Home » , » ယူအန်ကဒ် ကိုင်ဆောင်သူ တစ်ဦး မလေးရှား ရဲမှ ငွေညစ်

ယူအန်ကဒ် ကိုင်ဆောင်သူ တစ်ဦး မလေးရှား ရဲမှ ငွေညစ်

Written By မောင်စေတနာ on Wednesday, January 29, 2014 | 9:34:00 AM


မလေးရှား နိုင်ငံ ၊ စလန်ဂေါ၊ ရဝမ် AEON (ယခင် Jusco) ကုန်တိုက်ရှေ့တွင် ဇန်နဝါရီ ၂၈ နံနက် ၂း၂၀ အချိန်တွင် လမ်းပိတ်ဆို့ စစ်ဆေးရေး ပြုလုပ်သော ရဲတပ်ဖွဲ့ဝင် တစ် ဦး မှ မြန်မာ တိုင်းရင်းသား ယူအန်ကဒ် ကိုင်ဆောင်သူ တစ်ဦး အား အတင်း အကြပ် ငွေ တောင်းယူမှု ဖြစ်ပွား ကြောင်း ငွေညစ်ခံရသူက Thutatuam သို့ အကြောင်း ကြားပါသည်။ 

 ငွေညစ်ခံရသူမှာချင်း အမျိုးသား ကို Deih Thang ဖြစ်ပြီး မိတ်ဆွေ တစ် ဦး၏မွေးနေ့ပွဲမှ မလေးနိုင်ငံသား မလေးအမျိုးသမီးတစ်ဦး ကား ဖြင့် အိမ် အပြန် AEON ကုန်တိုက်ရှေ့တွင် ရဲ မှ မလေးဘာသာစကားဖြင့် "IC စစ်မယ် အကုန်ဆင်း" ဟုဆိုကာ ကားပေါ်မှ ဆင်းစေပြီးကို Deih Thang ကိုင်ဆောင်သော ယူအန် ကဒ်အား "ဒီကဒ်ဘာ မှအသုံးမဝင်ဘူး" ဟု ပြောဆိုပါသည်။ 

တစ်နာရီခန့်ကြာ သည် အထိ လွတ်ပေးရန်တောင်းဆို ပြီးနောက် "မင်း သူဌေးကို ခေါ်လိုက်" ဟု ခေါ် ဆို စေပြီး မိမိ အလုပ်ရှင်ထံမှ ရင်းဂစ်ငွေ ၃၀၀ တောင်းယူ ကြောင်း သိရပါသည်။ 

Thutatuam (Malaysia News) 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။