Home » , » အလုပ်သမားသစ်များ လေဆိပ်တွင် 24 နာရီသာသူဌေး စောင့်ခွင့်ပြုတော့မည် (မလေးရှား သတင်း)

အလုပ်သမားသစ်များ လေဆိပ်တွင် 24 နာရီသာသူဌေး စောင့်ခွင့်ပြုတော့မည် (မလေးရှား သတင်း)

Written By မောင်စေတနာ on Sunday, June 15, 2014 | 2:04:00 PM

 

အလုပ်သမားသစ်များ လေဆိပ်တွင် 24 နာရီသာသူဌေး စောင့်ခွင့်ပြုတော့မည် (မလေးရှား သတင်း) 

မလေးရှားလေဆိပ်သို့ရောက်ရှိလာမည့် အလုပ်သမား သစ်များအား ခေါ်ယူသည့်  အလုပ်ရှင်သည် 24 နာရီအတွင် မဖြစ်မနေ   လာရောက်ကြိုရတော့မည်ဖြစ်ကြောင်း ယနေ့ မလေးထုတ် သတင်းဌာန များတွင် ကြော်ငြာသွားခဲ့သည် ။ 

အကြောင်းမှာ မလေးနိုင်ငံသို့ဝင်ရောက်လာသူများ ထွက်ခွာသူများအားလုံး စာရွက်စာတမ်းအတုများ ကိုင်ဆောင်ခြင်းကို ထိထိရောက်ရောက်တားမြစ်သွားရန်ဖြစ်ကြောင်း လည်းသိရသည်။ လွန်ခဲ့သော 3 လက ဖြစ်ပွားခဲ့သည့် 

MH370 ပျောက်ဆုံးမှုတွင် fake passport ( ပျောက်ဆုံးပတ်စပို့) 2 အုပ်ကိုင်ဆောင် ခရီးသွားသူ ၂ဦးပါဝင်ခဲ့ပြီး ထို့သို့မဖြစ်စေရန် မလေးရှား လဝက စနစ်များ နှင့် လေဆိပ်များတွင် SYSTEM UPGRADE ပြုလုပ်ရန်ရှိသည်များ အားလုံး ပြုလုပ်သွားမည်ဖြစ်သလို ၊ နိုင်ငံတကာ ပျောက်ဆုံး ပတ်စပို့များ အား ချက်ချင်း သိနိုင်ရန် မလေးအစိုးရမှ INTERPOL နှင့်တွဲဖက် လုပ်ကိုင်သွား မည်ဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi လေဆိပ် တွင်ပြောကြားသွားခဲ့သည် ။ 

ထို့အတူ ဝန်ကြီးမှ လေဆိပ် လုံခြုံရေး နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရေး အတွက် မလေးရှား ရှိ နိုင်ငံတကာလေဆိပ်များကို မှာကြားထားပြီးဖြစ်သလို လဝက အဝင်အထွက်များ အားလုံးကို HD-CCTV များတပ်ဆင်သွားမည်ဖြစ်ကြောင်း ဝန်ကြီင်္းမှပြောကြားသွားခဲ့သည် ။ 

ထိုမျှမက နိုင်ငံတကာမှ ရောက်ရှိလာသော နိုင်ငံခြားသား အလုပ်သမားကိုလည်း ခေါ်ယူသူ လုပ်ငန်းရှင်မှ 24 နာရီအတွင်း စာရွက်စာတမ်းများဖြင့် လာရောက် ခေါ်ဆောင်ရန် နှင့် 24 နာရီ ကျော်ပါက ဆိုင်ရာတိုင်းပြည်များသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဆက်လက်ပြောကြားသွားခဲ့သည် ။ ထိုသို့ပို့ဆောင်ရန်အတွက် လေယာဉ်လက်မှတ် နှင့် ကုန်ကျစရိတ်များကို အလုပ်သမားခေါ်ယူမည့် လုပ်ငန်းရှင်များက တာဝန်ယူရမည်ဖြစ်ကြောင်းသိရသည် ။ 

သို့အတွက် မလေးရှားသို့ အသစ်လာရောက် မည့် မြန်မာအလုပ်သမားများ အားလုံးသည် မိမိတို့ အေးဂျင်းများ ၊ အလုပ်ရှင်များအား တိကျစွာ 24 နာရီအတွင်း မဖြစ်မနေ လာရောက်ခေါ်ဆောင်ရန် မေးမြန်း ထားရမည်ဖြစ်သည် ။ 24 နာရီကျော်လွန်သည်အထိ လုပ်ငန်းရှင် သို့ အေးဂျင်းမှ လာရောက် မခေါ်ဆောင်ပါက လေဆိပ်မှ ပြန်လည်ထွက်ခွာရမည်ဖြစ်သည် ။ 

REF : THESTAR , MALAYMAILONLINE , ဘာသာပြန် 
မလေးရှားရောက် မြန်မာများ FACEBOOK စာမျက်နှာ 
www.facebook.com/mmrinmy 

ဓာတ်ပုံ
1 . မလေးရှားသို့ရောက်ရှိသူများအားလဝကမှ စစ်ဆေးနေပုံ 
2. ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။