Home » , » ဂျိုဟိုး ulu tiram ရှိ စက်မှု့ဇုံတွင် ယနေ့ည စတင်ဖမ်းဆီး

ဂျိုဟိုး ulu tiram ရှိ စက်မှု့ဇုံတွင် ယနေ့ည စတင်ဖမ်းဆီး

Written By မောင်စေတနာ on Thursday, August 29, 2013 | 8:20:00 PM

 
ယနေ့ညနေ 6 နာရီင်္ခန့်က မလေးရှားနိုင်ငံ ဂျိုဟိုး ulu tiram ၊ Taman Perindustrian Cemerlang ရှိ Permenpronic Technologies Sdn. Bhd စက်ရုံအား ဝင်ရောက်ဖမ်းစီးမှုစတင်ကြောင်း စက်ရုံရှိ ပြန်လည် လွတ်မြောက်လာသူ မြန်မာနိုင်ငံသား တစ်ဦး၏ ပြောပြ သတင်းပေးချက် အရ သိရသည် ။ 

ကမ္ဘောဒီးယား နိုင်ငံသားများ နှင့် မြန်မာနိုင်ငံသား စုစုပေါင်း 70 ကျော်ကိုဖမ်းဆီးသွားခဲ့ပြီး စက်ရုံရှိ တာဝန်ရှိသူများ နှင့် သူဌေးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည် ။ုပြီးခဲ့သည့် 28.8.2013 စတားသတင်းစာမှ ကြော်ငြာချက်အရ လာမည့် တနင်္ဂနွေနေ့တွင်သာ စတင်ဖမ်းဆီးမည်ဟုကြော်ငြာ ထားခဲ့သော်လည်း ယခု ဂျိုဟိုးတွင် ညနေပိုင်းအတွင်း စက်ရုံများကို စတင်စစ်ဆေးသွားကြောင်းသိရသည်။ 

ဖမ်းဆီး ခေါ်ဆောင် သွားသူများအတွက် အိမ်ပြန်ခွင့် ၊ ဟန်းဖုန်းများ ယူဆောင်ခွင့်ကိုပင်မပေးပဲ တရားဝင်စစ် ဆေးပြီးသည်နှင့် ကားဖြင့် တင်ဆောင်သွားကြောင်းကို ပြန်လည် လွတ်မြောက် လာသည့် မြန်မာနိုင်ငံသား၏ ပြောပြချက်အရ သိရှိရသည် ။ 

ယခုမလေးရှား အစိုးရ၏ ကြော်ငြာချက်အရ တရားမဝင် အလုပ်သများများ ရှိမည့် စက်ရုံ ၊ အလုပ်ရုံ ၊ ဆိုင်များကို ဝင်ရောက် ဖမ်းဆီးမည့် 3 လကြာ အော်ပရေးရင်းအား မလေးရှားရောက် မြန်မာများ စောင့်ကြည့်ရမည့် ကာလဖြစ်သည် ။ 

မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံး သိရှိစေရန် ကျွန်တော်တို့စာမျက်နှာက သတင်းရရှိသည်နှင့် တင်ဆက်ပေးနေမည်ဖြစ်ပြီး အခြားမည်သည့်နေရာဒေသမဆို ထူးခြားဖြစ်စဉ်များ ရှိခဲ့ပါက www.facebook.com/mmrinmy (မလေးရှား ရောက်မြန်မာများ) Facenook စာမျက်နှာတွင် လာရောက် အသိပေးကြပါရန် နှင့် ကျွန်တော်တို့မှ ဆက်လက် မျှဝေ ပေးသွားမည်ဖြစ်ကြောင်းကို မလေးရှားရောက်မြန်မာများသိရှိစေရန် ရေးသားတင်ဆက်ပေးရပါသည် ။ 

Credit : Aung Myo Oo (Johor) 

Source by : www.facebook.com/mmrinmy 
မလေးရှားရောက်မြန်မာများ Facebook
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။