Home » , » တပျော်တပါးကြီး မှပြီးရင်းမှနေကြလေ၏

တပျော်တပါးကြီး မှပြီးရင်းမှနေကြလေ၏

Written By မောင်စေတနာ on Thursday, June 28, 2012 | 2:22:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgILh7M3Eql5g8DgPB9lAll79u5Drx7xjBs44Q65_3sDVLJIxCHsLc1b4hRXW-4C5nuvt7HrttNWeyciJ2-nbC-Z_INho2LTfNA-_lWz4_uI1IwlNRDGljkcyzvU5g2TSnWLACDrzMOazCY/s400/Donna-Guest-03+ppoo+9955+color.gif

မြန်မာစာအရေးအသားအကြောင်း ဒီကနေ့ ကြေးမုံ စာမျက်နှာ ၂ မှာ ခပ်တိုတိုရေးထားတာ တွေ့ရပါတယ်။

စေတနာနဲ့ ရေးထားမှန်း အင်မတန် သိသာတယ်။ မှတ်သား လိုက်နာဖို့ ကောင်းပါတယ်။ ဒီထက်ပိုပြီး ပညာပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

ထောက်ပြစရာ တခုကတော့ 'က'နှင့် 'မှ' အလွဲသုံးခြင်းကို ဂျာနယ်များမှာသာ တွေ့ရပြီး ပြည်သူပိုင် သတင်းစာများ၌ မတွေ့ရပါ လို့ ရေးထားတာကိုပါပဲ။

မတွေ့ရပါ ဆိုတော့ သတင်းစာ မဖတ်လို့ ဖြစ်မှာပါ။

စာမျက်နှာ ၁၀ က သတင်းတပုဒ်မှာ တရားရုံးမှ --- ထောင်ဒဏ် ငါးနှစ်ကျခံစေရန် အမိန့် ချမှတ်ခဲ့သည် လို့ ဆိုထားပါတယ်။

ခါတိုင်းလည်း ပြည်သူပိုင်သတင်းစာများမှာ ဒီလို မှားနေကျပါပဲ။

အပုဒ်တိုင်းတော့ မဟုတ်ပါဘူး။ နေ့တိုင်းလိုလို အရေးအသား အားနည်းချက်တော့ ရှိခဲ့တာပါပဲ။

ဖြစ်နိုင်တာကတော့ ဆောင်းပါးရှင်က ကိုယ့်သတင်းစာမှာ ပါတဲ့သတင်းတိုင်းကို ဖတ်ဖို့ အချိန်မရှိတာ ဖြစ်ပါလိမ့်မယ်။

ပလူပျံအောင် နေ့တိုင်းထွက်နေတဲ့ ဂျာနယ်များလည်း လိုက်ဖတ်နေတယ် ဆိုတော့ သတင်းစာမှာလည်း တမှတည်း မှ နေတာကို မမြင်မိတာ ဖြစ်မယ်လို့ ယူဆရပါတယ်။

ဒီကနေ့ ကျောင်းတွေမှာ မြန်မာစာ အရေးအသားကို တလွဲ ပို့ချနေသလား ဆိုတာလည်း စုံစမ်းသင့်ပါတယ်။

ညွှန်း - ဒီနေ့ မြန်မာ့အလင်းက ဖတ်စရာ ၂ ပုဒ်

၁။ မြန်မာစာအရေးအသား မမှားစေလို

၂။ နေ့ခင်းကြောင်တောင် မြို့လယ်ကောင် ရွှေဆိုင်လုယက်မှုပြစ်မှုကျူးလွန်သူအား ထောင်ဒဏ်ငါးနှစ်ချမှတ်


Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။