Home » , » အသုံးဝင် Silica Gel အထုပ်လေးများ (ဗဟုသုတ)

အသုံးဝင် Silica Gel အထုပ်လေးများ (ဗဟုသုတ)

Written By မောင်စေတနာ on Thursday, February 7, 2013 | 11:05:00 AM


ကင်မရာ၊ ဖုန်း၊ သားရေဖိနပ် စတဲ့ ပစ္စည်းတွေ ၀ယ်တဲ့အခါ အထဲမှာ Silica Gel လို့ခေါ်တဲ့ အဖြူရောင် အထုပ်လေး တွေတွေ့ ရ တတ်ပါတယ်။ စားမိရင် အန္တရာယ် ရှိတော့ လွှင့်ပစ်တာ များပါတယ်။ ဒါပေမဲ့ သူ့ရဲ့တခြား အသုံးဝင်ပုံ တွေက ရှိနေပါတယ်။ 

အဲဒါတွေကတော့ - - စားစရာနဲ့ အရာဝတ္ထုတွေကို ခြောက်သွေ့ပြီး လတ်ဆတ်နေစေခြင်း၊ - သားရေဖိနပ်၊ ဂျာကင်စတဲ့ သားရေပစ္စည်း တွေကို မှိုတက်ခြင်းမှ ကာကွယ်ပေးခြင်း၊ - လျှပ်စစ် ပစ္စည်းတွေကို အပျက် မြန်စေတဲ့ ရေငွေ့ ပြန်ခြင်း ရန်မှ ကာကွယ်ပေးခြင်း၊ - အားဆေးဗူးတို့၊ သကြားဗူးတို့ကို အစိုပြန်ခြင်းမှ ကာကွယ် ပေးခြင်း၊ - မီးဖိုချောင်သုံး ပစ္စည်းတွေ ဖြစ်တဲ့ ဓါး၊ ကတ်ကြေး စတာတွေကို သံချေးတက်ခြင်းမှ ကာကွယ်ပေးခြင်း စသည့် အသုံးဝင်မှုများ ရှိနေပါတယ်။ 

ကဲ ဒီလောက် အသုံးဝင်တဲ့ ပစ္စည်းကို ဘာဖြစ်လို့များ လွှင့်ပစ် နေဦးမလဲ။ သိမ်းထားပြီး လိုတဲ့အခါ အသုံးချရုံပေါ့။ ထပ်ခါ တလဲလဲသုံးလို့ အစွမ်းပြယ် သွားမှာကိုလဲ စိတ်မပူနဲ့နော်။ မီးအေးအေးလေးနဲ့ ၁နာရီလောက် အပူပေးပြီး အခြောက်ခံ လိုက်ရင် နောက်ထပ်၊ နောက်ထပ် အသုံးပြုလို့ ရပါသေး တယ်ဗျာ။ 

Source by :written by Ne Myae source: lifehacker, image: lifehacker
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။