Home » , » MH 17 လေယာဉ်မှ သေဆုံး သူများ၏ ကျန်ရစ်သူ မိသားစုများအား ဒေါ်လာ (၅၀၀၀) စီထောက်ပံ့

MH 17 လေယာဉ်မှ သေဆုံး သူများ၏ ကျန်ရစ်သူ မိသားစုများအား ဒေါ်လာ (၅၀၀၀) စီထောက်ပံ့

Written By မောင်စေတနာ on Saturday, July 26, 2014 | 1:47:00 AM

 


မလေးရှား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ယူကရိန်း အရှေ့ပိုင်း၌ ပစ်ချခံခဲ့ရသော ၎င်းတို့၏ MH 17 လေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များအတွက် စေတနာ ထောက်ပံ့ကြေးငွေ အဖြစ် ကနဦးပေးငွေ ဒေါ်လာ ငါးထောင် စီကို ပေးအပ်ခဲ့ကြောင်း သိရသည်။ 

မလေးရှား အစိုးရပိုင်ဖြစ်သည့် ထိုနိုင်ငံပိုင် လေကြောင်းလိုင်းက ၎င်း တို့သည် လေယာဉ် ပျက်ကျရာတွင် ပါဝင်ခဲ့သည့် ခရီးသည်များ၏ ကျန် ရစ်သူ မိသားစုများ အတွက် စေတနာဖြင့် ထောက်ပံ့ငွေ သဘောအပြင် စီးပွားရေးလိုအပ်ချက်များလည်း ပြေလည်နိုင်စေရန် ပေးခဲ့ခြင်း ဖြစ်ကြောင်းဆို သည်။ 

 လေကြောင်းလိုင်းမှ ထုတ်ပြန်ချက်တွင် ရန်ပုံငွေတွေကို ထောက်ပံ့ရေး ရည်ရွယ်ချက်တွေ  အတွက် ယခင်က  လည်းထားရှိပြီးသား ဖြစ်ပါတယ်။ 

ဒီဘဏ္ဍာရေး အထောက် အပံ့တွေက သေဆုံးသူတွေ အတွက် နောက်ဆုံးပိတ် အပြီးသတ် လျော်ကြေးမဟုတ်သလို မိသားစုတွေ    ဘက်က တရားဥပဒေ ကြောင်းအရ စွဲဆိုမှုတွေကိုလည်း တက်ရောက်မှာ မဟုတ်ပါဘူး ဟု ဆိုထားသည်။ 

 လေကြောင်း လိုင်းသည် ကျန်ရစ်သူ မိသားစုများ အတွက် ဟိုတယ်များ ငှားရမ်းထားရှိပေးခြင်း၊ အစား အသောက်နှင့် ပို့ဆောင် ဆက်သွယ်ရေး စီစဉ်ပေးခြင်း၊ နှစ်သိမ့် ဆွေးနွေးပေးခြင်းများ ကိုလည်း ဆောင်ရွက်ပေးနေသည်။ 

MH 17 လေယာဉ်သည် ခရီးသည် (၂၈၃) ဦးနှင့် ယာဉ်ဝန်ထမ်း(၁၅)ဦး အပါအ၀င် ယူကရိန်းအရှေ့ပိုင်း ဝေဟင်မှ ဖြတ်ပျံသန်း နေစဉ် ရုရှားလိုလားသည့် ခွဲထွက်ရေးဝါဒီများက ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်ဖြင့် ပစ်ချလိုက်ဖွယ် ရှိကြောင်း သိရသည်။ 

AFP 
Source by : The Messenger 

 Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။