Home » , » မလေးရှားတွင် တစ်ကြော့ပြန် မြူခိုး ဖုံးအုပ် ကျန်းမာရေး အတွက် စိုးရိမ်ရ (မလေးရှား သတင်း)

မလေးရှားတွင် တစ်ကြော့ပြန် မြူခိုး ဖုံးအုပ် ကျန်းမာရေး အတွက် စိုးရိမ်ရ (မလေးရှား သတင်း)

Written By မောင်စေတနာ on Tuesday, March 4, 2014 | 9:28:00 AM

မလေးရှား နိုင်ငံ Selangor နှင့် Negri Sembilan ပြည်နယ်တွင် နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာသော မီးခိုးမြူများ သည်ကျန်းမာရေးကို ထိခိုက်စေသော အဆင့်ဖြစ်နေပါသည်။  ယမန်နေည ၅း၀၀ Port Klang, Putrajaya, Banting နှင့် Seremban တွင် Air Pollutant Index (API) မှာကျန်းမာရေးကိုထိ ခိုက်နိုင်ကြောင်း ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အင်တာနက် သတင်းဖော်ပြပြီး၊ 

ညနေ ၆း၀၀၌ Port Klang တွင် ကျန်မာရေးကိုထိခိုက်နိုင်သော API ညွန်းကိန်း ၁၁၈ သို့ရောက်ရှိကြောင်း ဖော်ပြပါရှိပါသည်။ API အညွှန်းအရ အညွှန်း ၅၀ အောက်ဖြစ်ပါက လေထုသည် ကောင်းမွန် အဆင့်ဟု သတ်မှတ်ပြီး ၅၁-၁၀၀ ကြားကို အလယ်အလတ် အဆင့် သတ်မှတ်ပါသည်၊ 

၁၀၁ - ၂၀၀ အဆင့်မှာ ကျန်းမာရေး ထိခိုက်စေပြီး ၊ ၂၀၁ -၃၀၀ အဆင့်မှာ ပို၍ကျန်းမာရေး ထိခိုက်စေကာ၊ ၃၀၁ နှင့်အထက် ဖြစ်ပါက ဆိုးရွားစွာကျန်မားရေးကို ထိခိုက်စေနိုင်ပါသည်။ မိုင်ခရိုမီတာ ၁၀ အတွင်း ပါဝင်သည့် sulphur dioxide, nitrogen dioxide, ground-level ozone, carbon monoxide နှင့် ပါဝင်သောအခြားသတ္တု ငါးခုကို အခြေခံကာ API အဆင့်ကို သတ်မှတ်ခြင်းဖြစ်ပြီး အများစုမှာ စက်ရုံ၊ ကားမီးခိုး၊ ရို့မီး နှင့် လောင်စာစွမ်းအငလည်ပတ်မူတို့မှဖြစ်သည်။ 

ကွာလာလမ်ပူနှင့် အချို့နေရာများတွင် အလယ်အလတ်အဆင့်ရောက်နေသော်လည်း ကမ္ဘာဆီအုန်းလုပ်ငန်းအကြီးဒေသဖြစ်သော Riau ကျွန်းတွင် လယ်သမားများက စိုက်ပျိုးမြေတိုးချဲ့လို၍ Dumai ခရိုင်တွင် ယခင်အပတ်၌ အရေးပေါ် ကြေညာရကာ စာသင်ကျောင်းများ အစိုးရရုံးများကိုလည်း ပိတ်လိုက်ရပါသည်။ လူ ၂၈၀၀၀ ဦးထိခိုက်ကာ အသက်ရူမွန်းကျပ်သည့်ပြသနာနှင့်ရင်ဆိုင်ရသည်ဟု Antara သတင်းတွင် ဖော်ပြပါသည်။ 

National Disaster Mitigation အေဂျင်စိက Jakarta Globe သတင်းတွင် သစ်တော ၇၉၇၂ ဟက်တာမှာ တောမီးကြောင့် လောင်ကျွမ်းပျက်စီးသွားသည်ဟုဖော်ပြပါသည်။ ယမန်နှစ်က အင်ဒိုနီးရှား တောမီးလောင်ကျွမ်းမူကြောင့် မလေးရှားနိုင်ငံ Muar တွင် API အဆင့် ၃၀၀ ကျော်လွန်သဖြင့် အရေးပေါ် အခြေအနေကြေညာ ရဖူးပါသည်။ ဒီသတင်းကို TODAY မလေးရှား ဝဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြထားသည်။ 

Tuangpu Siyin (Malaysia ) 

 နေဇော်လင်း 
Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia News) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။