ခင်ဗျားတို့ကျနော်တို့က အပူငွေ့တရိပ်ရိပ်ကို နေအရိပ်ထဲကနေ ခံစားရတာပါ။
ရွာမှာ ရှိတဲ့ တောသူ တောင်သားလေးတွေကတော့ မပူနိုင်ရှာပါဘူးဗျာ။
နေပူတာကို စာဖွဲ့နေရရင် စပါးပင်တွေ ပေါင်းပင် ဖုန်းသွားနိုင်တယ်လေ။
ဒါပေမယ့် ပျော်တယ်။
ခေတ်အဆက်ဆက် မရိုးနိုင်တဲ့ သန်းထွန်းလေးတို့ တွံတေးသိန်းတန်တို့
သီချင်းလေးတွေ ညည်းရင်း အပေါင်းအဖော်တွေနဲ့ အော်ဟစ် စနောက်ရင်း
တစ်ရက်ပီးတစ်ရက် လည်ပတ်နေကြတာ။
ဟောဒီလယ်က စပါးတွေ ထွက်ရင်
ခင်ညားတို့လို အရစ်ကျသွင်းပီး ကားတွေ ဝယ်မစီးနိုင်ပေမယ့် ဘုတ်ချပ်ဘုတ်ချပ်နဲ့
တရုတ်ဘီးလေးတော့ ဝယ်စီးနိုင်ပါတယ်။
အော် .... ချောင်းသာ သွားမယ့်သူတွေ အစီစဉ်ဖျက်ပီး ယောမှာ
လယ်ကြားထိုးရအောင်လား။
sexy ပုံကော့ကော့လန်တွေလောက်
မလန်းပေမယ့် ယောထမီ ချိတ်အင်္ကျီနဲ့ တောကမမတွေကလဲ
လှပါတယ်ဗျ။
ရွံ့တွေပေပြီး ချွေးလေတွေ စို့နေမယ့် သဘာဝအပြုံးပန်းလေးတွေနဲ့
ကြိုနေမယ့် ညီလေးတို့ရွာကို မြန်းလှည့်ချည်ကြသေးစို့ ...........
Credit - ကိုရင် ဒိပ္ပ
https://www.facebook.com/aung.aungtunmyat
(ညီလေးတို့ရွာ (၂) ကိုဆက်လက် တင်ပေးသွားပါမည်)
တိုးတက်ရောင်ခြည် စာကြည့်တိုက် - လက်ပန်းကျေးရွှာ ၊ ကျောက်ထုမြို့ ၊
ယောဒေသ ၊ မကွေးတိုင်း မှာ တည်ရှိပြီး လက်ရှိ မလေးရှားနိုင်ငံရောက်
ကျွန်တော် သူငယ်ချင်း ဖြစ်သူ ကိုဝဏ္ဏစိုး မှ ဦးစီး ဦးဆောင်ကာ ပြုလုပ်
နေပါတယ်။
ကျွန်တော် ကိုယ်တိုင်လည်း လုပ်အားဒါနအဖြစ် ပါဝင်ပြီး စာကြည့်တိုက် ဖြစ်မြောက်ရေး
အတွက် အဖက်ဖက်မှ ကူညီပေးနေပါတယ်။
အောက်က လိပ်စာလေးကို LIKE
လုပ်ထားပြီး စာကြည့်တိုက်လေး အတွက် ဝိုင်းဝန်းပါဝင်ပြီး ကုသိုလ်ပြုဖို့ ဖိတ်ခေါ်
လိုက်ပါတယ် ခင်ဗျာ .....
https://www.facebook.com/TTYCL ကိုဝင်ရောက်ပြီး
Like ကိုနှိပ်ပါ။ ပြီးရင် Get Notifications ကို တစ်ချက်နှိပ်ပေးပါ။
Admin
နေဇော်လင်း1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin13
0 comments:
Post a Comment