
မဲဆောက် မြ၀တီ ထိုင်းမြန်မာ နယ်စပ်လမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲခိုးဝင်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသား (၈၀)ကျော်ကို မေလ ၁၁ ရက်စနေ နေ့  မဲဆောက်မြို့ ပြင် တောစပ်မှာ ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ ယာယီ မြန်မာနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးနေတဲ့တချိန်ထဲမှာ နယ်စပ်ကနေ ထိုင်းနိုင်ငံ အတွင်းပိုင်းကိုခိုးဝင်နေတာတွေ ရှိသေးတယ်ဆိုတဲ့ သတင်းအရ မဲဆောက်မြို့ မြောက်ဖက် မယ့်ကဆယ်ရွာပြင်တောစပ်မှာ ကင်းပုန်းချ စောင့်ကြည့်နေရာကနေ ယောက်ျား (၇၅) ယောက်နဲ့ မိန်းကလေး (၆)ယောက် စုစုပေါင်း (၈၁)ယောက် ကိုကားမောင်းသမားနှင့်အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့  မဲဆောက်မြို့ ပိုင်ရုံး ပြည်သူ့ စစ်ဆေးရေး အရာရှိ နိုင်နလိမွန်ဖူဂန် ကပြောပါတယ်။
ဒီလူတွေက ယာယီနိုင်ငံကူးလက်မှတ်နဲ့ မသွားဘဲ ဘာဖြစ်လို့  ငွေအကုန်ခံပြီးတော့ ခိုးကြောင်ခိုးဝှက်သွားနေရလည်းဆိုတာကို ဘီဘီစီက စုံစမ်းမေးမြန်းကြည့်တော့ အဖမ်းခံရတဲ့သူတွေ အထဲမှာ အခုလိုခိုးသွား၇တဲ့အ ခြေ အနေ သုံးရပ်ကို တွေ့ ရပါတယ်
အဲ့ဒီသုံးမျိုးထဲက တစ်မျိုးက ပတ်စ်ပို့ မပါဘဲသွားတာဖြစ်ပါတယ်
ပါတ်စ်ပို့ လုပ်ရင် လေးငါးခြောက်လကြာမှာဖြစ်လို့ အခု လို အလွတ်အနေနဲ့ သွားတာပါ
အလွတ်သွားတော့ ပွဲစားခ ဘတ်တစ်သောင်းတစ်ထောင်ပေးရတယ်
ပါ့တ်စ်ပို့ လုပ်ရင် ဘတ်သုံးသောင်းရှစ်ထောင်ပေးရတယ် လို့ သိရပါတယ်။
နောက်တစ်မျိုးကတော့ ငွေမတတ်နိုင်လို့ ပွဲစားစရိတ်နဲ့ သွားရတာပါလို့  ဆိုပါတယ်။ပါ့တ်စ်ပို လုပ်တော့ ပိုက်ဆံလက်ငင်းပေးရတဲ့အတွက် ငွေမရှိတဲ့အတွက် သူများကအကြွေးခေါ် သွားပေးတာဖြစ်ပါတယ် ဟိုရောက်ရင် သူဌေးက ရှင်းပေးပြီး နောက်မှ အလုပ်ခထဲက ပြန်ဖြတ်တဲ့ နည်းလို့ ရှင်းပြပါတယ် ။
တတိယ တစ်မျိုးကတော့ အခုနှစ်လအတွင်းမှာ အစ္စလာမ် ဘာသာဝင်တွေကိုသက်ဆိုင်ရာက ယာယီနိုင်ငံကူး လက်မှတ်လုံးဝလုပ်မပေးတဲ့ အတွက် ခိုးပြီးသွား၇တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာတ ရားမ၀င် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင်ဖြစ်အောင် ယာယီနိုင်ငံကူး လက်မှတ်တွေကို ထုတ်ပေးနေတယ်လို့ နှစ်ဖက် အစိုးရကပြောနေပေမဲ့ လက်ရှိမှာ အတော်များများက ယာယီနိုင်ငံကူးလက်မှတ်တွေ ရထားပြီးဖြစ်သလို နောက်ထပ် အတော်များများကလည်းအခုလို တရားမ၀င်အလုပ်သများအဖြစ်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
Source by :Reference BBC
0 comments:
Post a Comment