
မြန်မာအစိုးရနှင့် အေးဂျင့်များသို့ မြန်မာအစိုးရနှင့် အေးဂျင့်များသို့ အသိပေးအပ်ပါသည်။
မလေးရှားနိုင်ငံ DUFU (စက်ရုံခွဲ- IPG and Marvel) တို့မှ မြန်မာလုပ်သားများ လာရောက်ခေါ်ယူသည်ဟု ကြားသိရပါတယ်။ အလုပ်သမားများအပေါ် လစာပေးသည်မှာ အလွန်နည်းပါးသည့်အပြင် ခံစားခွင့်များမှာလည်း ယခုနောက်ပိုင်း နည်းပါးလွန်းပါတယ်။
အချိန်ပို ရှိသည်ဟု အင်တာဗျူးတွင် ပြောပြီး ခေါ်ပေမယ့် ရောက်တဲ့အခါ အကြောင်းပြချက်မျိုးစုံဖြင့် ဖြတ်တောက်သည်က များပါတယ်။
ယခု မလေးရှားအစိုးရမှ အခြေခံလစာ ၉၀၀ ရင်းဂစ် သတ်မှတ်ပေးပြီးနောက် Levy ကြေး၊ အာမခံကြေးနှင့် medical check up ဆိုပြီး စုစုပေါင်း ၁၄၀ ရင်းဂစ် ပြန်ဖြတ်ပြီး အခြားခံစားခွင့်များ မပေးပါ။
ထို့ကြောင့် တစ်လကို ၇၆၀ ရင်းဂစ်သာ ရရှိမည် ဖြစ်ပါတယ်။ အလုပ်ချိန်က မနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီထိ ဆင်းရမှာဖြစ်ပြီး အချိန်ပို မပေးတော့ပါ။ ရင်းဂစ် ၇၆၀ မှာ စားသောက်စရိတ်နှင့် တခြားဗာဟီရစရိတ်များ မနုတ်ရသေးပါ။ စားသောက်စရိတ်မှာ တစ်လကို အနည်းဆုံး ၃၀၀ ရင်းဂစ်မှ ၄၀၀ ရင်းဂစ်ကျော် ကုန်ကျပါတယ်။
ဒါကြောင့် အထက်ပါ စက်ရုံသို့ လွှတ်မည့် အေးဂျင့်များ အနေနှင့် မြန်မာလုပ်သားများနှင့် မိသားစုပေါ် စာနာပြီး ထိုကဲ့သို့ လစာမျိုးနှင့် မလွှတ်ပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်။
Source by :https://www.facebook.com/photo.php?fbid=558749517491395&set=a.450488248317523.106984.100000690563459&type=1&theater
0 comments:
Post a Comment