Home » , » ကမ္ဘာ့ဖလား လောင်းမည့်သူများ နှင့်မလေးရှားအစိုး၏ အစီအမံများ (မလေးရှား သတင်း)

ကမ္ဘာ့ဖလား လောင်းမည့်သူများ နှင့်မလေးရှားအစိုး၏ အစီအမံများ (မလေးရှား သတင်း)

Written By မောင်စေတနာ on Sunday, June 15, 2014 | 2:09:00 PM

 
 ယနေ့ သည် ဘောလုံးပရိတ်သတ်များအတွက် ၄ နှစ်တစ်ကြိမ်ကျင်းပသည့် ကမ္ဘာ့ဖလား ရာသီ၏ အစ ဖြစ်သလို မလေးရှားရှိ လောင်းကစား ဒိုင်ကြီးများအတွက် မလေးငွေ ဘီလီယံချီ အလျှော်အစားလုပ်မည့် လောင်းကစားပွဲ ရာသီကြီး ဖြစ်နိုင်ကြောင်း Bukit Aman မလေးရှားရဲဌာနချုပ်မှ တာဝန်ရှိသူ Senior Asst Comm Roslee Chik ကသတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ကာ ပြောကြားသွားခဲ့သည် ။ 

လွန်ခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလား ရာသီတွင် မလေးရှားနိုင်ငံတဝှမ်း မလေးငွေ ၄၂၈ မီလီယံကျော် လောင်းကစားငွေပြောင်းငွေလွဲ ရှိခဲ့ပြီး ယခု ၂၀၁၄ ကမ္ဘာ့ဖလားတွင် Smart ဖုန်းများဖြင့်ပါ လောင်းကစားနိုင်သောအခါ ယခင်ကမ္ဘာ့ဖလားထက် ပိုမို လောင်းတော့မည်ဟုခန့်မှန်းကြောင်း ။ 

ထိုသို့ laptop မလိုတော့ပဲ ဖုန်းဖြင့်မ ည်သည့်နေရာမှမဆို လောင်းကစားပြုလုပ်နိုင်ခြင်း သည် မလေးရှား အာဏာပိုင်များအတွက် စိန်ခေါ်မှု အသစ် တစ်ခုဖြစ်ကြောင်းကို SAC Roslee Chik ကထည့်သွင်းပြောကြား သွားခဲ့သည် ။ 

ဆက်လက်ပြီး အရာရှိမှ M88 Sports, IBCBET ,SBOBET စသော ဖုန်းဖြင့်လောင်းကစားလုပ်နိုင်ရန် အသင့်သုံး လောင်းကစား ဆော့်ဝဲများသည် ယခုအခါ အဆင်သင့်ဖြစ်နေသကဲ့သို့ ရဲဌာမှလည်း ပြီးခဲ့သော ၃ ပတ်ခန့်ကတည်းက ထိုဖုန်းသုံးအလောင်းစားလုပ်သူများကို ရှာဖွေရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ..။ 

မလေးရှားနိုင်ငံ ဥပဒေအရ ဘောလုံးပွဲလောင်းခြင်းသည် တရားမဝင်ဖြစ်ကြောင်း ၊ အချို့သော နိုင်ငံများတွင် တရားဝင်လောင်းကစားပြုနိုင်ကြောင်း ။ လောင်းကစားမှု အများဆုံး ဖြစ်ပွားသော ဂျိုဟိုး တွင် လောင်းကစားလုပ်သော Cyber Cafe များအား မှတ်တမ်းယူပြီး ဖြစ်သလို စားသောက်ဆိုင်များတွင် တွေ့ဆုံလောင်းကစား လုပ်သူများကိုလည်း အရေးယူရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ။ 

ထို့အတွက် ဂျိုဟိုးတွင် လောင်းကစားလုပ်သူ ၊ လောင်းကစားဒိုင်ခံသူ နှင့် ငွေချေးသူများအား " ဘောလုံးပွဲကို ပျော်ပျော်ရွင်ရွင်ပဲ ကြည့်ပါလောင်းကစားမလုပ်မိပါစေနဲ့ ဘဝပျက်နိုင်ပါသည် " ဆိုသည့် သတိစကားကို ဂျိုဟိုး ရဲဌာန အရာရှိ Senior Deputy Comm Datuk Mohd Mokhtar Mohd Shariff မှ စကား လက်ဆောင်ပါး ကြော်ငြာကြောင်း ။ ဆာဗ - ဆရာဝပ် ဒေသတွင်မူ ရဲဌာနမှ အော်ပရာစီ OPS SOGA 5 ဟုအမည်တပ်ထားသော လောင်းကစား သမားများအတွက် စီမံချက်ဖြင့် ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ။ 

 ထိုသို့လောင်းကစားသမားများအား အရေးယူသွားမည့် အော်ပရေးရှင်းတွင် ရဲများသည် ဒိုင်များသာမက ထိုးသားများကိုပါ ဖမ်းဆည်းရန် အခွင့်ရပြီးဖြစ်ကြောင်း ။ အရာရှိမှ ပြောကြားမှုတွင် လွန်ခဲ့သော ၂၀၁၀ ကမ္ဘာ့ဖလားရာသီတုန်းက မလေးရှားတစ်နိုင်ငံလုံး ဘောလုံးပွဲလောင်းသူ နှင့် ဒိုင် စုစုပေါင်း ၁၄၃ ဦးဖမ်းဆီးခဲ့ပြီး ထိုသူများထဲမှ အများစုမှာ မျက်မြင်သက်သေမရှိခြင်း ကြောင့် တရားစွဲဆိုမှု မပြုခဲ့ရကြောင်း ။ 

 ထို ၁၄၃ ဦးတွင် အသက် ၁၅ နှစ်သားမှ ၇၃ နှစ်အဖိုးအိုအထိ ပါဝင်သလို မိန်းခလေး ၂၂ ဦး နှင့် အင်ဒိုနီးရှားနိုင်ငံသား ၉ ဦးပါဝင်ကြောင်း ။ အိမ်ပေါင် ၊ ကားပေါင် ဆုံးရှုံးမှု ၂၇၀ ကျော် နှင့် အကြွေး သိန်းကျော် တင်သည့်သူများရှိခဲ့ကြောင်း ။ မလေးငွေ ၂၀၀ ၊ ၃၀၀ မှသည် ထောင်ပေါင်းများစွာ အထိ ဆုံးရှုံရကာ ဘဝပျက် သည့် သူများပင်ရှိခဲ့ကြောင်း ။ 

ထိုသို့ ဖမ်းဆီးခြင်းများကို အခြေခံကာ မလေးရှား ရဲဌာနအတွက် အတွေ့ကြုံများစွာ ရရှိပြီး ယခု ၂၀၁၄ ရာသီတွင် ထိုအတွေ့များကိုအခြေခံကာ နိုင်ငံသားများ လောင်းကစားကြောင့် ဘဝ မပျက်ရန် သတိပေးကြောင်း ။ 

မလေးရှား အဖွဲ့အစည်းများ ၊ မာလ်တီမီဒီယာ ကုမ္မဏီများ၏ အကူအညီရယူကာ လောင်းကစားလုပ်သူများ ၊ ဒိုင်များ ၊ အင်တာနက်ဝဘ်ဆိုက်များ ကို ပိတ်သိမ် အရေးယူသွားမည်ဖြစ်ကြောင်း ကို အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့ကြောင်းကို မလေးရှားရောက် မြန်မာများ ဗဟုသုတ ၊ သတိပေးချက် အနေဖြင့် သိရှိနိုင်ဖို့ မလေးရှားရောက် မြန်မာများfacebook စာမျက်နှာမှ ဘာသာပြန်တင်ဆက်ပေးရပါသည် ။ 

ဆက်လက်သိသင့်သိထိုက်သော သတင်းများရှိပါက အချိန်မှီတင်ဆက်ပါမည် ။ 

Ref : Thestar , Malaysiainsider , Metro News Translate : 
မလေးရှားရောက် မြန်မာများ Facebook 
www.facebook.com/mmrinmy 

Photo : Senior Asst Comm Roslee Chik မှလောင်းကစားလုပ်သည့်ဆိုင်ပုံအားပြသစဉ်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။