(၃.၃.၂၀၁၄ ) နံနက် ၁၀ နာရီ ၄၅ မီနစ်
ကေအယ် မြို့ထဲလာမည့် သူများသတိထားကြပါ။ အခု ကေအယ် ပါစာဆီနီး
ရထားဂိတ်နေရာများ နှင့် တရုတ်တန်း နေရာများတွင် ရေလာများ မီးသတ်များ
ရဲလားမှ သွားလာလျက်ရှိနေပြီး လမ်းသွား လမ်းလာများကို စစ်ဆေးလျှက် ရှိနေသည်။
အထောက်အထား မပြည့်စုံ မခိုင်လုံပါက ကားပေါ်ခေါ်တင်သွားတာတွေ ရှိနေပါသည်။
ရဲကားများမှာ (ယခင် ရဲကား ပုံစံ မဟုတ်ပဲ) အပြာရောင် အဝါရောင် ပုံစံဖြစ်ပြီး
ရုတ်တစ်ရက် ကြည့်ရင် ရဲကား မဟုတ်မှန်း သိအောင် ကားများကို လဲထားသည်ကို
တွေ့ရှိရပါသည်။
(မိမိစိတ်ထဲက မသင်္ကာသော ကားများကို ကြည့်ရှောင်ပါ။)
အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ်
(ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက
ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။
ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့
ရှောင်ကြပါ။
(မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို
ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။
ကေအယ် ၊ ကိုတာရာယာ ၊ မိုင်ဒင်း စတဲ့ နေရာတွေမှာ ဖုန်းရောင်းတာတွေ
ဝယ်တာတွေ ဂရုစိုက်ပါ။ လမ်းတွေမှာ ဖုန်းတွေပြပြီး ရောင်းလျှင်
လုံးဝမဝယ်မိပါစေနဲ့ ဖုန်းအတုတွေပါ။ ဈေးပေါတယ် ဆိုပြီး မဝယ်မိပါစေနဲ့
နေ့စဉ် မြန်မာများ အလိမ်ခံရနေပါတယ်။
ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ
စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး ....
ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အားလုံး သတိထားကြပါ။
ရဲတွေနဲ့ မတွေ့ရတာ စကားမပြောရတာ ကောင်းပါတယ်။
ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ .....
မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ
ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ....
နေဇော်လင်း
Admin
Nay Zaw Lin1
Live Free Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/
Facebook Page - https://www.facebook.com/pages/Nayzawlin1/292530074131729




.jpg?width=750)

0 comments:
Post a Comment