Home » , » KL မြန်မာဆိုင်တန်းဘေး MYDIN အနီးရှိ တက္ကစီဌားစီးရာမှ မြန်မာ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရ

KL မြန်မာဆိုင်တန်းဘေး MYDIN အနီးရှိ တက္ကစီဌားစီးရာမှ မြန်မာ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရ

Written By မောင်စေတနာ on Friday, February 28, 2014 | 11:40:00 AM

မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာ အသုံးပြုသူ ကွာလာလမ်ပူမှ မြန်မာ အမျိုးသမီးတစ်ဦး KLမှ မြန်မာသံရုံးသို့ ပတ်စပို့စာအုပ်သွားထုတ်ရန် MYDIN အနီးရှိ မလေးရှား တက္ကစီ တစီးအား မြန်မာသံရုံးသို့ ငှားသွားခဲ့ရာ မှ သံရုံးသို့မရောက်ပဲ လမ်းတွင် ပါလာသော ငွေအား ဒရိုင်ဘာမှ လုယက်ခြင်းခံခဲ့ ရကြောင်း ဤစာမျက်နှာသို့ စာရေး အကြောင်းကြားလာခဲ့သည် ။ 

သို့ကြောင့် မလေးရှား ကွာလာလမ်ပူ မြန်မာဆိုင်တန်းများ အနီးသို့ လာရောက် မည့် မြန်မာနိုင်ငံသားများ သည်အောက်ပါ အချက်များကို လေ့လာပြီးမှ TAXI ငှားရန် အထူးအကြံပြုသည် ။ 

 မြန်မာဆိုင်တန်းများ အနီးမှ အခြားနေရာများသို့ သွားလိုပါက မြန်မာဆိုင်များအနီးမှ မငှားပဲ ခမ်းလှမ်းလှမ်းနေရာများသို့ သွားရောက် ငှားရန် အထူးသတိပြုပါ ။ သူငယ်ချင်များ ပါပါက သူငယ်ချင်းများ နှင့်အတူငှားပါ ။ 

အကယ်၍ တစ်ဦးတည်းဆိုပါက မြန်မာ ဆိုင်များ(မည်သည့် ဆိုင်တွင်မဆို) တွင် အကူညီတောင်းပြီ မြန်မာ နိုင်ငံသားမောင်းသော အငှားယာဉ် ရှိမရှိစုံစမ်း ပြီး မြန်မာ ကားများကို ဦးစားပေးစီးပါ ။ မြန်မာနိုင်ငံကားများအား ငှားခြင်းဖြင့် ငွေအနည်းငယ်များ နိုင်သည် သို့သော် စိတ်ချလုံခြုံစွာ စီးနိုင်လိမ့်မည် ။ 

အကယ်၍ TAXI ငှားစီးပါက ဒရိုင်ဘာဘေးခုံတွင် မထိုင်ပဲ နောက်ခန်းတွင်သာ ထိုင်ပါ ၊ တက္ကစီ မစီးမှီ မိမိစီးမည့် TAXI ၏ ယာဉ်အမှတ် ၊ အရောင် နှင့် ဒရိုင်ဘာ အနေအထားကို အသေးစိတ်မှတ်သားပါ ။ အများသောအားဖြင့် TAXI များသည် "H" အက္ခရာဖြင့်စပြီး ဒရိုင်ဘာ လိုင်စင် နှင့် Taxi မောင်းနှင်ခွင့် ကဒ်ပြားကို ဒရိုင်ဘာဘေးခုံရှိ Dashboard ပေါ်တွင် မြင်နေရမည်ဖြစ်သည် ။ ထိုကဒ်နံပတ်အား မှတ်သားပါ ။ မမေ့ပါစေနှင့် ။ 

ထိုကဒ်မပါသော taxi များကိုလုံးဝ မစီးပါ နှင့် ။ ညပိုင်း ၊ မနက်အစောပိုင်း Taxi မစီးပါနှင့် ။ ယခု အဖြစ်အပျက်အတွင် မ XXXX စာရေးတိုင်ကြားသော TAXI အမှတ် HWB xxxx အား မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ တာဝန်ရှိသူများထံအကြောင်းကြားကာ PUDU ရဲစခန်း နှင့် SPAD သို့ သတင်ပို့တိုင်ကြားသွားမည်ဖြစ်သည် ။ 

ဆက်လက်ပြီး မြန်မာနိုင်ငံသားများ TAXI အတွက် ချက်ချင်းသတင်းပို့ နိုင်သည့် ANDROID , IPHONE စသည့် Smart ဖုန်းများဖြစ်သော SMASUNG , SONY , IPHONE စသည့် ဖုန်းများတွင် သုံးနိုင်သည့် REPORT MALAYSIA TAXI APP လင့်ကို တွဲထားပေးသည် ။ အောက်ပါလင့်တွင်ယူပါ ။ 


အထက်ပါ Application အား မိမိဖုန်းတွင် ထည့်သွင်းထားပြီး TAXI စီးတိုင်း အလိုအလျောက် ကင်မရာဖွင့်ပြီး မှတ်တမ်းတင် ထားနိုင်သလို Report ခလုတ် နှိပ်ရုံဖြင့် မိမိတို့ သူငယ်ချင်း ၊ မိတ်ဆွေများ ၊ နီးစပ်ရာရဲစခန်း ၊ SPAD များသို့ email လိပ်စာဖြင့် ရောက်ရှိမည်ဖြစ်သည် ။ 

မည်သို့ဖြစ်စေ ကွာလာလမ်ပူသာမက နေရာတိုင်းလိုလို TAXI မောင်းသမားများမှ မတရား အနိုင်ကျင့်မှုများ ရှိနေသောကြောင့် အထက်ပါ အချက်လက်များကို သူငယ်ချင်းများထံ မျှဝေနိုင်ရန် ရေးသားတင်ပြသည် ။ 

အပန်းမကြီးပါက မလေးရှားရောက် မြန်မာများ အားလုံး သိရှိရန် ဤစာမျက်နှာသုံးသူများက ဆက်လက် လက်ဆင့်ကမ်းပေးနိုင်ပါသည် ။ 

Credit : မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာ 
 www.facebook.com/mmrinmy 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။