Home » , » မလေးရှားနိုင်ငံရှိ ရွှေမြန်မာ ညီအစ်ကို မောင်နှမများ အတွက် (ဟာရီရာယာ) နှစ်သစ်ကူး ပွဲတော်ရက်အတွင်း အရေးပေါ် သတိပေးချက်

မလေးရှားနိုင်ငံရှိ ရွှေမြန်မာ ညီအစ်ကို မောင်နှမများ အတွက် (ဟာရီရာယာ) နှစ်သစ်ကူး ပွဲတော်ရက်အတွင်း အရေးပေါ် သတိပေးချက်

Written By မောင်စေတနာ on Sunday, July 27, 2014 | 2:36:00 PM

 

=================================================== 
27.7.2014 - တနင်္ဂနွေနေ့ - 28.7.2014 - တနင်္လာနေ့ - 29.7.2014 - အင်္ဂါနေ့ (၃) ရက် အတွင်း သတိထားပြီး သွားလာကြပါ။ 
=================================================== 

ယခုအချိန်သည် မလေးရှားနိုင်ငံ၏ နှစ်သစ်ကူး (ဟာရီရာယာ) ပွဲတော်ရက် ဖြစ်သည့်အတွက် မလေးရှားနိုင်ငံအတွင်း မလေး လူမျိုးများ၏ ဓလေ့ ထုံးတမ်းစဉ်လာအရ မိမိ ရောက်ရှိ လုပ်ကိုင် စားသောက်နေထိုင်ရာ အရပ်မှ နေ၍ မိမိ၏ မွေးရပ်မြေရှိ အဖေ အမေ တို့ထံ အရောက် ပြန်ကြရသည်။ 

မိသားစုဝင်များ ဖြစ်ကြသော မိဘများ ၊ ဦးလေးများ ၊ အဒေါ်များ ၊ ဆွေမျိုး အကြီးအကဲများကို ကန်တော့ကြပြီး အရိုအသေပြုကြသည်။ မိသားစုဝင်များ ဆွေမျိုးများ နှင့် မိတ်ရင်း ဆွေရင်းများ၏ အိမ်များမှ ဖိတ်ကြားကျွေးမွေးမှုများအား လှည့်လည် ချီးမြင့်ကြပြီး နှစ်စဉ် ဥပုဒ်လအပြီး ပြုလုပ်ကြသော Open House ဟုခေါ်သည့် ဟာရီရာယာ အိမ်ဖွင့်ပွဲ အလှူမင်္ဂလာများ ပြုလုပ်ကြသည်။ 

ယခုအချိန်သည် မလေးရှားနိုင်ငံ၏ နှစ်သစ်ကူး (ဟာရီရာယာ) ပွဲတော်ရက် ဖြစ်သည့်အတွက် မလေးရှားနိုင်ငံအတွင်း နေထိုင်သော ရွှေမြန်မာ ညီအစ်ကို မောင်နှမများ ခရီးဝေးသွားလာခြင်း အပြင်သွားလာခြင်း များကို တတ်နိုင်သလောက် ရှောင်ကြပါ။ မလေးရှားနိုင်ငံ၏ နှစ်သစ်ကူး (ဟာရီရာယာ) ပွဲတော်ရက် ဖြစ်သည့်အတွက် နေတိုင်း မြို့နယ်တိုင်း ကားဂိတ်များ ရထားဂိတ်များတွင် လူများပြည့်နှက်နေပြီး ကားလက်မှတ်များ ဈေုးတက်နေသော အချိန်ဖြစ်ပါသည်။ 

ကားဂိတ် ရထားဂိတ်များကို ပိုက်ဆံတောင်းသော ရဲများ ၊ ရဲအတုများ ၊ လုယက်သူများ သူခိုး ၊ ခါးပိုက်နှိုက် ၊ ကားလက်မှတ် အလိမ် ရောင်းချသူများ ပေါများနေသော အချိန်ဖြစ်သောကြောင့် ဂရုစိုက်ပြီး သွားလာကြဖို့ အသိပေး လိုက်ပါတယ်။ ကားဂိတ် ရထားဂိတ်များကို ပိုက်ဆံတောင်းသော ရဲများ ၊ ရဲအတုများ ၊ လုယက်သူများ သူခိုး ၊ ခါးပိုက်နှိုက် ၊ ကားလက်မှတ် အလိမ်ရောင်းချသူများ ပေါများနေသော အချိန်ဖြစ် သောကြောင့် သတိထား ဂရုစိုက်သင့်သော နေရာများကို ဖော်ပြလိုက်ပါသည်။ 

၁။ ကေအယ် - ပါစာဆီနီး - KTM ရထားဂိတ် - LRT ရထားဂိတ် ၊ ကိုတာရာယာ - မိုင်ဒင်း 
၂။ ကာဂျမ်း - မြို့အဝင် ကားဂိတ် - မြို့ထဲ ကားဂိတ် 
၃။ ကပုန်း - KTM ရထားဂိတ် ၄။ ပူဒူး - LRT ရထားဂိတ် 
၅။ TBS ကားဂိတ် 
၆။ ပီနန်း ကောင်တာ (ပီနန်းမြို့) 
၇။ JB - လာကင်း ကားဂိတ် (ဂျို့ဟိုးမြို့) 
၈။ မာလကာ ကားဂိတ် (မာလကာမြို့) 
၉။ အလော့ စတား ကားဂိတ် (အလော့ စတားမြို့) 
၁၀။ လန်ကာဝီသို့ သွားသော သဘောင်္ဆိပ် (ကွာလာ ပဲရစ်မြို့) Perlis - Langakwi 

အထက်ပါနေရာများသို့ သွားလာပါက သတိထားကြပါ။ 

================================================ 

အရေးမကြီးပဲ ညပိုင်း အချိန် အပြင်မထွက်ကြပါနဲ့ ... 

 ညပိုင်းအချိန် အပြင်သွားလာရင် သတိထားကြပါ။ 

ရဲအယောင်ဆောင်ပြီး ဓားပြတိုက်တာတွေက မလေးတွေနဲ့ အိန္ဒိယတွေ ရှိပါတယ်။ 

အပြင်သွားလာရင် တစ်ယောက်တည်း မသွားပါနဲ့ ... 

တန်ဖိုးရှိသော ပစ္စည်းများကို ယူဆောင် သွားလာခြင်း မပြုလုပ်ပါနဲ့ ... 

အထောက်အထား စာရွက်စာတမ်းတွေ ယူဆောင်သွားလာပါ။ 

မလေးရှားနိုင်ငံရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ အားလုံး အရာအားလုံး သတိရှိပြီး ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေ ... 

Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin18
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။