Home » , » မလေးရှားလဝကရဲ့ ရာဇာသံ ထွက်ပေါ်လာခဲ့ပြီ (မလေးရှား အထူးသတင်း)

မလေးရှားလဝကရဲ့ ရာဇာသံ ထွက်ပေါ်လာခဲ့ပြီ (မလေးရှား အထူးသတင်း)

Written By မောင်စေတနာ on Wednesday, August 28, 2013 | 9:27:00 PM

လာမည့်တနင်္ဂနွေနေ့ကစပြီး မလေးရှားအာဏာပိုင်အဖွဲ့စည်းအားလုံးက ခန့်မှန်းခြေ ၅၀၀၀၀၀ (၅သိန်း)ခန့်ရှိတဲ့ တရားမဝင်နေထိုင်သူများ အားလုံးကို တိုင်းပြည်လုံး ပိုက်စိပ်တိုက် ရှာဖွေတော့မည်ဖြစ်ကြောင်းကို ယနေ့ The Star သတင်းစာမှာ ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြသွားခဲ့ပါသည် ။ 

ယခင်တင်ပြခဲ့သည့်အတိုင်း ယခု စီမံချက် Operacy တွင် မလေးရှားနိုင်ငံ၏ လဝက ၊ ရဲ ၊ စစ်တပ် ၊ ရေးလား ၊ ပြည်သူ့စစ် အပါအဝင် တိုင်းပြည်ရှိ အာဏာပိုင်အဖွဲ့စည်းအားလုံး ပူးပေါင်းရှာဖွေမည့် အင်အား ၁၃၅၀၀၀ ပါဝင်မည့်အကြောင်းကို ရေးသားထားခဲ့သည် ။ 

ထိုအထဲတွင် လဝက မှာ အဓိက ပါဝင်စစ် ဆေးမည်ဖြစ်သည် ။ ယခု အစီအစဉ်တွင် ကွာလာမ်ပူ ၊ ဆလန်းဂေါ ၊ ပီနန်း ၊ ဂျိုဟိုး စသည့်နေရာများရှိ တရားမဝင် အလုပ်သမားများရှိသည့် သတ်မှတ်နေရာများကို အဓိက စစ်ဆေးသွားမည့်အကြောင်းဖော်ပြထားပါသည်။ 

ဖမ်းဆီးရမိသူများ အားလုံးကို မည်သည့်ရဲစခန်းသို့မှ ပို့မည်မဟုတ်ပဲ မလေးနိုင်ငံရှိ တရားမဝင်နေထိုင်သူများကို ထိမ်းသိမ်းမည့် လဝက ကန့် ၁၂ ခုသို့တိုက်ရိုက်ပို့သွားမည်ဖြစ်ကြောင်းကို လည်းလဝကအရာရှိ Datuk Alias Ahmad ကပြောကြားသွားသည်။ 

ထို့အပြင်တရားမဝင် အလုပ်သမားများကို အလုပ်ပေးထားသည့် အလုပ်ရှင်များကိုလည်း တရားဥပဒေအရ Migrants Act 2007 အတိုင်းအရေးယူသွားမည့်ဖြစ်ကြောင်း ရေးသားထားသည်။ ယခုစီမံချက်အတွက် တရားဝင်အလုပ်သမားများ မပါဝင်စေရန် ထိုသူတို့အတွက် လုံလောက်သော အထောက်အထားများကို သူဌေးများမှ ထုတ်ပေးထားရန် ယနေ့တရားဝင်ကြော်ငြာထားပြီးဖြစ်သည်ဟု ဖော်ပြထားသည် ။ 

ယခုစီမံချက်သည် 6P စီမံချက်အတွင်း မှတ်ပုံတင်ထားသူများထဲမှ တရားဝင်လာရောက် မဆောင်ရွက်သော သူများအားလုံးကို အဓိကထားရှာဖွေမည်ဖြစ်ပြီး တွေ့ရှိပါကမည်သည့် တရားဝင် ဆောင်ရွက်မှု့မျိုးမှပေးမည် မဟုတ်ကြောင်း နှင့် တရားဝင်ဆောင်ရွက်ပေးသော အေးဂျင်းများမှ အဓိက တာဝန်ယူရမည့် အကြောင်းကို ဖော်ပြထားသည် ။ 

အဆိုပါ 6P စီမံချက်တွင် တရားဝင်ဆောင်ရွက်ထားသော သူ ၂ သန်းကျော်အတွင်းခန့်မှန်းခြေ ၁.၃ သန်းမှာ စာရွက်စာတမ်း မပြည့်စုံသူများဖြစ်ကြောင်းတွေ့ရှိရပြီးဖြစ်ကြောင်း ။ 

ထိုသူများထဲမှာ ၅ သိန်းကျော်ကို တရား ဝင်ပါမစ်များထုတ်ပေးခဲ့ပြီး ကျန်သည့် ၃သိန်း ၃ သောင်းကျော်မှာ ယနေ့ထိတိုင် တရားဝင်ပါမစ် အတွက်မဆောင်ရွက်သေကြောင်း ။ ယခု မလေးရှားအစိုးရမှ အခွင့်အရေး အပြည့်ပေးထားပြီးဖြစ်ကြောင်း ။ 

ယခု အချိန်သည် 6P စီမံချက်၏ enforcement ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း အထူးသဖြင့် ဂျိုဟိုး ပါစီဂူးဒန်းမှ ဝင်ရောင်လာသော အင်ဒိုနီးရှားနိုင်ငံသားများမှာ အိုဗားတေးနေထိုင်မှု အထူးများပြားကြောင်း ။ ထပ်မံပြီးတရားမဝင် နေထိုင်သူများအနေဖြင့် ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ဗီယက်နမ် နှင့် နီပေါနိုင်ငံသားများ ရှိနေကြောင်း ။ 

ဒါတွတ်အလီ မှ ဆက်လက်ပြောကြားရာတွင် ကြောင်နှင့်ကြွက် ကစားပွဲကြီးအတွက် မလေးရှားအစိုးရမှ အပြည့်အဝ ပြင်ဆင်ပြီးဖြစ်ကြောင်း နှင့် .. လာမည့် တနင်္ဂနွေနေ့မှစတင်ပြီး ထိုတရားမဝင် နေထိုင်သူများ ရုတ်တရက် ပျောက်ကွယ် သွားရမည်ဖြစ်ကြောင်း ကို..။ တရားမဝင် နေထိုင်သူများ အားလုံး ပုန်းနေခဲ့တာကြာပြီ မည်မျှ ဆက်လက် ပုန်းအောင်းနိုင်မည်ကို စောင့်ကြည့်စေလိုကြောင်း ။ 

၃ လတိတိ ဆက်တိုက်ပြုလုပ်မည့် အဆိုပါအော်ပရေးရှင်းတွင် မလေးရှားနိုင်ငံမှ တရားမဝင် နေထိုင်သူများ အားလုံး ပျောက်ကွယ်ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည်ဖြစ်သည့်အကြောင်း .. ။ 

တရားမဝင်နေထိုင် သူများအတွက်ကာကွယ်ပေးသူ ၊ အကူညီပေးသူများ အားလုံးကို ဒဏ်ငွေ ၅၀၀၀၀၀ နှင့် ထောင်ဒဏ် အနှစ် ၂၀ အထိ အမြင့်ဆုံး သတ်မှတ် ထားသည့်အတွက်မည်သူမျှ ကာကွယ် မပေးစေလိုကြောင်းကို ...။ 

အလုပ်ရှင်များ အားလုံးသိစေရန်မှာ အခွင့်အရေးပေးထားပြီး သည့်အတွက် မည်သည့် တရားမဝင် အလုပ်သမားကိုမှ ဆက်လက် မထားတော့ရန် အချိန်ရောက်ပြီဖြစ်ကြောင်းကို . လဝက ဒါရိုက်တာ ဒါတွတ်အလီမှ ပြောကြားသည့်အတိုင်း မလေးရှားရောက် မြန်မာနိုင်ငံသားများသိရှိစေရန် ဘာသာပြန်တင်ဆက်ပေးရပါသည် ။ 

Source : http://www.thestar.com.my/News/Nation/2013/08/28/Nations-biggest-ever-crackdown-soon.aspx 

Source by : မလေးရှားရောက် မြန်မာများ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။