Home » , , » ဆရာတော်ဒေါက်တာ ဓမ္မသာမိ၏ ဓမ္မတရားပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပမည်

ဆရာတော်ဒေါက်တာ ဓမ္မသာမိ၏ ဓမ္မတရားပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပမည်

Written By မောင်စေတနာ on Sunday, May 12, 2013 | 4:29:00 AM

 

ဆရာတော်ဒေါက်တာ ဓမ္မသာမိ၏ ဓမ္မတရားပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပမည် မလေးရှားနိုင်ငံရှိ ဗုဒ္ဓဘာသာ မြန်မာများအားလုံး မင်္ဂလာပါ။ ယခုတင်ဆက်ပေးမယ် သတင်းကတော့ မေလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဆရာတော် ဒေါက်တာ ဓမ္မသာမိ ဟောကြားမည့် ဓမ္မပူဇာ တရားပွဲ အစီအစဉ်နဲ့ ပက်သက်ပြီး အသိပေး တင်ဆက်သွားမှာ ဖြစ်ပါတယ်။ 

အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်၏ ကထိကဆရာ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီး(IABU) နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များအသင်းကြီး (ATBU) တို့ကို တည်ထောင်သူ/အတွင်းရေးမှူးချုပ်၊ OXFORD BUDDHA VIHARA (UK, Singapore, Malaysia) ကျောင်းတိုက်တို့၏ ပဓာနနာယက ဆရာတော် ဒေါက်တာဓမ္မသာမိ-၏ ဓမ္မပူဇာတရားပွဲတော်ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် (25-5-2013) စနေနေ့ ၌ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။

 ဆရာတော် ဒေါက်တာဓမ္မသာမိ၏ ဟာ ၂၀၁၁ ခုနှစ်တွင် ပထမအကြိမ်အဖြစ် မလေးရှားနိုင်ငံသို့ ကြွရောက်တရားဟောကြားခဲ့ပြီး ယခု ဒုတိယအကြိမ် တရားပွဲ အစီအစဉ်လည်း ဖြစ်ပါတယ်။ ဆရာတော်၏ တရားပွဲကို အစီအစဉ်ကို ၂၅.၅.၂၀၁၃ စနေနေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ကိုတာရာယာ ကုန်တိုက်ဘေး SM ကုန်တိုက်၊ (၆) လွှာတွင် နေ့လယ် (၁၂) နာရီ မှ ညနေ (၅) နာရီ အထိ။ ကျင်းပပြုလုပ်မှာ ဖြစ်မှာတယ်။ အခုလို ကြုံတောင့်ကြုံခဲ တရားပွဲအစီအစဉ်ကို မလေးရှားနိုင်ငံရောက် ဗုဒ္ဓဘာသာ ရွှေမြန်မာများ အနေဖြင့် ကြွရောက်ပြီး တရားတော်ကို နာယူနိုင်ရန်အတွက် အသိပေး တင်ဆက်လိုက်ပါသည်။ 

ဆရာတော် ဒေါက်တာဓမ္မသာမိ- ၏ ဓမ္မပူဇာ တရားပွဲတော် အစီအစဉ်- 

တရားခေါင်းစဉ်။ ။ "Metta Meditation Practice and Positive Thinking" ၊ "မေတ္တာကမ္မဋ္ဌာန်းပွားများခြင်း နှင့် Positive အတွေး တည်ဆောက်ခြင်း"၊ 

နေ့ရက် ။ ။ ၁၃၇၅-ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁) ရက်၊ (25-5-2013) စနေနေ့။ 

အချိန် ။ ။ နေ့လယ် (၁၂) နာရီ မှ ညနေ (၅) နာရီ အထိ။ 

နေရာ ။ ။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ကိုတာရာယာ ကုန်တိုက်ဘေး၊ SM ကုန်တိုက်၊ (၆) လွှာ။ 

(သတင်း ရုပ်သံ အစီအစဉ်တွင် ကြည့်ရှုနိုင်ပါသည်။) 

 

နေဇော်လင်း 
Free Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။