Home » , » မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်မှ မြန်မာရေယာဉ် လုပ်သား တဦးဖြစ်တဲ့ မောင်ဇာနည်ဖုန်းမြင့်

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်မှ မြန်မာရေယာဉ် လုပ်သား တဦးဖြစ်တဲ့ မောင်ဇာနည်ဖုန်းမြင့်

Written By မောင်စေတနာ on Sunday, January 26, 2014 | 8:05:00 PM


ဆာရာဝပ်ပြည်နယ်မှာ သွားရောက် အလုပ်လုပ် နေတဲ့ မြန်မာ ရေယာဉ် လုပ်သား တဦးဖြစ်တဲ့ မောင်ဇာနည် ဖုန်းမြင့်သည် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ၀မ်းပြားရေယာဉ်ပေါ်ကနေ ဆာရာဝပ် မြစ်ထဲသို့ ပြုတ်ကျ သွားခဲ့သည်။ 

မောင်ဇာနည် ဖုန်းမြင့်၏ ရုပ်လောင်းကို ဇန်န၀ါရီ ၁၃ ရက်နေ့ ည ၅ နာရီ ၀န်ကျင်တွင် မြစ်ချောင်းဝမှ မီတာ ၅၀ အကွာတွင် အနီးအနားရှိ ကျေးရွာမှ ရွာသားများက မောင်ဇာနည်ဖုန်းမြင့်၏ ရုပ်လောင်းကို ပြန်တွေ့ရှိခဲ့ကြပြီ ဆယ်ယူပြီတဲ့ အခါမှာ ဆာရာဝပ်ရှိ ကူချင်းမြို့ ဆေးရုံးကြီးကို ပို့ဆောင်ခဲ့ကြသည်။ 

သေဆုံး သွားတဲ့ မောင်ဇာနည် ဖုန်းမြင့်၏ ကျန်ရစ်သူ မိဘနှစ်ပါးနှင့် မောင်နှမ ဆွေမျိုးများက မောင်ဇာနည် ဖုန်းမြင့်၏ ဈာပနပြုလုပ် မီးသဂြိုလ် အရိုးပြာချ ပေးခဲ့ကြပြီး အရိုးပြာမုန့်တွေကို ကုမ္ပဏီ  တာဝန်ခံများနှင့် မိသားစုတွေက မောင်ဇာနည် ဖုန်းမြင့်၏ အရိုးပြာ မုန့်တွေကို ပင်လယ်ဝတွင် မျောပေးခဲ့ကြောင်း ဆာရာဝပ်ကို သွားရောက် ကူညီပေးခဲ့သည့် ကိုပီတာမှ သူရိယဂျာနယ်ကို ပြောဆိုခဲ့သည်။ 

Credit to: သူရိယ ဂျာနယ် FB 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။