Home » , » MH-17 လေယာဉ်ကိစ္စတွင် အားလုံးအမှန်ချည်းပါပဲဟု ပူတင်က အက်ဘော့ထ်သို့ ပြောကြား

MH-17 လေယာဉ်ကိစ္စတွင် အားလုံးအမှန်ချည်းပါပဲဟု ပူတင်က အက်ဘော့ထ်သို့ ပြောကြား

Written By မောင်စေတနာ on Tuesday, July 22, 2014 | 4:25:00 PM

 
ဆစ်ဒနီ၊ ဇူလိုင် ၂၁ ရုရှားသမ္မတဗလာဒီမာပူတင် သည် သြစတြေးလျဝန်ကြီးချုပ် တို နီအက်ဘော့ထ်နှင့် တယ်လီဖုန်းဖြင့် စကားပြောဖြစ်သည်။ ထိုသို့ပြောရာ ၌ MH-17 ကိစ္စတွင် အားလုံးအမှန် ချည်းပါပဲ''ဟု ပူတင်ကဆိုသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ညပိုင်း၌ စကားပြောကြခြင်းဖြစ်သည်။ 

သူတို့ ယခု စကားပြောကြခြင်းမှာ မ လေးရှားလေယာဉ် MH-17 ပစ်ချ ခံရပြီးကတည်းက ပထမဆုံးစကား ပြောကြခြင်းဖြစ်သည်။ ဒတ်ခ်ျဝန်ကြီးချုပ်မာ့စ်ရူးထ်၊ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မ ရွန်နှင့် ပြင်သစ်သမ္မတဖရန်စွာဟော် လန်ဒေး တို့ကလည်း တယ်လီဖုန်း ဖြင့် ဆက်သွယ် စကားပြောရာ၌လေ ယာဉ်ပစ်ချခံရသည့် ကိစ္စကို နိုင်ငံတကာစုံစမ်းစစ်ဆေးရေးပြုလုပ်ရာ တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပူတင်ကို ဖိအားပေးကြသည်။ ပူတင်နှင့် ဆွေးနွေးသောကိစ္စ ကို ထုတ်ဖော်ပြောကြားခြင်းမပြုချေ။ 

လေယာဉ်ပျက်ကျသော နေရာသို့ နိုင်ငံတကာ ကျွမ်းကျင်သူများကစုံစမ်း စစ်ဆေးမှုများပြုလုပ်ရန် စိတ်ချလက် ချသွားနိုင်ရေးအတွက် ရုရှားလိုလားသော ခွဲထွက်ရေးသမားများအပေါ် အရှိန်သြဇာအသုံးပြုရန်မှာ ရုရှား ၏ တာဝန်ဖြစ်သည်ဟု ဆိုသည်။ သြစတြေးလျဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ ဆွေးနွေးရန် မရည်ရွယ် ကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ စကား ပြောရသောအခါ ကောင်းကြောင်း၊ အရာအားလုံးအဆင်ပြေသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ စုံစမ်းစစ် ဆေးသူများ လေယာဉ်ပျက်ကျရာ နေရာသို့ စိတ်ချလက်ချသွားနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ပူတင်က ဆိုသည်။ 

အက်ဘော့ထ်ကမူ MH-17 လေယာဉ်ပျက်ကျခြင်းကိစ္စကို နိုင်ငံ တကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကြိုးပမ်းရာ၌ ရုရှားက ပူးပေါင်းပါ ဝင်ခြင်း မရှိခြင်းကို ဒေါသထွက် ကြောင်း သူက တခြားကမ္ဘာ့ခေါင်း ဆောင်များကို ပြောပြသည်ဟုဆိုသည်။ မလေးရှားလေယာဉ်ကို ပစ်ချ ခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်သည်ဟု အက်ဘော့ထ်ကဆို သည်။ 

ထို့ပြင် ထိုရာဇဝတ်မှုတွင် သူပါဝင်ပတ်သက်ခြင်းမရှိဟုခေါင်း ရှောင်ရန် ကြိုးပမ်းနေသည်ဟူ၍ လည်း အက်ဘော့ထ်က ပူတင်ကို စွပ်စွဲလိုက်သည်။ ပူတင်ကမူ လေ ယာဉ်ပျက်ကျမှုတွင် သူပါဝင်ပတ် သက်မှုမရှိဟု ငြင်းဆိုသည်။ သေဆုံးသူများ၏ အလောင်း များကို ပြန်ရရေးနှင့် သေတ္တာနက်ပြန် ရရေး ကြိုးပမ်းရာတွင် ကူညီမည်ဟု ပူတင်က ဒတ်ခ်ျဝန်ကြီးချုပ်နှင့်စကား ပြောရာတွင် ကတိပေးကြောင်း ဒတ်ခ်ျ အစိုးရသတင်းစာ RVD ၏ ပြော ရေးဆိုခွင့်ရှိသူ အမျိုးသမီးက AFP သို့ပြောပြသည်။ 

Ref: AFP 
မူရင်း သတင်း - Yangon Media Group 

 Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။