Home » , , » ကပုန်းနာရေးကူညီမှုအသင်း (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပပြီးစီး

ကပုန်းနာရေးကူညီမှုအသင်း (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပပြီးစီး

Written By မောင်စေတနာ on Sunday, January 20, 2013 | 8:16:00 PM

  ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှုအသင်း (၂)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား အစီအစဉ်ကိုယနေ့ ၂၀.၁.၂၀၁၃ တနင်္ဂနွေနေ့တွင် ကပုန်းမြို့ DEWAN DATO TAN KIN HOR ခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနား အစီအစဉ်ကို နေ့လည် ၁း၃၀ အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဦးစွာ ကပုန်း(၇)ရက် သားသမီးများ နာရေးကူညီမှုအသင်း ဥက္ကဌဖြစ်သူ ဦးဆန်းဝင်းမှ အဖွင့် အမှာစကားနှင့် နာရေးကူညီမှု ဖြစ်ပေါ်လာပုံနှင့် အသင်းကြီး၏ လုပ်ဆောင်ချက်များ အကျဉ်းကို ပြောကြားခဲ့သည်။ ယင်းနောက် ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှုအသင်းကြီး နယကဆရာတော် သဒ္ဒဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တတိလောကမှ သြဝါဒ စကားပြောကြားခဲ့သည်။ 

ဆက်လက်၍ ကပုန်းဆရာတော်ဘုရားမှ သြဝါဒစကားကို ပြောကြားခဲ့ပြီး ၎င်းနောက် ကပုန်းအသင်းအား ဝေယျာဝစ္စကိစ္စများအား အကူအညီပေးနေသူ တရုတ်သူဌေး Datuk Dr.Richard Tan မှ အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းနောက် Madan Jassica မှအင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘဏ္ဍာရေးမှူး ကိုဇော်ဇော်မှ ဘဏ္ဍာငွေကြေးမှု သုံးစွဲမှု လှူဒါန်းမှု ကုန်ကျမှု အကြောင်းအရာများကို ရှင်းလင်းတင်ပြသွားခဲ့သည်။ 

ယင်းနောက် First Weekly Journal ဂျာနယ် အယ်ဒီတာ ဦးအောင်စိုးသူမှ ပရဟိတနှင့်ပက်သက်သော အကြောင်းအရာများကို ပြောကြားပြီးနောက် ရန်ကုန် နာရေးကူညီမှု အသင်းကြီးမှ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ဒေါ်ရွှေဇီးကွက်)မှ ရန်ကုန်နာရေး အသင်းကြီး စတင်ဖြစ်ပေါ်လာပုံနှင့် အခြားပရဟိတ ကိစ္စများကို ပြောကြားခဲ့ပြီး မလေးရှားနိုင်ငံရောက် ပရဟိတအဖွဲ့အစည်းများအား သိသင့် သိထိုက်သော အကြောင်းအရာများကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ရန်ကုန် နာရေးကူညီမှု အသင်းကြီး၏ ဥက္ကဌဖြစ်သူ ဦးကျော်သူမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။ 

ဦးကျော်သူမှ နာရေးကူညီမှုအသင်း ရန်ကုန်ဖြစ်ပေါ်လာပုံ အကြောင်းများနှင့် အသင်းကြီး၏ လုပ်ဆောင်ချက် များကို ပြောကြားခဲ့ပြီး ရန်ကုန်နာရေးအသင်းကြီး၏ စတင်ဖွင့်ဖြစ်သည့် အချိန်မှ အခုလက်ရှိ အချိန်ထိ ပရဟိတကိစ္စများ လုပ်ဆောင်ချက်များကို ရုပ်သံဆလိုက်ရှိုဖြင့် ပြသခဲ့သည်။ ယင်းနောက် ဦးကျော်သူမှ မလေးရှားနိုင်ငံ အတွင်းရှိ ပရဟိတ အသင်းများအား အဖွဲ့အစည်းများ ဖွဲ့စည်းမှု လုပ်ဆောင်ချက် မှန်ကန်စေရန်အတွက် အသိပေးဆုံးမ ပြောပြသွားသည်။ ယင်းနောက် ဦးကျော်သူအား ပရဟိတကိစ္စများနဲ့ ပက်သက်ပြီး မေးခွန်းများ (၁၁)ခုကို ဖြေကြားပေးခဲ့သည်။ 

ဆက်လက်ပြီး မလေးရှားနိုင်ငံရောက် ရွှေမြန်မာများမှ ရန်ကုန်နာရေးကူ ညီမှုအသင်းကြီးသို့ အလှူငွေပေးအပ် လှူဒါန်းရာ ရာဝမ်းကမ်းဒရီးဟုမ်း မှ၂၅၅၀ ဆင်းရဲနွမ်းပါးသူများအား ကူညီရေးအသင်းမှ အလှူငွေ ၁၀၀၀ ၊ ဓမ္မင်္ကြာအသင်းမှ (စွန်ဂိုင်းပလို့)အလှူငွေ ၁၀၀၀ ၊ ရွှေမြန်မာ စေတနာရှင်များမှ ၁၀၀၀ င်္ကချင် စစ်ဘေးဒုက္ခအတွက်သီးသန့် အလှူငွေ ၁၀၀၀ ၊ ဆူဘန်းမဲဝ ရွှေမြန်မာအသင်းမှ အလှူငွေ ၁၀၀၀ ၊ အလှူရှင် ကိုခင်မောင်ဝင်း ၃၄၅၀ နှင့် စင်္ကာပူဒေါ်လာ ၁၀ ၊ အား ရွှေမြန်မာများ အသီးသီးမှ လာရောက်လှူဒါန်းခဲ့ပါသည်။ ၁၉၅၀၀ အမေရိကန်၅၀ နှင့် စုစုပေါင်း မလေးရှား ရင်းဂစ်(xxxxxx)အား ရန်ကုန်နာရေးကူညီမှုအသင်းကြီး အားလှူဒါန်းခဲ့သည်။ 

ယင်းနောက် ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဌ ဦးဆန်းဝင်းမှ ဦးကျော်သူအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး ဆရာ ဦးအောင်စိုးသူ ၊ (Madan Jassica) ဦးကျော်ဝင်း(လမ်းသစ်ဂျာနယ်) ၊ တို့အား အမှတ်တရနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကပုန်းအသင်းဝင်များအား အမှတ်တရ လက်ဆောင် ပစ္စည်းများကို ချီးမြှင့်ခဲ့သည်။ 

ယင်းနောက် ပီနန် နာရေးကူညီအသင်း ၊ ဒါနကုသလ နာရေးကူညီမှု အသင်း ၊ သက်ကြီးရွှယ်အို စောင့်ရှောက်ရေးအသင်း ၊ စသည်များကို ဦးကျော်သူမှ ယင်းနောက် ရန်ကုန်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ ကပုန်းအသင်းဝင် မလွင်လွင်စိုး ၊ စရင်းစစ် မဝေမာအောင် ၊ အလုပ်အမှုဆောင် မသီသီအောင် ၊ တို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ယင်းနောက် ကပုန်းနာရေးအသင်းကြီးအား အဖက်ဖက်မှ ပါဝင် ကူညီပေးကြသောသူများအား (အတွင်းရေးမှူး) ကိုရဲ (ခေါ်) ကိုရဲလင်းစိုးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဦးကျော်သူနှင့်အတူ ပရဟိတ အဖွဲ့များမှ အမှတ်တရ ဓာတ်ပုံရိုက်ကာ ညနေ ၆ နာရီအချိန်တွင် အခမ်းအနား အစီအစဉ်ကို အောင်ပါစေသီချင်းဖြင့် အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။



နေဇော်လင်း 
Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။