Home » , » ဓါးပြတစ်ဦးအား ပြစ်ခတ် ဖမ်းဆီး (မ လေး ရှား သ တင်း)

ဓါးပြတစ်ဦးအား ပြစ်ခတ် ဖမ်းဆီး (မ လေး ရှား သ တင်း)

Written By မောင်စေတနာ on Thursday, February 27, 2014 | 9:33:00 PM

မလေးရှားနိုင်ငံ Salangor ပြည်နယ် Shah Alam မြို့နယ် North Klang Valley Expressway (NKVE) အဝေးပြေးလမ်းမ KM7.8 အနီး လေကြောင်း အရာရှိ တစ်ဦး အိမ်သို့ ဖောက်ထွင်းသော ၃၄ နှစ်အရွယ် ဓါးပြတစ်ဦးအား ဖောက်ထွင်း ခံရသည့်အိမ်နှင့် မီတာ ၅၀၀ ဝေးသောနေရာတွင် ပြစ်သတ် ဖမ်းဆီးရမိကြောင်း သိရှိပါသည်။ 

အဆိုပါ ဓါးပြမှာ နိုင်ငံခြားသားဖြစ်ပြီး ယနေ့နံနက် ၄ နာရီအချိန်တွင် လက်နက် နှင့်မီးခြစ်ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရန်ကြိုးပမ်းသည့်အချိန်တွင် ပြန်လည် ခုခံနေသဖြင့် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခြင်းခံရကာ လက်မောင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပါသည်။ 

အဆိုပါ ဓါးပြနှင့် ပူးပေါင်းပါဝင်သည်ဟု ယူဆရသူ သုံးဦး မှာ အနီးရှိ ဆီအုန်းတောတွင် ထွက်ပြေး လွတ်မြောက်သွားပါသည်။ Selangor ပြည်နယ် ဒုတိယရဲမူးကြီး Datuk Mohd Shukri Dahlan ကပြောကြားရတွင် "ကျနော်တို့ အဲဒီ အခင်းဖြစ်ပြီးတဲ့အချိန် ချက်ခြင်း အဲဒီနေရာ အနီး တဝိုက်ကို စစ်ဆေးတော့ အဲဒီ ဓါးပြပူးပေါင်း ပါဝင်ပြီး စောင့်နေတယ်လို့ ထင်ရတဲ့ ကား တစ်စီးကို မသင်္ကာလို့ စစ်ဆေးမယ် လုပ်တော့ ထွက်ပြေးသွားပါတယ်။ 

ဒါနဲ့ပဲ လိုက်လံဖမ်းဆီးတော့ Batu Tiga အရောက်မှာ ဖမ်းမိပါတယ်။ ၎င်းနဲ့အတူ မလေးရှားနိုင်ငံသား အသက် ၂၄ နှစ်တစ်ဦး နဲ့ ၂၅ နှစ်အရွယ်တစ်ဦး ပေါင်း နှစ်ယောက်ကို ဖမ်းဆီးရပါတယ်" ဟုပြောကြား ခဲ့သည်။ ၎င်းတို့ဖောက်ထွင်းခဲ့သော လေကြောင်း အရာရှိ အိမ်မှ လုယက်ယူငင်သွားသော ပစ္စည်းအချို့အား ပြန်လည် သိမ်းဆည်းမိရကြောင်း စတားအွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားပါသည်။ 

Tuangpu Siyin (Malaysia ) 

နေဇော်လင်း 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia News) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။