မလေးရှား ပါမစ်ကိစ္စများနှင့် ပါတ်သက်၍ သိရှိစေရန်
(မလေးရှားရောက် မြန်မာများ ဖတ်ရန်)
သံရုံးမှာ စာအုပ်အသစ်လျှောက်ထားခြင်း အကြောင်းအရာများကို
အားလုံးပဲ သိရှိထားပြီးဖြစ်ပါလိမ့်မယ်။
ယခု ပါမစ်ကိစ္စအကြောင်း ကျွန်တော်သိရှိသလောက်ပြောပေးချင်ပါတယ်။
လက်ရှိ EVER FINE မှ ပါမစ်ဈေးနှုန်းများကတော့
ဆားဗစ်................... RM 3800
စက်ရုံ .................... RM 3200
ဆောက်လုပ်ရေး ........RM 3200
စိုက်ပျိုးရေး................. RM 2500 တို့ဖြစ်ကြပါတယ်။
အပြင်မှာ ပါမစ်ကို ပွဲစားများနှင့် ပြုလုပ်လျှင် အပေါ်က
ဈေးနှုန်းထက် ၁၅၀၀ မှ ၂၀၀၀ အထိ ဈေးရှိပါတယ်။
ဥပမာ ပါမစ်တစ်ခုကို စိုက်ပျိုးရေး................. EVER FINE မှာ
RM 2500 ဆိုလျှင် အပြင်မှာ ကိုယ့်ဘာသာ လုပ်မယ်ဆို ၄၆၀၀ လောက်
ပေးရပါတယ်။
မလုပ်ခင်သေချာ မေးမြန်း စုံစမ်းပြီး စဉ်းစားပြီး လုပ်ကြပါ။
ပြီးစလွယ်မလုပ်နှင့် ပြီးစလွယ်ပါမစ်ကို လုပ်လိုက်ရင် နောင်နှစ်ကျရင်
ပါမစ်သက်တမ်းတိုးလျှင် မိမိတို့ ပါမစ်တင်ထားတဲ့ ကုမ္ပဏီက ဘဖက်လစ်
ဖြစ်သွားခဲ့ရင် ပါမစ်သက်တမ်းတိုးလို့ မရတော့ပါဘူး ...
စာအုပ်လက်ဝယ် ရရှိထားပြီးသူများအနေဖြင့်
ပါမစ် စအပ်လျှင် 360 အရင်သွင်းရပါတယ်။
ထိုမှ ၁ လကျော်အတွင်းမှာ Approval ပြန်ကျလာမှာဖြစ်ပြီး
1500 ထပ်မံပေးသွင်းရမှာ ဖြစ်ပါတယ်.။
ထိုမှ တဆင့် ဆေးစစ်ပြီးနောက် အထောက်အထား စာရွက်တစ်ခု ရရှိမှာပါ။
မည်သည့်ရဲမျှ အနှောက်အယှက်ပေးလို့ မရဘူးလို့ သိရှိရပါတယ်။
နောက်ထပ် ၁လကျော်အတွင်းမှာ စာအုပ်နှင့် ပါမစ် တွဲရက် ရရှိနိုင်ပြီး
ငွေ အကြေပေးသွင်း၍ ထုတ်ယူရရှိနိုင်ပါပြီ.။
ကြော်ငြာနေခြင်း မဟုတ်ပါ။
မေးမြန်းမှု အများအပြားရှိနေသည့်အတွက်ကြောင့်
အကယ်၍ ဆန္ဒရှိလျှင် လုပ်ဆောင်နိုင်ရန်
စေတနာဖြင့် သွားရောက်မေးမြန်း၍ တင်ပေးရခြင်းဖြစ်ပါတယ်။
ကွဲလဲမှု အနည်းငယ် ရှိနိုင်ပေမယ့် ညစ်ညမ်းသော Comment များအား
လုံးဝ (လုံးဝ) လာရောက်ရေးသားခြင်း မပြုကြပါနှင့်။
ထပ်မံ၍ စာအုပ်လျှောက်ထားသူများအနေဖြင့် စာအုပ်ထွက် မထွက်
သိရှိနိုင်ရန် အောက်ပါလင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/malay.passport
6P စာအုပ် သက်တမ်းတိုးထားသူများအနေဖြင့် စာအုပ်ထွက် မထွက်သိရှိနိုင်ရန်
အောက်ပါလင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/everfineservices
အသေးစိပ်သိရှိလိုပါက ဖုန်းနံပါတ် 0183559540 ၊ 0183101580 ၊ 0182210626
များသို့ ဆက်သွယ်စုံစမ်း သိရှိနိုင်ပါတယ်။
ဒီသတင်းကို EVER FINE သို့ကိုယ်တိုင် သွားရောက်ပြီး မေးမြန်းစုံစမ်းပေးတဲ့
Free Online Radio Media (Malaysia) မှ (လမ်းပြကြယ်) ကိုကျေးဇူးတင်ပါသည်။
နေဇော်လင်း1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - www.facebook.com/nayzawlin15
0 comments:
Post a Comment