Home » , , , » မလေးရှားနိုင်ငံ၏ 6P နှင့် နိုင်ငံကူးလက်မှတ် (မလေးရှားရောက် မြန်မာများအားလုံး ဖတ်ရန်)

မလေးရှားနိုင်ငံ၏ 6P နှင့် နိုင်ငံကူးလက်မှတ် (မလေးရှားရောက် မြန်မာများအားလုံး ဖတ်ရန်)

Written By မောင်စေတနာ on Friday, December 20, 2013 | 12:24:00 PM

မလေးရှားနိုင်ငံသည် ချမ်းသာကြွယ်ဝမှုမြင့် တက်  နေသည့် နိုင်ငံတစ်  နိုင်ငံဖြစ် သော်လည်း နှစ်စဉ်လူကုန်ကူးမှု အမှုများသည် ထောင်နှင့်ချီကာ ဒုက္ခပေးလျက် ရှိနေသည်။ အိမ်နီးချင်းနိုင်ငံ များ၏ စီးပွားရေးဖွံ့ဖြိုးမှု         မရှိသည့်အတွက် မလေးရှားနိုင်ငံအတွင်းသို့ ၀င်ရောက်      လာကြကာ ရာဇ၀တ်မှု ကျူးလွန်နေသည့် ကွန်ရက်များနှင့် ဆက်သွယ်ကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် အမျိုးသမီးများကို လူကုန်ကူး            မှုပြုလုပ်နေကြသည်။ 

မလေးရှားနိုင်ငံသည် ပင်လယ်နှင့်ဆက်စပ်နေပြီး ထိုင်း၊ ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့်မြေမျက်နှာပြင် ပထ၀ီအနေအထားအရ လူကုန်ကူးမှုလုပ်ငန်း အတွက် မဟာဗျူဟာမြောက် အချက်အချာ ကျနေသည်။ မလေးရှားနိုင်ငံသည် လူကုန် ကူးမှု၏ ခရီးဆုံးနိုင်ငံဖြစ်သလို လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှု အတွက် ဖြတ်သန်းသွား လာရာဒေသလည်း ဖြစ်နေသည်။ 

အမေရိကန်နိုင်ငံ၏ အစီရင်ခံစာ အမေရိကန်နိုင်ငံ၏ နှစ်ပတ်လည်လူကုန်ကူးမှု အစီရင်ခံစာတွင် မလေးရှားနိုင်ငံအတွင်းရှိ လူကုန်ကူးခံရသူ အများစုသည် ပြည်ပနိုင်ငံများမှ လာရောက် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ပြည်ပမှ လာကြသူများသည် အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ နီပေါ၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် နှင့် ဗီယက်နမ်နိုင်ငံတို့မှ လာရောက်ကြသူများဖြစ်ကြောင်း၊ ၎င်းတို့သည် အလုပ်အကိုင်ရှာဖွေရန် လာရောက်ကြပြီး တစ်ချို့မှာ အလုပ်ရှင်များ၏ လက်ထဲတွင် အကြွေးဖြင့်နှောင်ဖွဲ့ခိုင်းခံရခြင်းနှင့် အဓမ္မအလုပ်ခိုင်း စေခံရခြင်းများကြုံကြရသည်ဟု ဖော်ပြထားသည်။ 

ထို့အပြင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှ ၀န်ထမ်းများသည် လူကုန်ကူးသူများထံသို့ ဒုက္ခသည်များနှင့် လူကုန်ကူးခံရသူများကို ပြန်လည်ရောင်းစားမှု တို့တွင် ပါဝင်ပတ်သက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ဖူးသည်ဟု ဖော်ပြထားသည်။ မလေးရှားနိုင်ငံ၏ ကြိုးပမ်းမှု မကြာသေး မီနှစ်များက မလေးရှားနိုင်ငံသည် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးမှု လုပ်ဆောင်ချက်များတိုးမြှင့် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ သို့သော်သိသိသာသာ အကျိုးရလဒ်များတော့ မမြင်တွေ့ရသေးပေ။ 

လူကုန်ကူး အမှုများပိုမိုစုံ စမ်းဖော်ထုတ်မှုပြုလုပ်ခြင်း၊ လူကုန်ကူးသူများကို ထိထိရောက်ရောက် တရားစွဲဆိုအရေးယူခြင်း နှင့်၂၀၀၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေနှင့် ပတ်သက်သည့် သင်တန်းများကို တာဝန်ရှိအဖွဲ့အစည်းများသို့ သင်တန်းများ များစွာပေးခဲ့ခြင်း၊ လူကုန်ကူး ခံရသူတို့၏ ဂေဟာ များတိုးချဲ့ဖွင့်လှစ်ခြင်းနှင့် အမျိုးသား အဆင့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း စီမံချက် ငါးနှစ်အတွက် ရေးဆွဲ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ 

မလေးရှားနိုင်ငံ၏ ၆ P မလေးရှားနိုင်ငံ အစိုးရသည် တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများ အဆမတန်များပြားနေမှုကြောင့် မှုခင်းများတိုးပွားရခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် အခြား စီးပွားရေးပြဿနာဖြစ်ရသည်ဟု အပြစ်တင်ထားသည်။ ထို့ကြောင့် မလေးရှားအစိုးရသည် တရားမ၀င် လာရောက်သူများအတွက် တရားမ၀င် အလုပ်သမားများအား စီမံခန့်ခွဲရေး အစီအစဉ် စတင် ဆောင်ရွက်ခဲ့သည်။ 

ထိုအစီအစဉ်မှာ ၆P အစီအစဉ်ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ၆P အစီအစဉ်သည် တရားမ၀င်လာရောက် အခြေချလိုသူများကို မှတ်ပုံတင်ခွင့်ပေးသည့် အစီအစဉ်ဖြစ်သည်။ ထိုတရားမ၀င်လာရောက်နေထိုင် အလုပ်လုပ်ကိုင်သူ ၁ ဒသမ ၈ သန်းတွင် နိုင်ငံကူးလက်မှတ်မရှိသူများ၊ အလုပ်ရှင်များထံမှ ထွက်ပြေးနေကြသူများ၊ အလုပ်လုပ်ခွင့်ပါမစ် အတုကိုင်ဆောင်ထားကြသူများ၊ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ထားကြသူများ၊ ကုလသမဂ္ဂမှ ထုတ်ပေးထားသည့် အထောက်အထားများ ကိုင်ဆောင်ထားသူများ၊ တရားမ၀င်နေထိုင်ကြစဉ်အတွင်း မွေးဖွားလာသူများတို့ပါ အကျုံးဝင်ကြသည်။ 

မိခင်နိုင်ငံများသို့ပါ အရေးယူခြင်းမရှိဘဲ ပြန်ခွင့်ပြုသည့် အစီအစဉ်လည်းဖြစ်သည်။ ထို့အပြင် အလုပ်ရှင်များကိုတရားမ၀င် အလုပ်သမားများခန့်သည့်အတွက် အရေးယူခြင်းမရှိဘဲ သက်ညှာခွင့်ပေးခဲ့သည်။ ထိုအစီအစဉ်ကို ၂၀၁၁ ခုနှစ် ဇွန်လတွင် ကြေညာခဲ့သည်။၂၀၁၁ ခုနှစ်အောက်တိုဘာလမှ စတင်လုပ်ဆောင်ခဲ့သည်။ 

၆P အစီအစဉ်ဖြင့် မှတ်ပုံတင်ခဲ့သည့် တရားမ၀င် မြန်မာအလုပ်သမား ၁၄၄ç၀၉၈ ဦး အနက် မြန်မာနိုင်ငံသို့ ပြန်မည့်သူများအား မြန်မာသံရုံးမှ မည်သူမည်ဝါဖြစ်ကြောင်း အထောက် အထားထုတ်ပေးခဲ့သည်။ မလေးရှားနိုင်ငံတွင် ကျန်ရှိနေသူများကို မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးသွားမည်ဖြစ်သည် . . . မလေးရှားနိုင်ငံ အတွင်းရှိ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်သည့် အချက်အလက်များအား Biometric စနစ်ကို အသုံးပြုကာ တရားဝင်မှတ်တမ်းများထားရှိရန် ရည်ရွယ်ချက်ဖြင့် မလေးရှားအစိုးရက အဆင့်ခြောက်ဆင့်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ 

ထိုအဆင့်ခြောက်ဆင့်ကို မလေးရှားဘာသာအခေါ်အဝေါ်အရ ၆P ဟု ခေါ်တွင်ကြသည်။ 
၎င်းတို့မှာ- 
Registration (Pendaftaran) မှတ်ပုံတင် ခြင်း။ 
Regularization ( Pemutihan) တရားဝင်ဖြစ်အောင်ပြုလုပ်ခြင်း။ 
Amnesty ( Pengampunan) လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း။ 
Monitoring (Pemantauan) စောင့်ကြည့်စစ်ဆေးခြင်း။ 
Enforcement (Penguatkuasaan) ဥပဒေအရအာဏာသက်ရောက်စေခြင်း။ 
Deportation ( Pengusiran) ပြည်နှင်ဒဏ်ပေးခြင်းတို့ဖြစ်ကြသည်။ 

တရားမ၀င် နိုင်ငံခြားသားများအား Biometric စနစ်ဖြင့် မှတ်ပုံတင်ခြင်း  လုပ်ငန်းအား အကောင် အထည်ဖော်ဆောင်ရွက်နေဆဲကာလအတွင်း ၂၀၁၁ ခုနှစ် သြဂုတ် ၁ ရက်တွင် တရားမ၀င်အလုပ်သမားများအား မှတ်ပုံတင်ရေး ၆P အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက် မလေးရှားနိုင်ငံ နိုင်ငံခြားသားအလုပ်သမားနှင့် တရားမ၀င်ေ ရာက်လာသူများဆိုင်ရာကော်မတီမှ မလေးရှားနိုင်ငံ၏ ၆P အစီအစဉ်အောက် မှ မှတ်ပုံတင်ခြင်းကို ဆက်လက်ရက် တိုးမလုပ်ပေးတော့ကြောင်းမလေးရှားအစိုးရအဖွဲ့မှ ကြေညာခဲ့သည်။

သို့ကြောင့်လည်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကိုဖမ်းဆီးခြင်း၊ ထိမ်းသိမ်းခြင်းနှင့် ပြည်နှင့်ခြင်းစသည့် အရေးယူဆောင်ရွက်မှုများ  လုပ်ဆောင်လျက်ရှိနေသည်။ ၆P အစီအစဉ်၏ ပထမအဆင့်ဖြစ်သော Biometric စနစ်ဖြင့်မှတ်ပုံတင်ရေးမှာ ၂၀၁၁ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြီးဆုံးခဲ့သည်။ 

မှတ်ပုံတင်ပြီးသည့် နိုင်ငံခြားသားအလုပ်သမားစုစုပေါင်း ၂ç၃၂၀ç၀၃၄ ဦး ရှိသည့်အနက် တရားဝင်အလုပ်သမား ၁ç၀၁၆ç၉၀၈ ဦး ဖြစ်ပြီး ကျန်ရှိသည့် ၁ç၃၀၃ç၁၂၆ ဦးမှာ တရားမ၀င်အလုပ်သမားများဖြစ်ကြသည်။ 

တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများ အနက် အများဆုံးမှာ အင်ဒိုနီးရှားနို င်ငံသားများဖြစ်ကြပြီး ဒုတိယအများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ကြသည်။ တတိယ အများစုသည် မြန်မာအလုပ်သမား ၁၄၄ç၀၉၈ ဦးဖြစ်သည်။ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် မှတ်ပုံတင်ခဲ့သည့် တရားဝင်မြန်မာအလုပ်သမား အရေအတွက်မှာ စတင်ကောက်ယူချိန်မှစ၍ ၁၁၃ç၄၈၅ ဦး ရှိရာ တရားဝင်/တရားမ၀င်မြန်မာ အလုပ်သမား စုစုပေါင်း ၂၅၇ç၅၈၃ ဦး တို့ရှိနေကြောင်း မြန်မာနိုင်ငံခြားရေးရုံး မှတ်တမ်းများအရ သိရှိရသည်။ 

 ၆P အစီအစဉ်ဖြင့် မှတ်ပုံတင်ခဲ့သည့် တရားမ၀င်မြန်မာအလုပ်သမား ၁၄၄ç၀၉၈ ဦး အနက်မြန်မာနိုင်ငံသို့ ပြန်မည့်သူများအား မြန်မာသံရုံးမှ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား ထုတ်ပေးခဲ့သည်။ မလေးရှားနိုင်ငံတွင် ကျန်ရှိနေသူများကို မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးသွားမည်ဖြစ်သည်။၎င်းတို့၏ နေထိုင်ခွင့်ကာလသည် ခြောက်လဖြစ်သည်။ ထိုကာလအတွင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ပြီးစီးအောင်ဆောင်ရွက်ရန်လိုသည်။ ထိုသို့ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလာကြသည့် အလုပ်သမားလေးမျိုးတွေ့ ရှိရသည်။ 

(၁) ယခင်မြန်မာနိုင်ငံကူး လက်မှတ်အဟောင်း လက်ဝယ်ရှိသူများ၊ 
(၂)နိုင်ငံသား စိစစ်ရေးကတ်ပြား(မူရင်း) လက်ဝယ်ရှိသူများ၊ 
(၃) နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်နှင့် မြို့နယ်ရဲစခန်းထောက်ခံချက်မိတ္တူ စသည့် စာရွက်စာတမ်းများ အားတင်ပြနိုင်သူများ၊ 
(၄) ယင်းစာရွက် စာတမ်းများကို ပြည့်စုံစွာ တင်ပြနိုင်ခြင်း မရှိသူများ၊ ထိုလေးမျိုးတွင် (၁)နှင့်(၂) အမျိုးအစားများကို လိုအပ်သည့်စိစစ်မှုပြုကာ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးလျက်ရှိသည်။ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်နှင့် မြို့နယ် ရဲစခန်းထောက်ခံချက် မိတ္တူစသည့် စာရွက်စာတမ်းများအား တင်ပြနိုင်သူများအတွက် ၎င်းင်းတို့၏ အချက် အလက်များကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်သွယ်ပေးပို့၍ နိုင်ငံသား စိစစ်မှု လုပ်ငန်းကို ဆောင်ရွက်ကြရသည်။ 

အချိန်ကန့်သတ်ချက်များကြောင့် မြန်မာသံရုံးမှပင်စိစစ်ပြီး မြန်မာနိုင်ငံ ကူးလက်မှတ်များ ထုတ်ပေးလျက်ရှိသည်။ တရားမ၀င် မြန်မာအလုပ်သမား ၁၄၄ç၀၉၈ ဦး အနက် မလေးရှားနိုင်ငံတွင် ဆက်လက် အလုပ်လုပ်လိုသူ အလုပ်သမား ၁၀၁ç၀၈၈ ဦး သည်မြန်မာသံရုံးသို့ နိုင်ငံကူး လက်မှတ်လျှောက်ထားကြပြီး မြန်မာနိုင်ငံသို့ အပြီးပြန်လိုသူ ၁၂ç၀၀၀ အား မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားထုတ်ပေးခဲ့သည်။ 

ထိုစာရင်းများအရ တရားမ၀င် မြန်မာ အလုပ်သမားခန့်မှန်း ၃၁ç၀၁၀ ရှိကာ ထပ်မံရောက်ရှိနေသည့် မြန်မာ အလုပ်သမားများ ခန့်မှန်း ခြောက်သောင်း ကျော်ခန့်ရှိနေမည်ဖြစ်သည်။ သို့ကြောင့် တရားမ၀င်မြန်မာ အလုပ်သမားပေါင်း တစ်သိန်းကျော်ခန့်ရှိနေမည်ဖြစ်သည်။ 

ထိုကျန်ရှိနေသေးသည့်သူများ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များ လိုအပ်ပေသည်။ 
(က) အသက် (၄၀) ထက်မကျော်လွန်သူ ဖြစ်ရမည်။ 
(ခ) ကျန်းမာရေးကောင်းမွန်သူ၊ ဆေးစစ်ချက် အောင်မြင်သူဖြစ်ရမည်။ 
(ဂ) ရာဇ၀တ်မှုတစ်စုံတစ်ရာကျူးလွန်မှုမရှိခဲ့ သူဖြစ်ရမည်။ 
(ဃ) မလေးရှားနိုင်ငံ၏အမည်မည်းစာရင်း တွင် မပါသူဖြစ်ရမည်။ 
(င) အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားရန် အလုပ်ရှင်ရှိရမည်။ 

 နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်အား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ ကောင်စစ်ဌာန၀င်းအတွင်း One Stop Centre အဖြစ် ဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာသံရုံးနှင့်အတူ မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဋ္ဌာန(သတင်းတပ်ဖွဲ့)၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဋ္ဌာန နှင့် အကျိုးဆောင် Company များဖြစ်ကြ သည့် Diamond Palace Company (မြန်မာဘက်) နှင့် Serojak Anggerik Company (မလေးရှားဘက်) တို့ ပူးပေါင်းကာ အောက်ပါအတိုင်း ပါဝင် ဆောင်ရွက်ပေးကြမည်ဖြစ်သည်။ 

(က) မြန်မာနိုင်ငံသားမှန်ကန်ကြောင်း လူတွေ့ စစ်ဆေးခြင်း။ 
(ခ) အလုပ်ရှင်အား   တွေ့ဆုံစစ်ဆေးမေးမြန်းကာ အလုပ်သမားကတ်ထုတ်ပေးရန် ထောက်ခံချက်ပေးခြင်း၊ (ဂ) နိုင်ငံကူး လက်မှတ်ထုတ်ပေးရန် အတွက် အတည်ပြုချက်ပေးခြင်း။ 
(ဃ) ကိုယ်ရေးအချက် အလက်များ စုဆောင်းခြင်း၊ မှတ်တမ်းယူခြင်း။ 
(င) ပေးပို့လာသည့်အချက် အလက်များအား စစ်ဆေးခြင်းနှင့်နိုင်ငံကူး လက်မှတ်များထုတ်ပေးခြင်း။ 
(စ) အလုပ်သမားကတ်ထုတ်ပေးခြင်း။ 
(ဆ) အလုပ်လုပ်ကိုင်ခွင့်များ work permit တင်ပြ၊ လျှောက်ထားပေးခြင်း၊ 
(ဇ) အမည်မည်းစာရင်းနှင့် ရာဇ၀တ်မှု ကင်းရှင်းမှုရှိ/ မရှိတိုက်ဆိုင် စစ်ဆေးကာ အလုပ်ပါမစ်များ ထုတ်ပေးခြင်း။ 
(ဈ) အမည်မည်း စာရင်းနှင့် ရာဇ၀တ်မှု ကျူးလွန်မှုတွင်ပါဝင်သူများအား မည်သူမည်ဝါဖြစ်ကြောင်း အထောက် အထားထုတ်ပေးကာ Check-out Memo ပြုလုပ်၍ပြည်တော်ပြန်ပို့ ခြင်း။ (ည) နှစ်ပတ်ခန့်အကြာ ရက်ချိန်းပေးပြီးနောက် နိုင်ငံကူး လက်မှတ်နှင့် အလုပ်ပါမစ်များထုတ် ပေးခြင်း။ 

သို့ကြောင့် မလေးရှားနိုင်ငံ၊ မြန်မာသံရုံး တွင် ၆P အစီအစဉ်အရ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားကြပြီဖြစ်သည်။ 

မဲခေါင်ဒေသတွင်း နိုင်ငံများနှင့်မလေးရှား မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်မှု ခြောက်နိုင်ငံ ( ၉ ) ကြိမ်မြောက်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီ ၂၁ နှင့် ၂၂ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ထိုအစည်းအဝေးတွင် မဲခေါင်ဒေသအတွင်း လူကုန်ကူးမှုတိုက်ဖျက်သည့် အစီအစဉ်အတွင်းသာမက ပြင်ပဒေသများဖြစ်သည့် အာဆီယံနိုင်ငံများ၊ မဲခေါင်ဒေသပြင်ပနိုင်ငံများ အထူးသဖြင့် မလေးရှားနိုင်ငံနှင့် ပုဂ္ဂလိကပညာရှင်များကဏ္ဍတို့ပါ စိတ်ပါဝင်စားလာအောင် ချိတ်ဆက်ဆောင်ရွက်ကြရန် အလေးထား ဆွေးနွေးဖြစ်ခဲ့ကြသည်။ 

အလားတူ မြန်မာနိုင်ငံအနေဖြင့် မလေးရှားရောက်မြန်မာ  အလုပ်သမားများ  အရေးကို အာရုံစိုက် ဆောင်ရွက်ခဲ့သည်။ ရွှေ့ပြောင်းမြန်မာ  အလုပ်သမားများသည် လူကုန်ကူးခံရနိုင်ဖွယ်  ရှိသည့်အတွက် အလုပ်သမား အရေး ကိစ္စများဖြေရှင်းနိုင်ရန် အလုပ်သမား သံအရာရှိ တာဝန်ပေးထားခဲ့သည်။ မဲခေါင်  ဒေသတွင်းရှိ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည်လည်း မလေးရှားနိုင်ငံနှင့် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရန် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာရေးထိုး  ဆောင်ရွက်ရေးကို ကြိုးပမ်းနေဆဲဖြစ်သည်။ 

Written by ၀င်းနိုင်ထွန်း 
Credit ; Eleven Media Group 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။