Home » , » မြန်မာနိုင်ငံသို့ ပြန်လိုသည့် မလေးမှ တရားဝင်လုပ်သားများ အတွက်

မြန်မာနိုင်ငံသို့ ပြန်လိုသည့် မလေးမှ တရားဝင်လုပ်သားများ အတွက်

Written By မောင်စေတနာ on Monday, January 27, 2014 | 10:24:00 AM


မလေးရှားနိုင်င်ငံကို အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် တရားမဝင် မြန်မာ အလုပ် သမားများ မြန်မာနိုင်ငံသို့ ပြန်လိုလျှင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဆက်သွယ်ကာ ပြန်လာနိုင်သည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က မဇ္ဈိမကိုပြောသည်။ 

မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ် သမားများကို သုံးလ စီမံချက်ဖြင့် လိုက်လံဖမ်းဆီး မြန်မာနိုင်ငံသား ၅၅၅ဦးကို ဖမ်းဆီး အရေးယူထားသည်ဟု မလေးရှား သတင်းဌာန Bernamaက ဖော်ပြထားသည်။ "မလေးရှားသံရုံးကို ဦးမင်းမင်းဝင်းကို လွှတ်ပေးထားတယ်။ 

တရားမဝင် အလုပ် သမားတွေ ပြန်လာချင် တယ်ဆိုရင် ပြန်လာလို့ရတယ်” ဟု အလုပ်သမား အလုပ်အကိုင်နှင့် ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါ်ခင်နွေဦးက ပြောသည်။ ဖမ်းဆီးခြင်း မခံရသေးသည့် မလေးရှားနိုင်ငံ မြန်မာသံရုံးအနေဖြင့် အမှန်တစ်ကယ် မြန်မာနိုင်ငံသား ဟုတ် မဟုတ် စီစစ်ပေးနေသည်ဟု ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က ပြောသည်။ 

တရား မဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများကို တရားဝင် မှတ်ပုံတင်ထုက်ပေးနိုင်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် မလေးရှားနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေသော် လည်း အောင်မြင်မှုမရရှိသေးဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူးလုံးရေး ဝန်ကြီးဌာနက သိရသည်။ 

"အဓိကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆောင်ရွက်ေ ပးရမှာဖြစ်တယ်။ ထိထိေ ရာက်ရောက် ဆောင်ရွက်နိုင်တာက နိုင်ငံခြား ရေးဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်ပေးနိုင်တယ်” ဟု ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က ပြောသည်။ 

မလေးရှားနိုင်ငံအနေဖြင့် ဖမ်းဆီခြင်းခံရသည့် နိုင်ငံခြားသားများကို ခုနှစ်ရက်အတွင်း သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သည်။ ကုန်ကျစရိတ်များကို လုပ်သားများ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံ သံရုံးများက ကုန်ကျခံရမည်ပြီး ပြန်ပို့ခံရသော လုပ်သားများအနေဖြင့် မလေးရှားနိုင်ငံသို့ ထပ်မံ ဝင်ရောက်ခွင့်ရှိတော့မည် မဟုတ်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုထားသည်။ 

မောင်သင်တုန်း| တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၂၆ရက်၊ ၂ဝ၁၄ခုနှစ်။ 

Credit to: မဇ္စို့မ သတင်းဌာန 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။