ရန်ကုန်၊ ဇွန် ၂၂
မြန်မာနိုင်ငံမှ ပြည်ပတယ်လီဖုန်း ခေါ်ဆိုမှုများနှင့် အင်တာနက် ချိတ်ဆက်မှုများတွင် အဓိကအသုံးပြုသည့် SE-ME-WE 3 ရေအောက် အင်တာနက် ကေဘယ်လ်ဆက်ကြောင်း ပြတ်တောက်မှုကြောင့် ဇွန်လ ၂၅ ရက်နေ့အထိ စင်ကာပူ၊ မလေးရှားနိုင်ငံတို့နှင့် ဆက်သွယ်မှု ပြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
SE-ME-WE 3 အင်တာနက် ဆက်ကြောင်းမှာ မလေးရှားနိုင် ငံနှင့် စင်ကာပူနိုင်ငံ အကြားတွင် ပြတ်တောက်နေခြင်း ဖြစ်ပြီး ယခုအခါ ပြုပြင်မှုများ စတင်နေပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ပြုပြင်ရေး လုပ်ငန်းတွေကို ဒီလ ၂၀ ရက်နေ့ကတည်းက စနေတာပါ။ ၂၅ ရက်နေ့လောက် ပြီးမယ်လို့တော့ မှန်းထားတယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။
စင်ကာပူနှင့် မလေးရှားသို့ တယ်လီဖုန်း ခေါ်ဆိုမှုများ ရက်ပိုင်းခန့် ပြတ်တောက်နေသော်လည်း အင်တာနက် ဖုန်းခေါ်ဆိုမှုများ အဆင်ပြေနေသောကြောင့် မသိသာကြောင်း မြောက်ဥက္ကလာပမြို့နယ်မှ အင်တာနက်ဆိုင်ရှင် တစ်ဦးဖြစ်သူ ဦးစိုးမြင့်က ပြောကြားသည်။
“အရင်ကဆို SE-ME-WE 3 ပျက်ရင် အင်တာနက်လိုင်းတွေပါ ကျပြီး အကုန်ဒုက္ခရောက်တာ။ အခု အင်တာနက်က သိပ်ပြီး သိသိသာသာ မကျသွားဘူး။ Bandwidth တွေ ချဲ့ထားတယ်တော့ ကြားမိတယ်။ အစက မယုံဘူး။
အခုအဆင်ပြေနေတယ် ဆိုတော့ တကယ်လုပ်ထားတာနဲ့ တူတယ်” ဟု ၎င်းကဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လက်ရှိ အသုံးပြုနေသည့် ရေအောက် အင်တာနက် ကေဘယ်လ်ဆက်ကြောင်း SE-ME-WE 3 အပြင် မြဝတီ-မဲဆောက် ကုန်းတွင်းဖိုက်ဘာ ဆက်ကြောင်း၊ မူဆယ်-ရွှေလီ ကုန်းတွင်းဆက်ကြောင်းနှင့် မူဆယ်-ပုသိမ် ကုန်းတွင်းဖိုက်ဘာ ဆက်ကြောင်းများကို ထပ်မံတိုးချဲ့ထားပြီး SE-ME-WE 5 မြန်နှုန်းမြင့် ရေအောက်အင်တာနက် ဆက်ကြောင်းသစ်ကို ထပ်မံ ချိတ်ဆက်နေသည်။
မူရင်းသတင်း : The Voice Weekly
နေဇော်လင်း
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin15





.jpg?width=750)

0 comments:
Post a Comment