Home » , » ကွာလာလမ်ပူတွင် ယနေ့ ၂ ကျော့ပြန်ဖမ်းဆီးနေ

ကွာလာလမ်ပူတွင် ယနေ့ ၂ ကျော့ပြန်ဖမ်းဆီးနေ

Written By မောင်စေတနာ on Wednesday, August 28, 2013 | 9:14:00 PM


ယနေ့ ၂၇.၈.၂၀၁၃ ညနေ ၃ နာရီတွင် ယခင်ဖမ်းဆီးနေကျဖြစ်သော ကားဖြင့် တစ်စီးအပြည့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးသည့်ရဲများမှာ ဒမ်ဝမ်ဂီ မှရဲများပင်ဖြစ်ကြောင်း ..။ 

ထပ်မံပြီး ညနေ ၄ နာရီခွဲတွင် ကားအမှတ် ၅၇၂၄ ( ဘန်ကားအဖြူရောင် ) ဖြင့် ကားအပြည့် ဖမ်းဆီးသွားကြောင်းသိရသည် ။ ဖမ်းဆီးသူများကိုသတိထားရန်မှာ ယခင်ဖမ်းသကဲ့သို့ ရဲဝတ်စုံ ၊ ရေးလားဝတ်စုံတို့ဖြင့် မဟုတ်ပဲ အရပ်ဝတ်များဖြင့်သာ ဆက်တိုက်ဖမ်းဆီးနေတာကြောင့် ကွာလာလမ်ပူ လမ်းသွားလမ်းလာ မြန်မာများ သတိထားသင့်ပါသည် ။ ယခင်အဆိုပါ ဖမ်းဆီးမှုကို ကိုတာရာယာရှေ့တွင်သာ ဖမ်းဆီသော်လည်း ယခုမြန်မာဆိုင်တန်းသို့ဝင်ရောက်ဖမ်းဆီးမှုမှာ ၂ ကြိမ်ရှိပြီဖြစ်သည် ။ 

ဖမ်းဆီးသည်ဆိုသော်လည်း ယခင်း Operacy များကဲ့သို့ မှန်မှန် မမှန်မှန် ဖမ်းဆီးသည်မဟုတ်ပဲ အထောက်အထားမရှိသူများကိုသာ ဖမ်းဆီးပြီး အထောက်အထားပြနိုင်သူများကိုမူ စစ်ဆေးပြီးသည်နှင့် ပြန်လည် သွားခွင့်ပြုကြောင်းတွေ့ရသည် ။ ပြီးခဲ့သည့် August လ ၂၂ ရက်နေ့တွင် တစ်ကြိမ် ။ 

ယနေ့ ၂၇.၈.၂၀၁၃ တွင် ကား ၂ စီးဖြင့် ၂ ကျော့်ပြန်တစ်ကြိမ် ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းကို ကွာလာလမ်ပူသို့ အကြောင်းအမျိုးမျိုးကြောင့်လာရောက်မည့်သူများသိအောင် ရေးသားပေးပါသည် ။ 

သို့ကြောင့် ကွာလာလမ်ပူသို့လာမည်ဆိုပါက ကျွန်တော်တို့စာမျက်နှာတွင် အဖမ်းအဆီးရှိမရှိကို Mesage ပို့ကာ မေးမြန်းနိုင်ပြီး ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ facebook စာမျက်နှာမှ ဖမ်းဆီးသည်နှင့် ချက်ချင်း ရေးသားတင်ဆက်ပေးမည် ။ 

Source by : www.facebook.com/mmrinmy
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။