Home » , » မလေးရှားမှာ ဆိုင်ကယ်စီးသူများ သတိထားဖို့ အတွက် ဒီပိုစ့်လေး ဖတ်ပြီး သင်ခန်းစာယူပါ။

မလေးရှားမှာ ဆိုင်ကယ်စီးသူများ သတိထားဖို့ အတွက် ဒီပိုစ့်လေး ဖတ်ပြီး သင်ခန်းစာယူပါ။

Written By မောင်စေတနာ on Saturday, July 26, 2014 | 3:45:00 PM

 
မနေ့က ဂိမ်းဆိုင်မှာ အလုပ်လုပ်နေတဲ့ ညီလေး တစ်ယောက် ညပိုင်း ၁ နာရီကျော် အချိန်မှာ ဂျလန်အီပို့ လမ်းမှာ ဓားပြ တိုက်ခံရတယ်။ ဖြစ်ပုံက ဒီလို ... ဂိမ်းဆိုင်မှာ သူက နေ့တိုင်း ဂိမ်းဆိုင် ၃ ဆိုင်က ငွေတွေကို ညပိုင်း အချိန်တွေမှာ လိုက်သိမ်း ရပါတယ်။ 

 ဆာလာရမ်းမှာ ရှိတဲ့ ဂိမ်းဆိုင်ကနေ ဂျလန်အီပို့မှာ ရှိတဲ့ ဆိုင်ကို ပြန်လာတဲ့ အချိန်မှာ (ရဲအတု ယောင်ဆောင်ထားတဲ့ လူနှစ်ယောက်က) နောက်ကနေ ဆိုင်ကယ်နဲ့ တက်လာပြီး သူတို့က ရဲလို့ပြောပြီးတော့ ပတ်စပို့ စစ်ပါတယ်။ ညီလေးမှာ ပါတဲ့ အထောက်အထားတွေ ပြတော့ မူရင်း အော်ရယ်ဂျင်နယ် စာအုပ်ကို တောင်းပါတယ်။ 

 စာအုပ်က သူဌေး သိမ်းထားတယ်လို့ပြောတော့ ဒါဆို ရဲစခန်းကို လိုက်ရမယ် ပြောပြီး ဆိုင်ကယ်သော့ရယ် ဖုန်းရယ် ဘဏ်ကဒ်ရယ် ကိုယူပြီး ညီလေး ဆိုင်ကယ်ကို စီးပြီး ထွက်သွားပါတယ်။ ဆိုင်ကယ်က ညီလေးဝယ်ထားတဲ့ ဆိုင်ကယ်ပါ။ ဆိုင်ကယ် လိုင်စင် ပတ်စပို့ ၊ ပါမစ် မိတ္တူတွေနဲ့ ဆိုင်ကယ် တစ်စီး ၊ အိုင်ဖုန်း တစ်လုံး ၊ ဘဏ်ကဒ် ၂ ခု ၊ ပိုက်ဆံ ၃၀၀၀ လောက် ပါသွားပါတယ်။ အချိန်က ည၁ နာရီကျော် ဟိုင်းဝေးလမ်းမှာ ဖြစ်တယ်ဆိုတော့ ကူညီသူလည်း မရှိဘူး။ 

တိုင်စီတွေ ၅ စီးလောက် တားလည်း ကားသမားတွေက မရပ်ပေးကြပါဘူး။ ဖုန်းကလည်း ပါသွားတယ်ဆိုတော့ ဘယ်သူဆီကိုမှ ဖုန်းဆက်လည်း မရဘူး။ နောက်ဆုံး ၆ စီးမြောက် တိုင်စီသမားကို အကူညီတောင်းတော့ မင်းဆိုင်ကို ငါလိုက်ပို့လို့ မရဘူးတဲ့ မင်းမှာ အထောက်အထား ဘာမှမရှိတော့ ငါမခေါ်ရဲဘူး ... 

လမ်းမှာ ဘလောက်ချက်တွေ ရှိရင် ငါ့တာဝန် ဖြစ်နေမယ်တဲ့ ... ဖုန်းတော့ ဆက်ပေးမယ်ပြောပြီး သူဌေးဆီ ဖုန်းဆက်ဖို့ အကူညီ တောင်းရတယ်။ တိုင်စီသမားက သူ့ဖုန်းကို မကိုင်ခိုင်းဘူး ဖုန်းစပီကာဖွင့်ပြီး အဝေးကနေ ပြောတဲ့ .. ငါ့ဖုန်းကို လုသွားရင် ဘယ်လိုလုပ်မလဲလို့ ပြောပါတယ်။ 

သူဌေးဆီ ဖုန်းဆက်ပြီး သူဌေးက တရုတ် တစ်ယောက်ကို လွတ်လိုက်မယ်ပြောတော့ သူလာခေါ်မှ ညီလေး လုပ်တဲ့ ဂိမ်းဆိုင်ကို ပြန်ရောက်လာတာပါ။ သူ ကျွန်တော်ဆီ ဖုန်းဆက်တော့ ည ၃ နာရီလောက် ဖြစ်နေပါပြီ။ ကျွန်တော်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလိုပြသာနာတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်နေတဲ့ အတွက် မလေးရှားရောက် ရွေမြန်မာ ညီအစ်ကို မောင်နှမတွေ အားလုံး ဂရုစိုက်ပြီး သတိထားကြဖို့ လိုအပ်ပါတယ်။ 

=========================================== 

 အရေးမကြီးပဲ ညပိုင်း အချိန် အပြင်မထွက်ကြပါနဲ့ ... 

 ညပိုင်းအချိန် အပြင်သွားလာရင် သတိထားကြပါ။ 

ရဲအယောင်ဆောင်ပြီး ဓားပြတိုက်တာတွေက မလေးတွေနဲ့ အိန္ဒိယတွေ ရှိပါတယ်။ 

အပြင်သွားလာရင် တစ်ယောက်တည်း မသွားပါနဲ့ ... 

တန်ဖိုးရှိသော ပစ္စည်းများကို ယူဆောင်သွားလာခြင်း မပြုလုပ်ပါနဲ့ ... 

အထောက်အထား စာရွက်စာတမ်းတွေ ယူဆောင်သွားလာပါ။ 

မလေးရှားနိုင်ငံရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ အားလုံး အရာအားလုံး သတိရှိပြီး ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေ ... 

 Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin18
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။