Home » , » စင်္ကာပူတွင် လေထုညစ်ညမ်းမှုများ ဆက်လက်ဖြစ်ပေါ်

စင်္ကာပူတွင် လေထုညစ်ညမ်းမှုများ ဆက်လက်ဖြစ်ပေါ်

Written By မောင်စေတနာ on Friday, June 21, 2013 | 1:49:00 PM

 

အင်ဒိုနီးရှားဘက်က တောမီးကြောင့် စင်္ကာပူမှာ ၁၆နှစ်တာအတွင်း အဆိုးဝါးဆုံးလို့ သတ်မှတ်တဲ့ လေထုညစ်ညမ်းမှု အုံ့ဆိုင်းမှုများ ဖြစ်ပေါ်နေပါတယ်။ တချို့ဈေးဆိုင်တွေ၊ အစားအသောက် ၀န်ဆောင်မှု လုပ်ငန်းတချို့လည်း ဒီအုံ့ဆိုင်းမှုတွေကြောင့် ခဏပိတ်နားထားကြောင်း သိရပါတယ်။ 

PSI (Pollutant Standards Index) ဟာ စင်္ကာပူအစိုးရရဲ့ ၃နာရီကြားတခါ ထုတ်ပြန်ချက်တွေအရ ဇွန်လ ၁၉ ရက် ညပိုင်းမှာ စိုးရိမ်စရာအဆင့် PSI 300+ အထက်ထိ မြင့်တက်လာခဲ့ကြောင်း၊ အခုလက်ရှိ ဇွန်လ ၂၀ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီ တိုင်းထွာချက်အရ PSI 198 ရှိနေပြီး နေ့လည် ၁နာရီမှာ PSI 371 ထိ မြင့်တက်လာဖွယ်ရှိနေကြာင်း သိရှိရပါတယ်။ PSI သတ်မှတ်ချက်အရ 300 အထက်ကို စိုးရိမ်မှုအဆင့်လို့ သတ်မှတ်ထားပါတယ်။ 

စင်္ကာပူအစိုးရက လမ်းပေါ်သွားလာသူတွေကို နှာခေါင်းကာမျက်နှာဖုံးတွေ ၀တ်ဆင်ကြဖို့ သတိပေးထားသလို အဲဒီ့ မျက်နှာဖုံး သုံးစွဲမှုများပြားလာလို့ ပြတ်လပ်မှုတွေ ရှိတယ်လို့လည်း စင်္ကာပူမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတချို့က ဆိုပါတယ်။ မီးခိုးတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်းပေါ်မှာ တရားမ၀င် တောမီးရှို့ ရာကနေ ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် အင်ဒိုနီးရှား အစိုးရ အနေနဲ့  ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ပေးဖို့  စင်္ကာပူ နိုင်ငံဘက်က တောင်းဆို ထားပါတယ်။ 

စင်္ကာပူနိုင်ငံဘက်က ဆက်သည်းမခံနိုင်တော့ တဲ့အကြောင်းနဲ့ ဒေါသ ထွက်နေပြီဆိုတဲ့ အကြောင်းကို ပတ်ဝန်းကျင်နဲ့ ရေအရင်း အမြစ်ဝန်ကြီး ဒေါက်တာ ဗီဗီယန်က သူ့ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ အင်ဒိုနီးရှား အစိုးရက တောမီးတွေကို မိုးအတုရွာပြီး ငြိမ်းသတ်ဖို့  စီစဉ်နေတယ်လို့  ဆိုပါတယ်။ 

Source by :DVB TV News
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။