Home » , » ကေအယ် ကိုတာရာယာတစ်ဝိုက် ဖုန်းတွေဝယ်မယ်ဆိုရင် သတိထားပါ

ကေအယ် ကိုတာရာယာတစ်ဝိုက် ဖုန်းတွေဝယ်မယ်ဆိုရင် သတိထားပါ

Written By မောင်စေတနာ on Thursday, February 6, 2014 | 9:27:00 AM

မလေးရှားနိုင်ငံအတွင်း နေစဉ်နဲ့အမျှ နည်းလမ်း ပေါင်းစုံနဲ့ အလိမ်ခံနေရပါတယ်။ ကေအယ် ၊ မိုင်ဒင်း ၊ ကိုတာရာယာကုန်တိုက် စတဲ့နေရာတွေမှာ မလေး ၊ တရုတ် ၊ အိန္ဒိယ စတဲ့ဖုန်းဆိုင်တွေမှာ ဖုန်းဝယ်မယ်ဆိုရင် သတိထားဖို့ အတွက် အရင်က အမြဲတမ်းလိုလို သတိပေးဖူးပါတယ်။ ဒါက Sai Nor Loa ရဲ့ ကိုယ်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေး ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရောက် မြန်မာများ သတိထား ဆင်ခြင်နိုင်ရန် အတွက် အသိပေး တင်ပြလိုက်ပါသည်။ 

 (စာသားများကို မူရင်းပေးပို့လာတဲ့ အတိုင်း ဖော်ပြပေးလိုက်ပါတယ်။ စာလုံးပေါင်းများကို ပြင်ဆင်ပြီး ဖတ်ပါရန် အသိပေး မေတ္တာရပ်ခံ အပ်ပါသည်။) 

မလေးရှားအွန်လှိုင်းရေဒီယို မီဒီယာ ခင်များ ကိုတာလာရာ ကုန်တိုက်မှာရှိတဲ. ဖုန်းဆိုင်များက နိုင်ငံခြားသားအလုပ်သမားတွေကို ပစ်မှတ်ထား ဈေးနှုန်း Rm1000 ကျော်တန် ဖုန်းတွေကို Rm300 လောက် ရေးထားပြီး မျှားခေါ်နေတဲ.ကိစွှပါ။ 

မသိတဲ.လူသွားဝယ်မိရင် ပိုက်ဆံRm300 အရင်ချေခိုင်းတယ်။ ပြီးရင် ဘောင်ချာမှာ လက်မှတ်ထိုးခိုင်းတယ် ထိုးပြီးရင်တော. သူတို.စင်ထားတဲ.အကွက် ထဲရောက်သွားပြီး အဲဒီ Rm300 ဟာ Deposit စရန်ငွေပါ ဖုန်းဈေးနှုန်း မဟုတ်ဘူး ဖုန်းကRm1000 ကျော် ထပ်ပေးရမယ် ဆိုပြီး မဝယ်တော.ဘူးပြောရင်Rm300 လည်း ပြန်မပေးဘူး ဝယ်တဲ.လူကို ပြသာနာရှာပြီးမောင်းထုတ်တယ်။ 

2/1/2014 နေ.မှာပဲ ကိုတာလာရာကုန်တိုက် အောက်ဆုံးထပ် ဝင်ဝင်ခြင်း ဘယ်ဘက် လုံခြံရေးရုံးနဲ. မျက်နှာချင်းဆိုင် ဖုန်းဆိုင်မှာ(ဆိုင်မှာဘာဆိုင်းဘုတ်နာမည်မှမရှိ) ကျွန်တော. သူငယ်ချင်း တယောက် သူတိုဆင်ထားတဲ့ လုပ်ကွက်ထဲရောက်သွားလို. လိုက်ဖြေရှင်းပေးတာ ပြသာနာ အကြီးကျယ်ဖြစ်ပြီး ကျွန်တော်ရဲစခန်းသွားတိုင်မှပဲပြေလည်သွားခဲ.တယ်။ နောက်နောင်မြန်မာလူမျိုးများ သူတို.ရဲ. မရိုးသား လိမ်ညာ လုပ်စားနေတဲ. ထောင်ချောက်ထဲ မရောက်သွားအောင် မလေးရှားအွန်လှိုင်းရေဒီယိုမီဒီယာ မှ တဆင်.အသိပေးစေလိုပါတယ်ခင်များ။ 

 လေးစားစွာဖြင့် 
Sai Nor Loa 
မလေးရှားရောက်မြန်မာတယောက် 
***************************************************** 

မလေးရှားနိုင်ငံ မြန်မာများ အနေဖြင့် မိမိတို့ ကိုယ်တွေ့ အဖြစ်အပျက်များကို အခြားသူများ သတိထား ဆင်ခြင်နိုင်ရန်အတွက် ရင်ဖွင့် ပြောပြလိုက Message (သို့) ကွမ်မန့်တွင် ရေးသားပြီး ရင်ဖွင့်နိုင်ပါသည်။ 

 နေဇော်လင်း (မီဒီယာ) 
 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nay.zawlin1
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။