Home » , » မလေးရှားနိုင်ငံ အီပို့မြို့တွင် မလှလှဝင်း ပျောက်ဆုံးသွားပါအဖြင့် အကူအညီပေးပါရန်

မလေးရှားနိုင်ငံ အီပို့မြို့တွင် မလှလှဝင်း ပျောက်ဆုံးသွားပါအဖြင့် အကူအညီပေးပါရန်

Written By မောင်စေတနာ on Wednesday, February 6, 2013 | 2:20:00 PM

 
သူငယ်ချင်းများ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ကူညီပြီး share ပေးကြပါလို့ ကျွန်တော် မေတ္တာရပ် ခံအပ်ပါသည်၊ ဒီပုံပါသူမ မလှလှဝင်း (မှတ်ပုံ တင်နံပါတ်-၅/ရဥန(နိုင်)၀၂၀၀၇၈. စစ်ကိုင်းတိုင်း ၊ရေဦးမြို့နယ်၊ ရွာသာလေးကျေးရွာ မှသည် မလေးရှားနိုင်ငံသို့ (၃)လပိုင်း၂၀၁၂ ၀န်းကျင် မှရောက်ရှိပါသည်။

သူသည် ဆေးမအောင်သဖြင့် ကျွန်တော်တို့ အီပို့မြို့သို့ အလုပ်ပြောင်း ခဲ့ပါသည်။ အလုပ် မကောင်းလို့ မြန်မာရှိသော (ဧဂျင့်) တခုကို အကူညီ တောင်းခဲ့ပါသည်။ ပြောင်းတော့ ပေးပါသည် နောက်ရက် ဖုန်းကို ခေါ်လို့ မရတော့ပါဘူး (ဧဂျင့်) ကို သွားမေးတော့လဲ အလုပ်ခွင်မှာ ဖုန်း   မပြောရဘူးဆိုပြီး ဖုန်းသိမ်း ထားလို့ လို့ပြောပါတယ် မင်းတို့ အဒေါ် ရှိပါတယ်လို့ပြောပါတယ်။

နောက်ကြာလာတော့ ငါတို့ တွေ့ချင်တယ် ခေါ်ပေးပါလို့ပြောတော့ မအားသေးလို့ ခေါ်ပေး ပါမယ်ပြောပြီး နေ့ရွှေ့ညရွှေ့နှင့် ကျွန်တော်တို့မှာလဲ လက်ထဲမှာ ဘာမှမရှိတော့ ဘာမှလဲ လုပ်လို့မရဘူး ဘာလုပ်ရမှာမှန်းလဲ မသိပါဘူး သူ့တူတစ်ယောက်ဆို ရဲစခန်းကို သွားတိုင်တော့လဲ စကားကလဲ ကာင်းကောင်းမပြောတက်နဲ့ နောက်ပြီး ရဲများနှင့်(ဧဂျင်း)များကလဲ လက်ပေး လက်ယူတွေကလဲရှိ ထားကြတယ်ထင်တယ်။

(ဧဂျင်း)ကို သိရက်သားနှင့်တောင် လိုက်ပြီး မေမြန်း မပေးကြဘူး ... သူမလဲ ဘယ်ရောက်လို့ ရောက်နေမှန်းလဲ မသိတော့ ပါဘူးဗျာ။ နောက်ဆုံး ကျွန်တော်ပြောချင် တာကတော့ မလေးရှား အီပို့မြို့ တစ်ခွင်နှင့် မလေးရှား မည်သည့်နေရာ တွင်မဆို တွေ့ရှိပါက အကြောင်းကြား ပေးကြပါလို့ မေတ္တာ ရပ်ခံအပ်ပါသည် ခင်ဗျာ။ 

ဆက်သွယ် ရမည့်သူများ မလှလှဝင်း ၏ တူ မောင်ကျော်နိုင် ဖုန်းနံပါတ်/0103963336 ညီဖြစ်သူ မောင်ဝေဖြိုး ဖုန်းနံပါတ်/0103979775..ကျွန်တော် ကိုကျော် ဖုန်းနံပါတ်/0165510273...share ပေးကြပါနော်..... ကျေးဇူးတင်ပါသည်။

Source by:https://www.facebook.com/photo.php?fbid=320104471443018&set=a.200567473396719.44272.100003304020567&type=1&theater
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။