Home » , » မြန်မာအိမ်အကူကို နှိပ်စက်သည့် လင်မယား အမှုရင်ဆိုင်နေရ

မြန်မာအိမ်အကူကို နှိပ်စက်သည့် လင်မယား အမှုရင်ဆိုင်နေရ

Written By မောင်စေတနာ on Monday, June 16, 2014 | 11:38:00 AM

 

စင် ကာ ပူနိုင်ငံတွင် မြန်မာ အိမ်အကူ အမျိုးသမီးကို ရိုက်နှက်နှိပ် စက်ခြင်း၊ အန်ဖတ်များ ပြန်စား ခိုင်းခြင်း၊ ဓာတ်ပုံရိုက်ရန် အ၀တ်များ ချွတ်ခိုင်းခြင်းစသည့် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့သော စင် ကာပူနိုင်ငံနေ နိုင်ငံခြားသားလင် မယားနှစ်ဦးကို စင်ကာပူလူ့စွမ်း အားဝန်ကြီးဌာနက နာကျင်စေမှု ဖြင့် တရားစွဲဆိုထားသည်။ 

၎င်း တို့နှစ်ဦးကို အမှုရင်ဆိုင်နေချိန် တွင် ပတ်စ်ပို့နှင့် အိမ်အကူ လျှောက်ထားခွင့်၊ စင်ကာပူနိုင်ငံ တွင် အလုပ်လုပ်ကိုင်ခွင့်တို့ကိုပါ ရုပ်သိမ်းဖွယ်ရှိကြောင်း သတင်း ရရှိသည်။ 

စင်ကာပူနိုင်ငံရှိ နိုင်ငံခြား သား IT မန်နေဂျာနှင့် ၎င်း၏ဇနီး အရောင်းမန်နေဂျာတို့သည် မြန် မာအိမ်အကူ မမိုးမိုးသန်းအား ၂၀၁၂ ခုနှစ်အတွင်း ကြိမ်လုံး၊ အင်္ကျီချိတ်၊ ခေါက်ဆွဲစားတူတို့ ဖြင့် ခြောက်ကြိမ်ခန့် ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲကာကြမ်းပြင်ပေါ်လှဲ၍ ၀မ်းဗိုက်ပေါ်တက်နင်းခြင်း၊ ဓာတ်ပုံရိုက်ရန် အ၀တ်အစားချွတ်ခိုင်းခြင်း၊ ပါးစပ်အတွင်း ကတော့တပ်၍ သကြားများကိုလောင်း ထည့်မျိုချစေခြင်း၊ ပြန်အန်ထွက် လာသော အန်ဖတ်များကို ပြန် စားစေခြင်း ပြုလုပ်ခဲ့ကြောင်း စင် ကာပူနိုင်ငံထုတ် The Strait Time သတင်းစာတွင် ဇွန် ၁၂ ရက်က ဖော်ပြခဲ့သည်။ 

‘‘ဒီအမှုအတွက် ကျွန်မတို့ ကူညီပေးဖို့ ကြိုးစားနေပါတယ်။ ရုံးချိန်းတွေတိုင်း သွားပြီးလေ့လာ ပါတယ်။ လက်ရှိမှာ အမှုက တ ရားရုံးကို စရောက်ပြီဖြစ်လို့ အခု တော့ အဲဒီလင်မယားကို Black List ထဲထည့်ပြီး ပတ်စ်ပို့စ်သိမ်း တယ်။ အိမ်အကူခေါ်ခွင့်လည်း မပေးဘူး။ အာမခံငွေတောင်းတာ မျိုး တရားရုံးက လုပ်နိုင်ဖွယ် ရှိပါ တယ်’’ ဟု စင်ကာပူရောက်မြန် မာများအရေး ဆောင်ရွက်ပေးနေ သည့် ဟုမ်းမှ တာဝန်ခံ မကစ်တီက 7Day သတင်းစာအားအွန်လိုင်း မှတစ်ဆင့် ဖြေကြားသည်။ 

အမှုဖြစ်နေသည်မှာ တစ်နှစ် ခန့်ကြာနေသော်လည်း ရဲက စုံ စမ်းစစ်ဆေးခြင်း၊ မှုခင်းဌာနသို့ လွှဲပြောင်းပေးခြင်း၊ ရှေ့နေဖြင့် တရားရင်ဆိုင်ခြင်းတို့ ပြုလုပ်ခြင်း ကြောင့် အမှုမှာ ယခုမှ တရားရုံး သို့ စတင်ရောက်ရှိလာခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။ အဆိုပါအမှုအတွက် မမိုးမိုးသန်းက ၂၀၁၂ ခုနှစ်ကတည်းက ထွက်ပြေးပြီး ရဲထံတိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

 ‘‘စင်ကာပူမှာက အိမ်ဖော် လုပ်ကြတာ မြန်မာ၊အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တွေပဲရှိတယ်။ ဖိလစ် ပိုင်တွေက လူရည်လည်ပြီး အင်္ဂလိပ်လို ကောင်းကောင်းပြောတတ် တော့ သိပ်မခံရဘူး။ အင်ဒိုနဲ့ မြန်မာကတော့ ခံရတယ်။ အခုဒီ အမှုလည်း ကျွန်တော်တို့ သတင်း စာမှာ ဖတ်ရတယ်’’ ဟု စင်ကာပူ မြေအောက်ရထားလိုင်း ပြေးဆွဲ သည့် SMRT ကုမ္ပဏီမှ အင်ဂျင်နီ ယာ ကိုဇော်မိုးက ပြောသည်။ 

ယခုဖြစ်စဉ်တွင်လည်း မမိုး မိုးသန်းနှင့်အတူ အင်ဒိုနီးရှားအ မျိုးသမီး အိမ်ဖော်တစ်ဦးပါ ရိုက် နှက် နှိပ်စက်ခံရပြီး ၎င်းတို့၏ အိမ် ရှင်လင်မယားနှစ်ယောက်လုံးမှာ အိမ်အကူအား ညှဉ်းပန်းနှိပ်စက် မှုဖြင့် တရားစတင်ရင်ဆိုင်နေရပြီ ဖြစ်သည်။ လက်ရှိတွင် မမိုးမိုးသန်းမှာ လုံခြုံသောနေရာတွင် ရှိနေသည် ဟုသာ ယူဆရပြီး ရုံးချိန်းများတွင် ၎င်းနှင့်တွေ့ဆုံရန် ကြိုးစားနေ ကြောင်း မကစ်တီက ပြောသည်။ ‘‘ရုံးချိန်းတိုင်း ကျွန်မတို့ သွားနားထောင်တယ်။ မမိုးမိုး သန်းကိုတော့ မတွေ့ရသေးဘူး။ 

သူနဲ့ဆက်သွယ်ဖို့ ကြိုးစားနေ တယ်’’ ဟု ၎င်းက ပြောသည်။ မမိုးမိုးသန်း၏ အမှုကို စင် ကာပူသတင်းစာများမှ ဖော်ပြချိန် တွင် မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ် တော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများအတွက် အကာ အကွယ်ပေးရေး ဥပဒေတစ်ရပ် ကို ပြဋ္ဌာန်းရန် အဆိုတင်သွင်းခဲ့ သော်လည်း အဆို ဆွေးနွေးရန် ပင် ရှုံးနိမ့်သွားခဲ့သည်။

 ‘‘စင်ကာပူက မြန်မာသံရုံးက လည်း မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အ ပျက်တွေကို သက်ဆိုင်ရာဌာန အစိုးရကို အမှန်အတိုင်း မထိမ် မချန်တင်ပြသင့်ပါတယ်။ အလုပ် သမားတွေအတွက် သမာသမတ် ကျတဲ့ အစိုးရနဲ့ agent တွေ လို အပ်နေပါတယ်။ 

အဲဒီလိုမှမဟုတ် ရင်တော့ ညှဉ်းပန်းနှိပ်စက်ခံရမှု၊ မတရားစေခိုင်းမှု၊ ကာမဆိုင်ရာ အနိုင်ကျင့်ခံရမှု၊ လူသတ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်နေဦးမှာပဲ’’ ဟု အကြောင်းအ မျိုးမျိုးကြောင့် ထွက်ပြေးလွတ် မြောက်လာသည့် မြန်မာအမျိုး သမီး အိမ်အကူများကို Home Shelter များတွင် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ပေးထားသည့် မကစ်တီက ပြောကြားသည်။ 

စင်ကာပူတွင် အိမ်အကူများ ကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပါ က ၎င်းတို့ဥပဒေအရ အရေးယူ လေ့ရှိသော်လည်း ယခုကိစ္စတွင် သာမန်ဒဏ်ငွေလောက်ဖြင့် ပြီး မသွားစေရန် စင်ကာပူအစိုးရအား ၀ိုင်းဝန်းဖိအားပေးရန် စင်ကာပူရောက် မြန်မာများ အသိုင်းအ ၀ိုင်းက ဆန္ဒရှိနေကြသည်။ 

7daydaily 
Credit - http://www.7daydaily.com/ 

 နေဇော်လင်း1 
Free Online Radio Media (Malaysia) Website - www.malaysiaonlineradiomedia.com Facebook - www.facebook.com/nayzawlin15
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။