Home » , » ၂၀၁၄ ၁လပိုင်းအတွင်း အော်ပရာဇီ စစ်ဆေးမှုတွင် ၂,၅၄၄ ဦး ဖမ်းဆီးထား

၂၀၁၄ ၁လပိုင်းအတွင်း အော်ပရာဇီ စစ်ဆေးမှုတွင် ၂,၅၄၄ ဦး ဖမ်းဆီးထား

Written By မောင်စေတနာ on Tuesday, February 4, 2014 | 12:34:00 PM


မလေးရှားနိုင်ငံတွင် ပါမစ်မဲ့မှန်သမျှ ဇန်နဝါရီ ၂၁ ၊ ၂၀၁၄ မှ ဇန်နဝါရီလကုန်အထိ ဒုတိယ အကြိမ် စစ်ဆင်ဖမ်းဆီးသည့် 6 IOP တွင် ၂,၅၄၄ ဦး အားထိန်းသိမ်းထား ကြောင်း သိရှိရပါသည်။ ဇန်နဝါရီ၂၉ အထိ ၂၇၁ နေရာတွင် စစ်ဆင်မူ့ တွင် ၁၁,၄၉၁ ဦးအထိ ဖမ်းဆီးကြောင်း လူဝန်မှု ကြီးကြပ်ရေးဌာန အကြီးအကဲ Datuk Alias Ahmad ကကြာသပတေးနေ့ တွင် ပြောကြားပါသည်။ 

အင်ဒိုနီရှားမှ ၁၀၆၄ ဦး၊ မြန်မာ ၃၄၁ဦး နှင့် ဘင်ဂင်္လာဒေရှ် မှ ၃၃၁ ဦး နှင့် ဖိလိပိုင်၊ အိန္တိယ၊ နီပေါ၊ ကမ်ဘောဒီယား၊ ပါကစ္စတန်၊ ဗိယက်နန်၊ ထိုင်း၊ ယီမင် နှင့် သိရီလင်္ကာ နိုင်ငံတို့မှ ဖြစ်ကြပြီး ၊ အင်ဒိုနီရှားမှ ၅၆၃ ၊ မြန်မာ ၁၁၇ ဦး ၊ နှင့် ဘင်္ဂလားဒေရှ် ၁၁၃ ဦး တို့အား ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်ပို့ပြီးဖြစ်ကြောင်း ၊ ဘင်္ဂလားဒေရှ် အမျိုးသား နှစ်ဦး အပါအဝင် လုပ်ငန်းရှင် ၁၃ ဦး အား ဖမ်းဆီး ထားကြောင်း ပြောကြားပါသည်။ 

ဤ ဒုတိယအကြီမ် 6 IOP အတွင်း သက်ဆိုင်သော ဌာနအသီးသီးမှ အစိုးရဝန်ထမ်း ၃၉၉၉ ပါဝင်ကြောင်း၊ နိုင်ငံ့ ဥပဒေကျူးလွန်သော ဖမ်းဆီးမှု ကို နှစ်ကုန်သည် အထိ ပြုလုပ်ကာ ဥပဒေ ၁၉၅၉ / ၆၃ ၊ နိုင်ငံကူးအက် ဥပဒေ ၁၉၆၆၊ လူဝန်မူကြီကြပ်ရေးဥပဒေ ၁၉၆၃ အရ အရေးယူ သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များ အား ပျမ်းမျှ ၅၀,၀၀၀ ၊ ထောင်ဒဏ် ၅ နှစ် နှင့် ၅ ချက်ထက် မပိုသော ကြီမ်ဒဏ်ပေးမည်ဖြစ်ကြောင်း Datuk Alias Ahmad ကပြေကြားသွားပါသည်။ 

Thu tatuam (Malaysia News) 

 နေဇော်လင်း 
 Admin Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။