် ။ 

ထိုသူများ မြန်မာသံရုံးသို့ ထပ်မံလာရောက်ကာ အချက်လက် များ မှန်ကန်အောင် ပြန်လည်ပြင်ဆင်ပေးမည် ဆိုပါက ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည် ။ စာအုပ် သက်တမ်းတိုးရန်ခွင့်ပြုချက် မရသေးသူများ အားလုံး အနေဖြင့် မြန်မာသံရုံးသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း အသိပေးသည် ။ 

 နိုင်ငံကူးလက်မှတ်ဟူသည် နိုင်ငံတစ်ခုမှ တစ်ခုသို့ကူးသော အခါ အသုံးပြုသော စာရွက် ၊ စာအုပ်မဟုတ်သကဲ့သို့ မိမိ  မည်သည့်နိုင်ငံသားဖြစ်ကြောင်း စီစစ်ပြသသည့် အထောက်အထား တစ်ရပ်ဖြစ်သောကြောင့် နိုင်ငံသားများ အရေးအတွက် ယခုကဲ့သို့ ပြန်လည်စီစစ်နေရခြင်းဖြစ်ပြီး ထို့အတွက်လည်း နိုင်ငံသားစီစစ်ရေး ကဒ်ပြားမူရင် ။ မိတ္တူများ တောင်းယူနေရခြင်း ဖြစ်သည်ကို 6P သက်တမ်းလာရောက်တိုးသူများ သိရှိစေလိုပါသည် ။ 

သို့ကြောင့် ဆက်လက် သက်တမ်း တိုးမည့်သူများ အနေဖြင့် လျှောက် လွှာဖြည့်စွက် ရာတွင် မှန်ကန်စွာ ဖြည့်စွက် ပေးခြင်းဖြင့် ဆောင်ရွက်မှု ပိုမိုမြန်စွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ဖော်ပြ အပ်သည်ဟု 6P သက်တမ်းတိုး သူများ အနေဖြင့် သိရှိရန်လိုအပ်သော ကြော်ငြာချက်ကို မြန်မာသံရုံး (ကွာလမ်လမ်ပူ) အင်တာနက်စာမျက်နှာ http://myanmarembassy-kl.org/ တွင် တင်ဆက်ထားကြောင်း ... 

မလေးရှားရောက်မြန်မာများ သိရှိရန် ဖော်ပြပေးရပါသည် ။ 

မလေးရှားရောက်မြန်မာများ Official Facebook စာမျက်နှာ 
www.facebook.com/mmrinmy
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။