Home » , , » မုန်တိုင်းသတင်း (2 PM) - May 11 2013 နောက်ဆုံးရ သတင်းများ

မုန်တိုင်းသတင်း (2 PM) - May 11 2013 နောက်ဆုံးရ သတင်းများ

Written By မောင်စေတနာ on Saturday, May 11, 2013 | 2:58:00 PM



အပူပိုင်းမုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ ဘင်္ဂလား ပင်လယ်အော်မှ အပူပိုင်းမုန်တိုင်း ဆိုင်ကလုန်းမုန်တိုင်း အဆင့် ရောက်ရှိနိုင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒေသကို ဖြတ်ကျော်မည်ဟု ခန့်မှန်းမှုများက ဖော်ပြ ဘင်္ဂလား ပင်လယ်အော်မှ အပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရှိလာနိုင်ကြောင်း သတင်းရရှိပါသည်။ 

အဆိုပါ အပူပိုင်း မုန်တိုင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော်သက်ရောက်နိုင်သည်ဟုလည်း နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းရေးနှင့် သဘာဝဘေး ထုတ်ပြန်ရေးဆိုင်ရာ ၀က်ဘ်ဆိုက်များတွင် ခန့်မှန်းဖော်ပြ ထားကြသည်။ 

Joint Typhoon Warning Center က မုန်တိုင်းသည် လာမည့် မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား (မောင်တောနှင့် စစ်တကောင်း) ကို ဖြတ်ကျော်ကာ ကုန်းတွင်းဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသည်။

ဖြတ်ကျော် ၀င်ရောက်စဉ်တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၇၅ မိုင်မှ ၁၀၅ မိုင်ကြား ရှိနိုင်ပြီး မုန်တိုင်းဒီရေ အမြင့်မှာ သုံးပေမှ ငါးပေခန့် ရှိနိုင်သည်ဟုလည်း Myanmar Climate Change Watch က ထုတ်ပြန်ထားသည်။ accuweather.com ကလည်း မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော်မည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့ကို အဓိက သက်ရောက်မည်ဟု ခန့်မှန်းဖော်ပြထားသည်။ 

အဆိုပါ အပူပိုင်း မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိပြီးနောက် မေလ ၁၀ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ wunderground.com က မုန်တိုင်းသည် မကြာမီ category 1 အဆင့်သို့ ရောက်ရှိလာမည် ဖြစ်သည်ဟု ခန့်မှန်းထားသည်။

   

Source by :Eleven Media Group
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။