Home » , » မလေးရှားနိုင်ငံ ပီနန်းမြို့(BM)တွင် အုပ်စုဖွဲ့ ရန်ဖြစ်မှု မြန်မာ တစ်ဦးသေဆုံး ၊ တစ်ဦးဒဏ်ရာရ

မလေးရှားနိုင်ငံ ပီနန်းမြို့(BM)တွင် အုပ်စုဖွဲ့ ရန်ဖြစ်မှု မြန်မာ တစ်ဦးသေဆုံး ၊ တစ်ဦးဒဏ်ရာရ

Written By မောင်စေတနာ on Monday, June 16, 2014 | 6:27:00 PM

 

 ပြီးခဲ့သောည ၁၂ နာရီ ၄၀ ခန့်က စတင်သော မလေးရှားနိုင်ငံ ပီနန်း ပြည်နယ် ဘူကစ်မတာဂျမ် (BM) ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လူအယောက် ၂၀ ခန့်ပါဝင်သော အုပ်စု ၂ စု ခိုက်ရန်ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာဒဏ်ရာရှိကြောင့် မလေးရှား နိုင်ငံထုတ်သတင်းစာများ တွင် ယနေ့ ဖော်ပြသွားခဲ့သည် ။ 

BM , Taman Akasia at Mengkuang Titi, Ara Kuda တွင်ဖြစ်ပွားသော အဆိုပါ အုပ်စု ၂ စု ခိုက်ရန်ဖြစ်ပွားမှုတွင် သေဆုံးသူတွင် ဓာတ်ထိုးဒဏ်ရာ များစွာဖြင့် လမ်းဘေးရေမြောင်းတွင် ကျရောက် သေဆုံးနေကြာင်း နှင့် ရန်ဖြစ်ပွားမှု အားလုံး ရဲများရောက်ရှိချိန်တွင် ၂ ဘက်ထွက်ပြေးပြီး အုပ်စုဖွဲ့ရန်ပွဲ ပြီးဆုံးကြောင်း သတင်းစာက ဖော်ပြထားသည် ။ 

သေဆုံးသူ နှင့် ဒဏ်ရာရရှိသူ မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြရန် စာရွက်စာတမ် အထောက်အထား တစ်ခုမှ မပါဝင်ကြောင်း မြန်မာနိုင်ငံသား ဖြစ်နိုင်ကြောင်း ။ 

အဆိုပါ သေဆုံးသူအလောင်းအား Seberang Jaya ဆေးရုံ ရင်ခွဲခန်းတွင် ရှိမည်ဖြစ်ကြောင်း နှင့် ဒဏ်ရာရရှိသူအား လည်းထိုဆေးရုံတွင်ပင် ကုသထားကြောင်း ယနေ့ထုတ်သတင်းစာများ တွင် ဖော်ပြထားကြောင်း ကို မလေးရှားရောက်မြန်မာများ သိရှိစေရန် ဘာသာပြန်တင်ဆက်သည် ။ ဆက်လက်ပြီး သိရှိရမည့် ဆက်ဆပ်သတင်းများ ထူးခြားချက်များရှိပါက ဆက်လက်တင်ဆက်မည် ။ 

Source by : မလေးရှားရောက်မြန်မာများ 
facebook www.facebook,com/mmrinmy 

Ref : Thestar , Banama 
Photo : malaymailonline သတင်းစာမျက်နှာ မှတင်ဆက်ထားသော 
ယခုသတင်းပုံ လူနာတည်ရှိရာ Seberang Jaya ဆေးရုံ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။